Connect with us

Hi, what are you looking for?

News

ကနီနယ်သို့ ရိက္ခာနှင့်လက်နက်လာပို့သည့် စစ်ကောင်စီယာဥ်တန်း တိုက်ခိုက်ခံရ၊ ၁၅ ဦးခန့်သေဟုဆို

တိုက်ခိုက်မှုကို မင်းကင်းနယ် တောင်တွင်းချောင်ဒေသ၊ ထုံးကြီးကျေးရွာအနီးတွင် ပဒေသာမိုင်းသုံးလုံး၊ လက်နက်ကြီး၊ လက်နက်ငယ် စသည်တို့အသုံးပြုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၁၅ဦးခန့်သေဆုံးသွားသည်ဟု KLG – PDFက ထုတ်ပြန်သည်။

စစ်ကိုင်းတိုင်း ကနီမြို့နယ်သို့ ရိက္ခာနှင့် လက်နက်လာပို့သည့် စစ်ကောင်စီတပ်ယာဥ်တန်းကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ကနီမြို့နယ် ဒေသကာကွယ်ရေးတပ်ဖွဲ့(KLG – PDF)က ယနေ့(ဧပြီ ၃) ထုတ်ပြန်သည်။

ကလေးဝမြို့မှတစ်ဆင့် ကနီမြို့နယ် လာပို့ရွာထိပ်ရှိ စစ်ကောင်စီတပ်၏ ဆက်သွယ်ရေးစခန်းသို့ ကားလေးစီး၊ လူအင်အား ၈၀ခန့်ဖြင့် ရိက္ခာနှင့်လက်နက်လာပို့ပြီးပြန်လာသည့် ယာဥ်တန်းကို ယနေ့ နေ့လယ် ၂နာရီခန့်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

တိုက်ခိုက်မှုကို မင်းကင်းနယ် တောင်တွင်းချောင်ဒေသ၊ ထုံးကြီးကျေးရွာအနီးတွင် ပဒေသာမိုင်းသုံးလုံး၊ လက်နက်ကြီး၊ လက်နက်ငယ် စသည်တို့အသုံးပြုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၁၅ဦးခန့်သေဆုံးသွားသည်ဟု KLG – PDFက ထုတ်ပြန်သည်။

“လက်ရှိစစ်ရေးအခြေအနေအရ စကစတွေဘက်က ငြိမ်နေတယ်။ ကျွန်တော်တို့အဖွဲ့တွေကတော့ မင်းကင်းနယ်ထဲအထိ ဒီကောင်တွေကို လိုက်တိုက်နေတာ”ဟု KLG – PDF မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အထက်ပါတိုက်ခိုက်မှုကို KLG – PDF နှင့်အတူရွှေသမင်မုဆိုး PDF ၊ မင်းကင်းတပ်ရင်း (၂)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် တိုက်ခိုက်မှုအရှိန်မြှင့်လုပ်ဆောင်နေခြင်းကြောင့် လက်နက်ခဲယမ်းများ လိုအပ်ချက်ရှိနေကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးကာလအတွင်းဘက်ပြောင်းခိုလှုံလာတဲ့ အာဏာသိမ်းစစ်တပ် စစ်သား‌တွေ က လက်နက်အလက် ၂၀ ၀န်းကျင်ယူလာခဲ့တယ်လို့ ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း-၂ ၊အမှတ်(၁၀၀၆)တပ်ရင်း ရဲ့တာ၀န်ရှိသူကပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ် မဇောကျေးရွာအုပ်စု တုံးဗျောရွာမှာ တပ်စွဲထားတဲ့ စစ်တပ်ကို ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄)လက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လက်နက် ၄လက် သိမ်းရခဲ့တယ်လို့ KNU မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။