Connect with us

Hi, what are you looking for?

LuduNwayOo

News

ကနီနယ်သို့ ရိက္ခာနှင့်လက်နက်လာပို့သည့် စစ်ကောင်စီယာဥ်တန်း တိုက်ခိုက်ခံရ၊ ၁၅ ဦးခန့်သေဟုဆို

တိုက်ခိုက်မှုကို မင်းကင်းနယ် တောင်တွင်းချောင်ဒေသ၊ ထုံးကြီးကျေးရွာအနီးတွင် ပဒေသာမိုင်းသုံးလုံး၊ လက်နက်ကြီး၊ လက်နက်ငယ် စသည်တို့အသုံးပြုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၁၅ဦးခန့်သေဆုံးသွားသည်ဟု KLG – PDFက ထုတ်ပြန်သည်။

စစ်ကိုင်းတိုင်း ကနီမြို့နယ်သို့ ရိက္ခာနှင့် လက်နက်လာပို့သည့် စစ်ကောင်စီတပ်ယာဥ်တန်းကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ကနီမြို့နယ် ဒေသကာကွယ်ရေးတပ်ဖွဲ့(KLG – PDF)က ယနေ့(ဧပြီ ၃) ထုတ်ပြန်သည်။

ကလေးဝမြို့မှတစ်ဆင့် ကနီမြို့နယ် လာပို့ရွာထိပ်ရှိ စစ်ကောင်စီတပ်၏ ဆက်သွယ်ရေးစခန်းသို့ ကားလေးစီး၊ လူအင်အား ၈၀ခန့်ဖြင့် ရိက္ခာနှင့်လက်နက်လာပို့ပြီးပြန်လာသည့် ယာဥ်တန်းကို ယနေ့ နေ့လယ် ၂နာရီခန့်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

တိုက်ခိုက်မှုကို မင်းကင်းနယ် တောင်တွင်းချောင်ဒေသ၊ ထုံးကြီးကျေးရွာအနီးတွင် ပဒေသာမိုင်းသုံးလုံး၊ လက်နက်ကြီး၊ လက်နက်ငယ် စသည်တို့အသုံးပြုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၁၅ဦးခန့်သေဆုံးသွားသည်ဟု KLG – PDFက ထုတ်ပြန်သည်။

“လက်ရှိစစ်ရေးအခြေအနေအရ စကစတွေဘက်က ငြိမ်နေတယ်။ ကျွန်တော်တို့အဖွဲ့တွေကတော့ မင်းကင်းနယ်ထဲအထိ ဒီကောင်တွေကို လိုက်တိုက်နေတာ”ဟု KLG – PDF မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အထက်ပါတိုက်ခိုက်မှုကို KLG – PDF နှင့်အတူရွှေသမင်မုဆိုး PDF ၊ မင်းကင်းတပ်ရင်း (၂)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် တိုက်ခိုက်မှုအရှိန်မြှင့်လုပ်ဆောင်နေခြင်းကြောင့် လက်နက်ခဲယမ်းများ လိုအပ်ချက်ရှိနေကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။