Connect with us

Hi, what are you looking for?

News

ရှမ်းမြောက်တွင် အင်အား ၇၀ကျော်ပါ စစ်ကောင်စီတပ်ကို KIA ကြားဖြတ်တိုက်ခိုက်

မွန်းလွဲ ၂နာရီခန့်တွင်လည်း မုံးကိုးခရိုင် ဟူဂန်ကျေးရွာတွင် ကိုးကန့်လက်နက်ကိုင်တပ်(MNDAA)နှင့် စစ်ကောင်စီတပ်တို့ ၁နာရီကျော်ကြာ တိုက်ပွဲဖြစ်ခဲ့သည်ဟု KIA သတင်းနှင့် ပြန်ကြားရေးဌာနက ဖော်ပြသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း မုံးဘော်ဒေသ၌ ကချင်လွတ် လပ်ရေးတပ်မတော်(KIA)နှင့် အာဏာသိမ်း စစ်ကောင်စီတပ်တို့ ယနေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KIA သတင်းနှင့် ပြန်ကြားရေးဌာနက သတင်းဖော်ပြသည်။

KIA တပ်မဟာ(၆)၊ တပ်ရင်း(၃၆)နယ်မြေသို့ အင်အား ၇၀ကျော်ဖြင့် ဝင်ရောက်လာသည့် စစ်ကောင်စီတပ် စစ်ကြောင်းကို ဧပြီ ၃ရက် နံနက် ၈နာရီ ၁၅မိနစ်ခန့်တွင် KIAက ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု ဖော်ပြထားသည်။

အဆိုပါတိုက်ပွဲ၌ နှစ်ဖက်ထိခိုက်ကျဆုံးမှု ရှိ၊မရှိ အခြေ အနေကို ဖော်ပြမထားပေ။

မွန်းလွဲ ၂နာရီခန့်တွင်လည်း မုံးကိုးခရိုင် ဟူဂန်ကျေးရွာတွင် ကိုးကန့်လက်နက်ကိုင်တပ်(MNDAA)နှင့် စစ်ကောင်စီတပ်တို့ ၁နာရီကျော်ကြာ တိုက်ပွဲဖြစ်ခဲ့သည်ဟု KIA သတင်းနှင့် ပြန်ကြားရေးဌာနက ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ဖေဖော်ဝါရီ ၁၆ရက်က MNDAA ခေါင်းဆောင် ဦးဖုန်ကြားရှင် ကွယ်လွန်သွားပြီးနောက် မုံးကိုးဒေသ၌ စစ်ရေးအခြေအနေ အနည်းငယ် ငြိမ်သက်ခဲ့ကြောင်း၊ မတ်လ ၂၉ရက်က ၎င်း၏ ဈာပနအခမ်းအနား ပြုလုပ်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က ထိုးစစ်ဆင်မှုများ ပြန်လည်ပြုလုပ်လာ၍ တိုက်ပွဲများ ဖြစ်ပွားနေကြောင်း MNDAA တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။