Connect with us

Hi, what are you looking for?

News

မုံရွာထောင်ညနေခင်းတော်လှန်ရေး

နွေဦးတော်လှန်ရေးမှာ ကြားရသူတိုင်းကြက်သီးထ​စေတဲ့​ကြွေး​ကြော်သံဖြစ်တဲ့ “ဒို့ပြည်သူတွေ ညီရဲ့လားဟေ့ ” ဆိုတဲ့အသံတွေဖြစ်ပါတယ်။

အနီရောင်နယ်မြေလို့ အများသတ်မှတ်ထားတဲ့ မုံရွာနေခင်းက ပုံမှန်ထက်ပို အုံ့မှိုင်းနေပါတယ်။
အရပ်သား၀န်ကြီးချုပ်အပါအ၀င် ပန်ဒါလို့လူသိများတဲ့ ​ကို​ဝေမိုးနိုင် နဲ့နိုင်ငံရေး အကျဥ်းသားတွေကို ထိန်းသိမ်းထားတဲ့ ရုံးကြီးရပ် မှာရှိတဲ့ မုံရွာအကျဥ်းထောင်ကနေ ကျယ်လောင်တဲ့အသံတွေထွက်ပေါ်လာပါတယ်။

နွေဦးတော်လှန်ရေးမှာ ကြားရသူတိုင်းကြက်သီးထ​စေတဲ့​ကြွေး​ကြော်သံဖြစ်တဲ့ “ဒို့ပြည်သူတွေ ညီရဲ့လားဟေ့ ” ဆိုတဲ့အသံတွေဖြစ်ပါတယ်။

ထောင်ထဲက ကျယ်လောင်စွာထွက်ပေါ် လာတဲ့ အသံတွေကို ဖုံးအုပ်စေဖို့ အကြမ်းဖက်စစ်ကောင်စီတပ်က သေနတ်သံ အချက်ပေါင်း များစွာကို ပစ်ခတ်ခဲ့တယ်လို့ အကျဥ်ထောင်အနီးက ရပ်ကွက် တွေမှာ နေထိုင်တဲ့ ကြားရသူတွေက​ပြောပါတယ်။

မုံရွာအကျဥ်းထောင်က ရုံးတွေအများစုရှိတဲ့ မုံရွာမြို့ရဲ့ ရုံးကြီးရပ်ကွက်မှာရှိပါတယ်။ မုံရွာဘောလုံးကွင်းကပ်လျှက်နဲ့ ညစျေးတန်းကို သွားတဲ့ ရုံးကြီးလမ်းမပေါ်မှာတည်ရှိပါတယ်။

Public Service Announcement

Public Service Announcement

ပစ်ခတ်သံတွေကျယ်​လောင်စွာထွက်​ပေါ်လာလာတဲ့အခါ စျေးရောင်းပါးပြီးကွက်ကျားသာဖွင့်တဲ့ ဆိုင်တွေ အလျှင်အမြန်ပိတ်သိမ်းလိုက်ကြပါတယ်။

အချိန်အားဖြင့် ညနေခင်း ၅နာရီကျော်ကျော် ဖြစ်တဲ့အတွက် အလုပ်ပြန် ချိန်ဖြစ်ပါတယ် ဒီသတင်းက မြန်မြန်ပဲမြို့အတွင်းပြန့်သွားပြီး လမ်းမပေါ်က သွားလာသူတွေ အိမ်အပြန် အလုပ်ပြန်ချိန်ကို ခပ်သွက်သွက်ဖြစ်သွားစေပါတယ်။

မုံရွာမှာ စစ်ကောင်စီက နေရာခွဲပြီး လုံခြုံရေးအတွက် မြို့တော်ခန်းမ ဆည်မြောင်းရုံး နဲ့ ကျောက္ကာလမ်းမပေါ်က မြ၀တီနယ်မြေ ရုံးလို့ လူသိများတဲ့ အဓိကနေရာတွေမှာ တပ်ဖြန့်ထားပါတယ်။
မုံရွာထောင်ကသတင်းတွေ ထွက်ပေါ် အပြီးမှာ စစ်​ကောင်စီရဲ့ပွိင့်ကား ၊ရဲကားတွေနဲ့ မီးသတ်ကားတွေ ထောင်ဘက်ကိုအမြန်မောင်းသွားတာကို မြို့ခံတွေ မြင်တွေ့ခဲ့ရပါတယ်။

အဲဒီ​နောက်မှာနောက်ထောင်အတွင်းမှ ပစ်ခတ်မှုတွေနဲ့ ပေါက်ကွဲသံလိုမျိုး အသံတွေ ကြားရတယ်လို့ မြို့ခံတွေက လူမှုကွန်ယက်စာမျက်နှာတွေမှာ မျှ​​ဝေကြပါတယ်။

“ဒီအသံတွေကြားရတာ စိုးရိမ်တယ် ။အထဲမှာအဖမ်းခံထားရသူတွေကပြေးစရာမြေလဲမရှိဘူး အဆင်ပြေပါစေပဲဆုတောင်းတယ်” စိုးရိမ် စိတ်အပြည့်နဲ့ လမ်းမပေါ်မှာ အခြေအနေအကဲ ခတ်နေတဲ့ အမျိုးသမီးတစ်ဦးကဖွင့်ဟပါတယ်။

ဒါ​ပေမယ့် သူ့ဆု​တောင်းမပြည့်ပါဘူး။အစစ်​ကောင်စီတပ်က အကြမ်းဖက်ပစ်ခတ်မှု​ကြောင့် ​ထောင်အတွင်းက အကျဥ်းသား ၁ ဦးကျဆုံးပြီး ၅ ဦးဒဏ်ရာရရှိတယ်လို့ကနဦးသတင်းရရှိပါတယ်။ဒါ​ပေမယ့် ကျဆုံးသူနဲ့ ဒဏ်ရာရသူ​တွေဟာဘယ်သူ​တွေလဲ ဆိုတာ​တော့ မသိ့ရ​သေးပါဘူး။

မုံရွာထောင်ထဲမှာ ထောင်အတွင်းဆန္ဒထုတ်ဖော်တာ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ အရင်ကလည်း ထောင်အတွင်းက နိုင်ငံရေးသားတွေက ဖိနှိပ်မှုတွေကို တော်လှန်ခဲ့ ဖူးပါတယ်။ထောင်အတွင်းဆန္ဒထုတ်ဖော်မှုတွေအပြီး အသံတွေ တိတ်ဆိတ်သွားပြီး နောက် မုံရွာမြို့ ရဲ့ အဓိက လမ်းမတွေမှာလဲ သွားလာသူတွေ တိတ်ဆိတ်သွားပါတယ်။

ပေါက်ကွဲသံတွေကတော့ ဆက်တိုက်ဆိုသလိုဆူညံခဲ့တယ်လို့ မုံရွာမြို့ခံတွေက ဆိုပါတယ်။ထောင်အတွင်းဆန္ဒထုတ်ဖော်မှုတွေကို တန်ပြန် တဲ့ အနေနဲ့ မြို့ခံတွေအနေ နဲ့ ရောက်ရာ နေရာက နေအိမ်ပြန်ကြဖို့ မုံရွာ အခြေစိုက် PDFအဖွဲ့ တွေက ဆက်တိုက်ဆိုသလို ထုတ်ပြန်ချက်တွေ ထွက်ပေါ်လာပါတယ်။

အဲ့ဒီထုတ်ပြန်ချက်တွေအပြီးမှာ မုံရွာရဲ့ နေရာစုံအနှံ့မှာ စစ်ကောင်စီတပ်တွေ စစ်ဆေးမှု တွေ တင်းကြပ်လာတယ်လို့ သွားလာနေကြတဲ့ မြို့ ခံတွေက လူမှုကွန်ယက်တွေမှာ မျှ​​ဝေပါတယ်။

မြို့ထဲလမ်းမတွေပေါ်မှာလဲ အရင်ကမတွေ့ဖူးတဲ့ ဆိုင်ကယ် နှစ်ယောက်ပိုးနဲ့ သေနတ်တွေ ကိုင်ထားတဲ့ ရဲစစ်သား တွေကိုတွေ့ရတယ်လို့ မြို့ခံတွေကပြောပါတယ်။

ဆိုင်ကယ်နှစ်ယောက်ပိုးစီးရင် အရေးယူမယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားသလို နှစ်ယောက်ပိုးစီးလို့ သေနတ်နဲ့ပစ်ခတ်ခံရတာတွေ ဒူးထောက်ခိုင်းပြီး အပစ်ပေးတာတွေ မုံရွာမှာ ဖြစ်ခဲ့ပါတယ်။

ဒီလိုစစ်​ကောင်စီတပ်​တွေက မြို့ထဲ​ခြေခြုပ်ပြီး လုံခြုံ​ရေးမြှင့်ထားတဲ့ကြားကပဲ မြို့ပြ​ပြောက်ကျားတပ်ဖွဲ့​တွေက ​ထောင်တွင်းဆန္ဒပြတဲ့အကျဥ်းသား​တွေအ​ပေါ် အကြမ်းဖက်မှုကိုတုံ့ပြန်တဲ့အ​နေနဲ့ စစ်​ကောင်စီတပ်​​တွေရှိတဲ့​နေရာအနှံမှာ ဗုံး​တွေ​ဖောက်ခွဲ တုံ့ပြန်ခဲ့ကြပါတယ်။ ​ထောင်အတွင်းဆန္ဒပြတာကို အကြမ်းဖက်တဲ့စစ်​ကောင်စီတပ်ကို တုံ့ပြန်တဲ့အ​နေနဲ့Peoples Defence Force South Monywa နဲ့ Black Dragon Special Task Force ​တွေက ဗိုလ်တေဇလမ်း၊ အောင်သပြေလမ်း၊ မန်ကျည်းအုပ်ကျောင်းအနီး၊ အမှတ်၂ စခန်းအနီး၊ ရေကူးကန်လမ်းနဲ့ ဘိုးဘွားရိပ်သာအနီးတို့မှာလက်ပစ်တစ်လုံးစီ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

အမိ​မြေ​တော်လှန်​ရေးအဖွဲ့နဲ Peacock Revolution Force အဖွဲ့ တို့ကလည်း မုံရွာမြို့တစ်​နေရာမှာ ​ဗုံး​ဖောက်ခွဲခဲ့သလို ၊ DRPAအဖွဲ့ကလည်း ​ဖောက်ခွဲလက်တုန့်ပြန်ခဲ့တယ်လို့ထုတ်ပြန်တာ​တွေ့ရပါတယ်။ ဒါအပြင် အမိ​မြေ​တော်လှန်​ရေးအဖွဲ့နဲ့ Hunter အဖွဲ့ ၊Young People Force (YPF)တို့ကပူး​ပေါင်းပြီး​တော့​ဖောက်ခွဲတိုက်ခိုက်မှု​တွေပြုလုပ်ခဲ့သလို ၊ ဗိုလ်ဒဿ၊ဗိုလ်တိုက်ဂါး ၊ MSDDK Kin Zo အဖွဲ့တို့ကလည်း ​ဖောက်ခွဲပစ်ခတ်တိုက်ခိုက်မှု​တွေပြုလုပ်ခဲ့ပါတယ်။

နွေးဦးတော်လှန်ရေးမှာ တက်ကြွတဲ့ မုံရွာက တက်ကြွသူတွေက ဖမ်းဆီးခံထားရပေမယ့် ဧပြီလဆန်း ညနေခင်းမှာပဲ အသံတွေ ကျယ် လောင်စွာပြန်ထွက်လာခဲ့တာဖြစ်ပါတယ်။

​ထောင်အပြင်က မုံရွာနွေဦး ညနေခင်းကလည်း သေနတ်သံ ပေါက်ကကွဲသံတွေပြန်ညံခဲ့ပါပြီ။ လူ​တွေကိုသာ ဖမ်းဆီးချုပ်ခြယ်လို့ရမယ်အမှန်တရားမြတ်နိုးတဲ့ ​တော်လှန်​ရေးစိတ်ဓါတ်​တွေကို​တော့ဘယ်အရာကမှ ချုပ်ခြယ်လို့မရဘူးဆိုတာ

မုံရွာ​ထောင်အတွင်းက ဆန္ဒထုတ်​ဖော်သူ​တွေကသာဓကပြလိုက်တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဒီကနေ့ ဩဂုတ် ၂ရက် ညနေပိုင်းက ကားဆီတန်းပြန်လာတဲ့ လူငယ် အပါအဝင် ၁၃ ဦးထက်မနည်းကို စစ်တပ်က ရိုက်နှက်ပေါ်တာဆွဲသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က သစ်ညိုပင်ကျေးရွာဘုန်းကြီးကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၁၂ ဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းအပါအဝင် ပျက်စီးမှုတွေ ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

မေးမြန်းခန်း

■ဆလိုင်းထက်နီနဲ့ မေးမြန်းခန်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ချင်းအမျိုးသားတပ်ဦး(CNF)တို့ဖြင့်ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ဟာ လတ်တလောမှာ တော်လှန်ရေးအင်အားစုတွေကို ဆက်တိုက် တွေ့ဆုံဆွေးနွေး​နေပါတယ်။ SCEFအဖွဲ့ဝင်ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သလို ၊SCEF ရဲ့အတွင်း​ရေးမှူးအဖွဲ့ဝင် ဆလိုင်းထက်နီကို ဆက်သွယ်ပြီး လတ်တလော တွေ့ဆုံဆွေးနွေးမှု​တွေအ​ကြောင်း၊CNFအပါအဝင် ချင်းဒေသကာကွယ်ရေးတပ်(CDF) တွေနဲ့ စုဖွဲ့ထားတဲ့...

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာအကျဥ်းထောင်မှာ အာဇာနည်​နေ့က ၁မိနစ်ငြိမ်လို့ဆိုပြီး နိုင်ငံရေးအကျဥ်းသားတွေကို စစ်တပ်က ခေါ်ထုတ်သွားကြောင်း နွေဦးနိုင်ငံရေးအကျဥ်းသားများ အစည်းအရုံးရဲ့ ဦးဆောင်ကော်မတီဝင် ကိုရှင်းသန့်က ပြောပါတယ်။