Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ်က တပ်မဟာ ၅ ထဲမှာ လေယာဉ်နဲ့ထောက်လှမ်းမှုတွေလုပ်နေ

ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်ကလည်း မဲဝိုင်ဒေသကို လာရောက်ထောက်လှမ်းခဲ့တဲ့ စစ်ကောင်စီရဲ့လေယာဉ်သုံးစီးကို KNLA တပ်မဟာ ၅ က ပစ်ခတ်ခဲ့လို့ ရဟတ်ယာဉ်တစ်စီးထိမှန်ပြီး လေတပ်ဌာနချုပ်ကိုပြန်လည်ရောက်ရှိချိန်မှာတော့ စက်ချို့ယွင်းပျက်စီးတာတွေ ဖြစ်ခဲ့သေးတာ ဖြစ်ပါတယ်

စစ်ကောင်စီက မကြာခဏလေကြောင်းတိုက်ခိုက်နေတဲ့ ကေအဲန်ယူထိန်းချုပ်နယ်မြေ ဖာပွန်ခရိုင် တပ်မဟာ ၅ ထဲမှာ ဒီကနေ့မှာလည်း လေယာဉ်နဲ့ လာရောက်ထောက်လှမ်းမှုတွေ လုပ်ခဲ့တယ်လို့ မူတြော်သတင်းစဉ်က ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒီကနေ့ ဧပြီ ၃ ရက် မွန်းလွဲပိုင်း ၁ နာရီခွဲအချိန်က စစ်ကောင်စီရဲ့ လေယာဉ်တစ်စီးဟာ ဖာပွန်ခရိုင် မဲဝိုင်ဒေသကို လာရောက်ထောက်လှမ်းမှုခဲ့ပြီး ညနေ ၅ နာရီကျော်မှာလည်း နောက်ထပ်တစ်ကြိမ် လာရောက်ထောက်လှမ်းခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်ကလည်း မဲဝိုင်ဒေသကို လာရောက်ထောက်လှမ်းခဲ့တဲ့ စစ်ကောင်စီရဲ့လေယာဉ်သုံးစီးကို KNLA တပ်မဟာ ၅ က ပစ်ခတ်ခဲ့လို့ ရဟတ်ယာဉ်တစ်စီးထိမှန်ပြီး လေတပ်ဌာနချုပ်ကိုပြန်လည်ရောက်ရှိချိန်မှာတော့ စက်ချို့ယွင်းပျက်စီးတာတွေ ဖြစ်ခဲ့သေးတာ ဖြစ်ပါတယ်။

ဒါ့အပြင် မနေ့ ဧပြီ ၂ ရက် မွန်းလွဲပိုင်း ၁ နာရီခွဲအချိန်က စစ်ကောင်စီရဲ့လေယာဉ်နှစ်စီးဟာ ဖာပွန်မြို့လေယာဉ်ကွင်း ဆင်းသက်လာခဲ့ပြီး အဆိုပါလေယာဉ်တွေဟာ တိုင်းစစ်ဌာနချုပ်ထံ မွမ်းမံသင်တန်းပြန်လည်တက်ရောက်ဖို့ရှိတဲ့ စစ်ကောင်စီတပ်မှူး နှစ်ဦးကို လာရောက်သယ်ဆောင်တာဖြစ်တယ်လို့ တပ်မဟာ ၅ က ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

ဧပြီ ၂ ရက် မနက် ၉ နာရီအချိန်ခန့်က KNLA တပ်မဟာ ၅ က ဆင်စွယ်တံတား၀မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို တစ်ကြိမ်၊ ၉ နာရီကျော်အချိန်က နိုဃဲကလိုးတံတားမှာ လမ်းကင်းလုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်ကို တစ်ကြိမ်၊ စီဒေးဒေသ ထီးနေခီးမှာ တစ်ကြိမ် စုစုပေါင်းသုံးကြိမ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က နှစ်ဦးသေဆုံးသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မလေးရှားက လေဆိပ်တစ်ခုကို ဆင်းသက်လာတဲ့ ခရီးသည်တင် လေယာဉ်ရဲ့ ဘီးအိမ်ထဲမှာ အမည်မသိ အလောင်းတစ်လောင်းကို ရှာတွေ့ခဲ့ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ကမ်းဖြူကျေးရွာကို စစ်သင်္ဘောတွေ လုံခြုံရေးလိုက်ပေးတဲ့ လေယာဉ်က ဗုံးကြဲခဲ့တာကြောင့် စစ်ရှောင် အမျိုးသား ၁ဦး သေဆုံးကာ ၃ဦး ပြင်းထန် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်