Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်ကောင်စီတပ်က တပ်မဟာ ၅ ထဲမှာ လေယာဉ်နဲ့ထောက်လှမ်းမှုတွေလုပ်နေ

ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်ကလည်း မဲဝိုင်ဒေသကို လာရောက်ထောက်လှမ်းခဲ့တဲ့ စစ်ကောင်စီရဲ့လေယာဉ်သုံးစီးကို KNLA တပ်မဟာ ၅ က ပစ်ခတ်ခဲ့လို့ ရဟတ်ယာဉ်တစ်စီးထိမှန်ပြီး လေတပ်ဌာနချုပ်ကိုပြန်လည်ရောက်ရှိချိန်မှာတော့ စက်ချို့ယွင်းပျက်စီးတာတွေ ဖြစ်ခဲ့သေးတာ ဖြစ်ပါတယ်

စစ်ကောင်စီက မကြာခဏလေကြောင်းတိုက်ခိုက်နေတဲ့ ကေအဲန်ယူထိန်းချုပ်နယ်မြေ ဖာပွန်ခရိုင် တပ်မဟာ ၅ ထဲမှာ ဒီကနေ့မှာလည်း လေယာဉ်နဲ့ လာရောက်ထောက်လှမ်းမှုတွေ လုပ်ခဲ့တယ်လို့ မူတြော်သတင်းစဉ်က ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒီကနေ့ ဧပြီ ၃ ရက် မွန်းလွဲပိုင်း ၁ နာရီခွဲအချိန်က စစ်ကောင်စီရဲ့ လေယာဉ်တစ်စီးဟာ ဖာပွန်ခရိုင် မဲဝိုင်ဒေသကို လာရောက်ထောက်လှမ်းမှုခဲ့ပြီး ညနေ ၅ နာရီကျော်မှာလည်း နောက်ထပ်တစ်ကြိမ် လာရောက်ထောက်လှမ်းခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်ကလည်း မဲဝိုင်ဒေသကို လာရောက်ထောက်လှမ်းခဲ့တဲ့ စစ်ကောင်စီရဲ့လေယာဉ်သုံးစီးကို KNLA တပ်မဟာ ၅ က ပစ်ခတ်ခဲ့လို့ ရဟတ်ယာဉ်တစ်စီးထိမှန်ပြီး လေတပ်ဌာနချုပ်ကိုပြန်လည်ရောက်ရှိချိန်မှာတော့ စက်ချို့ယွင်းပျက်စီးတာတွေ ဖြစ်ခဲ့သေးတာ ဖြစ်ပါတယ်။

ဒါ့အပြင် မနေ့ ဧပြီ ၂ ရက် မွန်းလွဲပိုင်း ၁ နာရီခွဲအချိန်က စစ်ကောင်စီရဲ့လေယာဉ်နှစ်စီးဟာ ဖာပွန်မြို့လေယာဉ်ကွင်း ဆင်းသက်လာခဲ့ပြီး အဆိုပါလေယာဉ်တွေဟာ တိုင်းစစ်ဌာနချုပ်ထံ မွမ်းမံသင်တန်းပြန်လည်တက်ရောက်ဖို့ရှိတဲ့ စစ်ကောင်စီတပ်မှူး နှစ်ဦးကို လာရောက်သယ်ဆောင်တာဖြစ်တယ်လို့ တပ်မဟာ ၅ က ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

ဧပြီ ၂ ရက် မနက် ၉ နာရီအချိန်ခန့်က KNLA တပ်မဟာ ၅ က ဆင်စွယ်တံတား၀မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို တစ်ကြိမ်၊ ၉ နာရီကျော်အချိန်က နိုဃဲကလိုးတံတားမှာ လမ်းကင်းလုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်ကို တစ်ကြိမ်၊ စီဒေးဒေသ ထီးနေခီးမှာ တစ်ကြိမ် စုစုပေါင်းသုံးကြိမ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က နှစ်ဦးသေဆုံးသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။