Connect with us

Hi, what are you looking for?

News

ပလက်ဝမြို့နယ် ဆမီးမြို့အဝင်ဂိတ်အား ချင်းပူးပေါင်းတပ် ဝင်တိုက်ရာ စစ်ကောင်စီတပ် ​ခြောက်ဦးသေ

လက်နက်ကြီးလက်နက်ငယ်များဖြင့် အပြန်အလှန် ထိတွေ့ပစ်ခတ်ကြရာ စစ်ကောင်စီတပ်မှ ​ခြောက်ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိကြောင်း၊ ပလက်၀ CDFနှင့် CNA တို့ဘက်မှ အထိအခိုက်မရှိလုံခြုံစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

(ပလက်ဝ CDF တပ်သားများကို ​တွေ့ရစဥ်)

ချင်းပြည်နယ် ပလက်၀မြို့နယ် ဆမီးမြို့ အဝင်ဂိတ်ကို ယမန်နေ့ညက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိခဲ့သည်ဟု ပလက်၀ဒေသခံတစ်ဦးက ပြောသည်။

“ကျွန်တော်တို့လည်း မနေ့ညကတည်းကကြားထားပြီးသားပါ။ ဖြစ်စဉ်ကတော့ အဲဒီ ဆမီးမြို့အဝင်ဂိတ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေရှိတယ်။ အဲဒါကို CDF ပလက်၀နဲ့ CNA နဲ့ ပေါင်းပြီးတိုက်ခိုက်တာပေါ့။ ကြာချိန်က ခန့်မှန်းခြေ နာရီဝက်လောက်ရှိတယ်။ ထိခိုက်မှုကတော့ စစ်ကောင်စီဘက်က ရှိတယ်။ လက်နက်ကြီးတွေသုံးတော့လေ” ဟု ၎င်းက ​ပြောသည်။

အဆိုပါ ဖြစ်စဉ်ကို ပလက်၀ ချင်းဒေသကာကွယ်ရေးတပ်(CDF)က သတင်းထုတ်ပြန်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ​ခြောက်ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့သည်ဟု ဖော်ပြထားသည်။

ဧပြီ ၃ရက် ည ၈နာရီခွဲတွင်ပြုလုပ်ခဲ့သည့် အဆိုပါ တိုက်ခိုက်မှုကို ချင်းအမျိုးသားတပ်မတော်(CNA)နှင့် ပလက်၀ CDF ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

လက်နက်ကြီးလက်နက်ငယ်များဖြင့် အပြန်အလှန် ထိတွေ့ပစ်ခတ်ကြရာ စစ်ကောင်စီတပ်မှ ​ခြောက်ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိကြောင်း၊ ပလက်၀ CDFနှင့် CNA တို့ဘက်မှ အထိအခိုက်မရှိလုံခြုံစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

ပလက်၀ CDF အနေဖြင့် ယခင်ကလည်း မတူပီ – ပလက်၀လမ်း ဆမီးဒေသ၌ စစ်ကောင်စီတပ်များကို ခုခံတိုက်ခိုက်မှု အချို့ပြုလုပ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။