Connect with us

Hi, what are you looking for?

LuduNwayOo

News

ပလက်ဝမြို့နယ် ဆမီးမြို့အဝင်ဂိတ်အား ချင်းပူးပေါင်းတပ် ဝင်တိုက်ရာ စစ်ကောင်စီတပ် ​ခြောက်ဦးသေ

လက်နက်ကြီးလက်နက်ငယ်များဖြင့် အပြန်အလှန် ထိတွေ့ပစ်ခတ်ကြရာ စစ်ကောင်စီတပ်မှ ​ခြောက်ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိကြောင်း၊ ပလက်၀ CDFနှင့် CNA တို့ဘက်မှ အထိအခိုက်မရှိလုံခြုံစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

(ပလက်ဝ CDF တပ်သားများကို ​တွေ့ရစဥ်)

ချင်းပြည်နယ် ပလက်၀မြို့နယ် ဆမီးမြို့ အဝင်ဂိတ်ကို ယမန်နေ့ညက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိခဲ့သည်ဟု ပလက်၀ဒေသခံတစ်ဦးက ပြောသည်။

“ကျွန်တော်တို့လည်း မနေ့ညကတည်းကကြားထားပြီးသားပါ။ ဖြစ်စဉ်ကတော့ အဲဒီ ဆမီးမြို့အဝင်ဂိတ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေရှိတယ်။ အဲဒါကို CDF ပလက်၀နဲ့ CNA နဲ့ ပေါင်းပြီးတိုက်ခိုက်တာပေါ့။ ကြာချိန်က ခန့်မှန်းခြေ နာရီဝက်လောက်ရှိတယ်။ ထိခိုက်မှုကတော့ စစ်ကောင်စီဘက်က ရှိတယ်။ လက်နက်ကြီးတွေသုံးတော့လေ” ဟု ၎င်းက ​ပြောသည်။

အဆိုပါ ဖြစ်စဉ်ကို ပလက်၀ ချင်းဒေသကာကွယ်ရေးတပ်(CDF)က သတင်းထုတ်ပြန်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ​ခြောက်ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့သည်ဟု ဖော်ပြထားသည်။

ဧပြီ ၃ရက် ည ၈နာရီခွဲတွင်ပြုလုပ်ခဲ့သည့် အဆိုပါ တိုက်ခိုက်မှုကို ချင်းအမျိုးသားတပ်မတော်(CNA)နှင့် ပလက်၀ CDF ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

လက်နက်ကြီးလက်နက်ငယ်များဖြင့် အပြန်အလှန် ထိတွေ့ပစ်ခတ်ကြရာ စစ်ကောင်စီတပ်မှ ​ခြောက်ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိကြောင်း၊ ပလက်၀ CDFနှင့် CNA တို့ဘက်မှ အထိအခိုက်မရှိလုံခြုံစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

ပလက်၀ CDF အနေဖြင့် ယခင်ကလည်း မတူပီ – ပလက်၀လမ်း ဆမီးဒေသ၌ စစ်ကောင်စီတပ်များကို ခုခံတိုက်ခိုက်မှု အချို့ပြုလုပ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

RCSSသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တစ်ကြိမ်မျှ မတိုက်ခိုက်ခဲ့ဘဲ ၊အာဏာသိမ်းစစ်​ကောင်စီနှင့် အမြဲတွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။