Connect with us

Hi, what are you looking for?

LuduNwayOo

News

BIMSTEC ထိပ်သီးညီလာခံသို့ အကြမ်းဖက်စစ်ကောင်စီအား တက်ရောက်ခွင့်ပြုခြင်းကို India For Myanmar အပြင်းအထန် ကန့်ကွက်

မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက်စစ်ကောင်စီသည် လူမျိုးသုဉ်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ပြစ်မှုများစွာ၏ တရားခံဖြစ်ပြီး နိုင်ငံရေးအစုအဖွဲ့၊ နိုင်ငံ့ဦးဆောင်အဖွဲ့အစည်းမဟုတ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ပြီးခဲ့သည့် (၅)ကြိမ်မြောက် BIMSTEC ထိပ်သီးညီလာခံတွင် အကြမ်းဖက်စစ်ကောင်စီကို ဖိတ်ကြားတက်ရောက်စေခဲ့သော BIMSTEC အဖွဲ့ဝင်နိုင်ငံများ၏ လုပ်ရပ်မှာ ရွံရှာဖွယ်ကောင်းပြီး အပြင်းထန်ဆုံးသောစကားလုံးများဖြင့် ကန့်ကွက်ရှုတ်ချကြောင်း India For Myanmar က ယမန်နေ့တွင် ထုတ်ပြန်သည်။

မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက်စစ်ကောင်စီသည် လူမျိုးသုဉ်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ပြစ်မှုများစွာ၏ တရားခံဖြစ်ပြီး နိုင်ငံရေးအစုအဖွဲ့၊ နိုင်ငံ့ဦးဆောင်အဖွဲ့အစည်းမဟုတ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ထိပ်သီးညီလာခံသို့ အကြမ်းဖက်စစ်ကောင်စီကို တက်ရောက်ခွင့်ပြုခြင်းသည် BIMSTEC အဖွဲ့ဝင်နိုင်ငံများက စစ်ကောင်စီ၏ အကြမ်းဖက်၊ လူသတ်၊ မီးရှို့၊ မုဒိန်းကျင့် စသည့် ကျူးလွန်မှုများနှင့် အဓမ္မအာဏာသိမ်းလိုသည့် လုပ်ရပ်အား ထောက်ခံလိုက်ခြင်းဖြစ်သည်ဟု India For Myanmar က ဆိုသည်။

ယင်းသို့ စစ်ကောင်စီကို ထောက်ခံလိုက်ခြင်းသည် မြန်မာသာမက ကမ္ဘာ့ဒီမိုကရေစီ လှုပ်ရှားမှုများနှင့် လူ့အခွင့်အရေးတိုက်ပွဲများကို စော်ကားစိန်ခေါ်လိုက်ခြင်းဖြစ်ပြီး အိန္ဒိယအပါအဝင် BIMSTEC အဖွဲ့ဝင်နိုင်ငံများ၏ မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုအပေါ် ထိခိုက်စော်ကား၊ မျက်ကွယ်ပြု သည့် လုပ်ရပ်များကို India For Myanmar နှင့် တော်လှန်ရေးအင်အားစုများက မှတ်တမ်းတင် ထားမည်ဟု ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အကြမ်းဖက် စစ်ကောင်စီ၏ အပြစ်မဲ့ ပြည်သူများအပေါ် အကြမ်းဖက်သတ်ဖြတ်သည့် စက်ဆုပ်ဖွယ် လုပ်ရပ်သည် စစ်ရာဇဝတ်မှုကို ကျူးလွန်ချိုးဖောက်ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၌ လူဦးရေ အနည်းဆုံးဖြစ်သည့် ချင်းလူမျိုးများအပေါ် အစုလိုက်၊ အပြုံလိုက် သတ်ဖြတ်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

သတင်း

ဒီဇင်ဘာ ၁၄-၁၅ ရက်များက ဘရပ်စဲလ်၌ ကျင်းပခဲ့သော EU-ASEAN ထိပ်သီးညီလာခံတွင် စစ်ကောင်စီ၏ အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်ရန် တောင်းဆိုခဲ့ပြီး အာဆီယံ၏ တူညီဆန္ဒ ငါးရပ်အကောင်အထည်ဖော် အီးယူက ဆက်လက်အားပေးထောက်ခံကြောင်း ကြေညာခဲ့သည်။

သတင်း

အလှည့်ကျဥက္ကဌကမ္ဘောဒီးယားသည် မြန်မာနိုင်ငံမှ နိုင်ငံရေးနှင့်မသက်ဆိုင်သောကိုယ်စားလှယ်ကိုသာ တက်ရောက်ရန် ဖိတ်ကြားမည်ဟု ဆိုသည်။

သတင်း

ကျောင်းအဆောက်အအုံနံရံများ နေရာအနှံ့ ဟောင်းလောင်းပေါက်ဖြစ်သွားခြင်း၊ ကျောင်းခေါင်မိုးနှင့် အုတ်ရေကန်၌ ​ကျည်ရာအများအပြား ထိမှန်ထားခြင်းများ တွေ့ရှိထားသည်။