Connect with us

Hi, what are you looking for?

LuduNwayOo

News

ဥက္ကံမြို့မှ ပျူစောထီးအဖွဲ့ခေါင်းဆောင် ပစ်ခတ်ခံရ

ဧပြီ ၃ရက် နံနက် ၈နာရီခန့်တွင် ပြည်သူလူထု၏ တိုင်ကြားချက်အရ ဥက္ကံမြို့နယ် ပျူစောထီးအဖွဲ့ခေါင်းဆောင် ပြောင်ကြီး (ခ)စိုးမိုးအောင်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဇက်ပိုးအားကျည်ထိမှန်ပြီး အရေးပေါ်အ‌ခြေအနေဖြင့် ဆေးရုံတင်လိုက်ရကြောင်း ACPLF က ထုတ်ပြန်သည်။

People's Spring
People's Spring

ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ် ဥက္ကံမြို့မှ ပျူစောထီးအဖွဲ့ခေါင်းဆောင်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အာဏာသိမ်းဆန့်ကျင်ရေးနှင့်ပြည်သူ့လွတ်မြောက် ရေးအဖွဲ့ (ACPLF)က အသိ​ပေးသည်။

ဧပြီ ၃ရက် နံနက် ၈နာရီခန့်တွင် ပြည်သူလူထု၏ တိုင်ကြားချက်အရ ဥက္ကံမြို့နယ် ပျူစောထီးအဖွဲ့ခေါင်းဆောင် ပြောင်ကြီး (ခ)စိုးမိုးအောင်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဇက်ပိုးအားကျည်ထိမှန်ပြီး အရေးပေါ်အ‌ခြေအနေဖြင့် ဆေးရုံတင်လိုက်ရကြောင်း ACPLF က ထုတ်ပြန်သည်။

“ပြောင်ကြီး ခေါ် စိုးမိုးအောင်သည် အာဏာလုစစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ဥက္ကံမြို့နေ ပြည်သူလူထုထံမှ ငွေကြေးများမတရားကောက်ခံခြင်း၊ ၎င်းနှင့်မတည့်သူများ၊ ငွေကြေးပြည့်စုံသူများကို အမှုဆင်လိမ်လည်တိုင်ကြားကာ ဖမ်းဆီးစေခြင်း၊ ငွေညှစ်ခြင်း၊ အပြစ်မဲ့ပြည်သူများအပေါ် လက်နက်ပြအနိုင်ကျင့်ခြင်း၊ လူငယ်အချို့အားဖမ်းဆီးစေခြင်းများ ပြုလုပ်ခဲ့ကာ ၎င်းကြောင့် ဒုက္ခရောက်ရသူမိသားစုများ၊ ဖမ်းဆီးခံရသူများ ဥက္ကံမြို့တွင် အတော်များပြားလာခဲ့ပြီဖြစ်သော ကြောင့် ကျွန်ုပ်တို့အနေဖြင့် ယခုကဲ့သို့ အရေးယူခဲ့ရခြင်းဖြစ်ပြီး ဥက္ကံမြို့တွင် ကျန်ရှိနေသေး ၎င်း၏ အပေါင်းအပါများကိုလည်း ဆက်လက်အရေးယူသွားဦးမည်ဖြစ်ကြောင်း ပြည်သူလူထုအား အသိပေးတင်ပြအပ်ပါသည်”ဟု ACPLF က ထုတ်ပြန်သည်။

ယင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ အပြစ်မဲ့ပြည်သူ ၁၀ဦးခန့်ကို အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးထားကြောင်း ယင်းအဖွဲ့မှတာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

“အရင်ဆုံးပြောင်ကြီးလဲနေတာကို သတင်းပေးတဲ့လူ နှစ်ယောက်ကိုစစ်ဖို့ခေါ်သွားတယ်၊နောက်ဆက်တွဲအနေနဲ့ အခင်းဖြစ်တဲ့ရပ်ကွက် (အောင်ရတနာရပ်ကွက်)ထဲက အပြစ်မဲ့ပြည်သူ ၁၀ခန့်ကို ရဲစခန်းခေါ်သွားပါတယ်၊ ဖမ်းတာလား၊ ခေါ်စစ်တာလားမသိရသေးဘူး”ဟု ၎င်းက ​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဆက်လက်၍ LLPDF အနေဖြင့် ပျူစောထီးစာရင်း၀င် သောင်းကျန်းသူများအား အလျဉ်း သင့်သလို တိုက်ခိုက်ရှင်းလင်းသွားမည်ဖြစ်ပြီး အသက်မဆုံးရှူံးလိုပါက လက်နက်နှင့်တ ကွ‌ လောင်းလုံး(ပကဖ)ထံ အလင်း၀င်ရောက်နိုင်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

သတင်း

စစ်ကောင်စီယန္တရားတွင် ဆက်လက်ပါဝင်နေသူများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ အချိန်မီဆင်ခြင်ရန်နှင့် စစ်မှုထမ်းကိစ္စ ဆောင်ရွက်ပေးနေသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူး စာရင်းများလည်း ရရှိထားကြောင်း စလင်းပကဖက သတိပေးသည်။

သတင်း

အထက်ပါ ပျူခေါင်းဆောင်ဆိုသူအား ပစ်ခတ်ရှင်းလင်းသည့် စစ်ဆင်ရေးကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၂၊ တပ်ခွဲ ၃ နှင့် မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

သတင်း

စစ်ကောင်စီထောက်တိုင်များလည်း ပြည်သူများအား ဆက်လက် ဖိအားပေးနေပါက အရေးယူဆောင်ရွက်သွားမည်ဟု ​ရွှေဘိုအားမာန် မြို့ပြပြောက်ကျားတပ်ဖွဲ့က သတိပေးသည်။