Connect with us

Hi, what are you looking for?

News

ဥက္ကံမြို့မှ ပျူစောထီးအဖွဲ့ခေါင်းဆောင် ပစ်ခတ်ခံရ

ဧပြီ ၃ရက် နံနက် ၈နာရီခန့်တွင် ပြည်သူလူထု၏ တိုင်ကြားချက်အရ ဥက္ကံမြို့နယ် ပျူစောထီးအဖွဲ့ခေါင်းဆောင် ပြောင်ကြီး (ခ)စိုးမိုးအောင်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဇက်ပိုးအားကျည်ထိမှန်ပြီး အရေးပေါ်အ‌ခြေအနေဖြင့် ဆေးရုံတင်လိုက်ရကြောင်း ACPLF က ထုတ်ပြန်သည်။

People's Spring
People's Spring

ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ် ဥက္ကံမြို့မှ ပျူစောထီးအဖွဲ့ခေါင်းဆောင်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အာဏာသိမ်းဆန့်ကျင်ရေးနှင့်ပြည်သူ့လွတ်မြောက် ရေးအဖွဲ့ (ACPLF)က အသိ​ပေးသည်။

ဧပြီ ၃ရက် နံနက် ၈နာရီခန့်တွင် ပြည်သူလူထု၏ တိုင်ကြားချက်အရ ဥက္ကံမြို့နယ် ပျူစောထီးအဖွဲ့ခေါင်းဆောင် ပြောင်ကြီး (ခ)စိုးမိုးအောင်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဇက်ပိုးအားကျည်ထိမှန်ပြီး အရေးပေါ်အ‌ခြေအနေဖြင့် ဆေးရုံတင်လိုက်ရကြောင်း ACPLF က ထုတ်ပြန်သည်။

“ပြောင်ကြီး ခေါ် စိုးမိုးအောင်သည် အာဏာလုစစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ဥက္ကံမြို့နေ ပြည်သူလူထုထံမှ ငွေကြေးများမတရားကောက်ခံခြင်း၊ ၎င်းနှင့်မတည့်သူများ၊ ငွေကြေးပြည့်စုံသူများကို အမှုဆင်လိမ်လည်တိုင်ကြားကာ ဖမ်းဆီးစေခြင်း၊ ငွေညှစ်ခြင်း၊ အပြစ်မဲ့ပြည်သူများအပေါ် လက်နက်ပြအနိုင်ကျင့်ခြင်း၊ လူငယ်အချို့အားဖမ်းဆီးစေခြင်းများ ပြုလုပ်ခဲ့ကာ ၎င်းကြောင့် ဒုက္ခရောက်ရသူမိသားစုများ၊ ဖမ်းဆီးခံရသူများ ဥက္ကံမြို့တွင် အတော်များပြားလာခဲ့ပြီဖြစ်သော ကြောင့် ကျွန်ုပ်တို့အနေဖြင့် ယခုကဲ့သို့ အရေးယူခဲ့ရခြင်းဖြစ်ပြီး ဥက္ကံမြို့တွင် ကျန်ရှိနေသေး ၎င်း၏ အပေါင်းအပါများကိုလည်း ဆက်လက်အရေးယူသွားဦးမည်ဖြစ်ကြောင်း ပြည်သူလူထုအား အသိပေးတင်ပြအပ်ပါသည်”ဟု ACPLF က ထုတ်ပြန်သည်။

ယင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ အပြစ်မဲ့ပြည်သူ ၁၀ဦးခန့်ကို အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးထားကြောင်း ယင်းအဖွဲ့မှတာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

“အရင်ဆုံးပြောင်ကြီးလဲနေတာကို သတင်းပေးတဲ့လူ နှစ်ယောက်ကိုစစ်ဖို့ခေါ်သွားတယ်၊နောက်ဆက်တွဲအနေနဲ့ အခင်းဖြစ်တဲ့ရပ်ကွက် (အောင်ရတနာရပ်ကွက်)ထဲက အပြစ်မဲ့ပြည်သူ ၁၀ခန့်ကို ရဲစခန်းခေါ်သွားပါတယ်၊ ဖမ်းတာလား၊ ခေါ်စစ်တာလားမသိရသေးဘူး”ဟု ၎င်းက ​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ ဇာဒီပျူ​စောထီးရွာမှာ ကင်းစောင့် နေတဲ့ ပျူစောထီးတဦးကို ကွမ်ယာ​ကြွေးဟန်ပြုပြီး အနီးကပ်ပစ်ခတ်ကာG3 တလက်သိမ်းနိုင်ခဲ့တယ်လို့ ကန့်ဘလူခရိုင်ပကဖ လှုပ်ရှား​ရေးတပ်ရင်းက ဒုတပ်ရင်းမှူးဗိုလ်ပိုင်ချဲက ပြောပါတယ်။

သတင်း

​မောင်နှစ်မချင်းရန်ဖြစ်၍ပျူကိုတိုင်ရာအကိုဖြစ်သူကိုဖမ်း​ခေါ်သွားပြီးသတ်လိုက်လို့ ​မိသားစုကငွေ​​ပေးကာအ​လောင်းပြန်ထုတ်ရ

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့မှာ မြို့ထဲဝင်လာတဲ့ စစ်တပ်လက်အောက်ခံ ရဲတစ်ဦးနဲ့ ပျူစောထီးတစ်ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဇီးကုန်းတိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ပြောပါတယ်။