Connect with us

Hi, what are you looking for?

News

မြဝတီမြို့ရှိ ဒီချုပ်အမတ်၏ နေအိမ်နှင့်ရွှေဆိုင်ကို စစ်ကောင်စီချိတ်ပိတ်

နေအိမ်နှင့် ရွှေဆိုင်အား စစ်ကောင်စီက ချိတ်ပိတ်သိမ်းဆည်းသွားသည့်အကြောင်းကို ဦးသန့်ဇင်အောင်ကိုယ်တိုင်က ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှတစ်ဆင့် ယမန်နေ့(ဧပြီ ၄ရက်)တွင် သတင်းထုတ်ပြန်ထားသည်။

ကရင်ပြည်နယ် မြဝတီမြို့မှ ဒီချူပ်ပါတီ လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်၏ နေအိမ်နှင့် ရွှေဆိုင်ကို အကြမ်းဖက်စစ်ကောင်စီက ယမန်နေ့တွင် ချိတ်ပိတ်သိမ်းဆည်းသွားသည်။

နေအိမ်နှင့် ရွှေဆိုင်အား စစ်ကောင်စီက ချိတ်ပိတ်သိမ်းဆည်းသွားသည့်အကြောင်းကို ဦးသန့်ဇင်အောင်ကိုယ်တိုင်က ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှတစ်ဆင့် ယမန်နေ့(ဧပြီ ၄ရက်)တွင် သတင်းထုတ်ပြန်ထားသည်။

“ရွှေဆိုင်နဲ့ မိဘတွေရဲ့ နေအိမ်ကိုပါ ချိတ်ပိတ်သွားပါတယ်။အိမ်မှာထားတဲ့ ရွှေဆိုင်က အပေါင်ပစ္စည်းတွေကိုပါ။ အတင်းအဓမ္မ သိမ်းဆည်းသွားပါတယ်” ဟု ရေးသားထားသည်။

မြဝတီမြို့တွင်နေထိုင်သည့် ဦးသန့်ဇင်အောင်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကိုယ်စားပြု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဖြစ်သည်။ စစ်တပ်အာဏာသိမ်းပြီးနောက် ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင်များကဲ့သို့ တရားစွဲဆိုခံရပြီး ဖမ်းဆီးမခံရမီ တိမ်းရှောင်နိုင်ခဲ့သည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် စစ်ကောင်စီဆန့်ကျင်ရေးကို ဆက်လက်လုပ်ဆောင်နေသည်။

“ထောင်သွင်းအကျဉ်းချခံနေရတဲ့သူတွေ၊အသက်ကိုပါ ပေးဆပ်လိုက်ရတဲ့သူတွေထက်စာရင် ကျွန်​တော်တို့က အများကြီး ကံကောင်းနေပါသေးတယ်”ဟု ဦးသန့်ဇင်အောင်က ရေးသားထားသည်။

အကြမ်းဖက်စစ်ကောင်စီသည် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်အပါအဝင် ပြည်နယ်အစိုးရအဖွဲ့ဝင်အချို့ကိုလည်း မတရား ပုဒ်မမျိုးစုံတပ်ကာ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

မန္တလေးမြို့က မီလျံနာရွှေဆိုင်ဓားပြတိုက်မှု ကျူးလွန်သူတွေဖမ်းမိပြီး ကျူးလွန်သူတွေဟာ စစ်ကောင်စီရဲ့လွတ်ငြိမ်းနဲ့ လွတ်မြောက်လာသူတွေပါဝင်တယ်လို့ စစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့အသိုင်းဝိုင်းက ပြောပါတယ်။

သတင်း

စစ်တပ်ထိန်းချုပ်ထားတဲ့ ရွှေကူမြို့ပေါ်က ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရပြီး တရားခံတွေ ထွက်ပြေး လွတ်မြောက်သွားပါတယ်။