Connect with us

Hi, what are you looking for?

News

မြဝတီမြို့ရှိ ဒီချုပ်အမတ်၏ နေအိမ်နှင့်ရွှေဆိုင်ကို စစ်ကောင်စီချိတ်ပိတ်

နေအိမ်နှင့် ရွှေဆိုင်အား စစ်ကောင်စီက ချိတ်ပိတ်သိမ်းဆည်းသွားသည့်အကြောင်းကို ဦးသန့်ဇင်အောင်ကိုယ်တိုင်က ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှတစ်ဆင့် ယမန်နေ့(ဧပြီ ၄ရက်)တွင် သတင်းထုတ်ပြန်ထားသည်။

ကရင်ပြည်နယ် မြဝတီမြို့မှ ဒီချူပ်ပါတီ လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်၏ နေအိမ်နှင့် ရွှေဆိုင်ကို အကြမ်းဖက်စစ်ကောင်စီက ယမန်နေ့တွင် ချိတ်ပိတ်သိမ်းဆည်းသွားသည်။

နေအိမ်နှင့် ရွှေဆိုင်အား စစ်ကောင်စီက ချိတ်ပိတ်သိမ်းဆည်းသွားသည့်အကြောင်းကို ဦးသန့်ဇင်အောင်ကိုယ်တိုင်က ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှတစ်ဆင့် ယမန်နေ့(ဧပြီ ၄ရက်)တွင် သတင်းထုတ်ပြန်ထားသည်။

“ရွှေဆိုင်နဲ့ မိဘတွေရဲ့ နေအိမ်ကိုပါ ချိတ်ပိတ်သွားပါတယ်။အိမ်မှာထားတဲ့ ရွှေဆိုင်က အပေါင်ပစ္စည်းတွေကိုပါ။ အတင်းအဓမ္မ သိမ်းဆည်းသွားပါတယ်” ဟု ရေးသားထားသည်။

မြဝတီမြို့တွင်နေထိုင်သည့် ဦးသန့်ဇင်အောင်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကိုယ်စားပြု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဖြစ်သည်။ စစ်တပ်အာဏာသိမ်းပြီးနောက် ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင်များကဲ့သို့ တရားစွဲဆိုခံရပြီး ဖမ်းဆီးမခံရမီ တိမ်းရှောင်နိုင်ခဲ့သည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် စစ်ကောင်စီဆန့်ကျင်ရေးကို ဆက်လက်လုပ်ဆောင်နေသည်။

“ထောင်သွင်းအကျဉ်းချခံနေရတဲ့သူတွေ၊အသက်ကိုပါ ပေးဆပ်လိုက်ရတဲ့သူတွေထက်စာရင် ကျွန်​တော်တို့က အများကြီး ကံကောင်းနေပါသေးတယ်”ဟု ဦးသန့်ဇင်အောင်က ရေးသားထားသည်။

အကြမ်းဖက်စစ်ကောင်စီသည် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်အပါအဝင် ပြည်နယ်အစိုးရအဖွဲ့ဝင်အချို့ကိုလည်း မတရား ပုဒ်မမျိုးစုံတပ်ကာ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်မြို့တော် ၊ ဘားအံမြို့ ၊ သံလွင်မြစ်အနောက်ကမ်းမှာ ဧပြီလ တတိယပတ်အတွင်း စစ်ကောင်စီတပ်က အင်အားအများအပြားစေလွှတ်ပြီး နေရာယူတပ်စွဲတာတွေရှိလာတယ်လို့ ကရင်စစ်ဘက် နဲ့အရပ်ဘက် သတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းကျေးရွာ သုံးရွာကို စစ်ကောင်စီက ယမန်နေ့ ညနေပိုင်းတွင် လေကြောင်းမှ ဗုံးအလုံး ၄၀နီးပါး ကြဲချသောကြောင့် အရပ်သားလေးဦးသေဆုံးခဲ့သလို ယနေ့(ဧပြီ၂၇ရက်) နံနက်ပိုင်းတွင်လည်း လေကြောင်းမှထပ်မံ ဗုံးကြဲနေသည်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နှင့် ဖားကန့်မြို့နယ် တို့တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်အကြား ယနေ့ ဧပြီ ၂၇ရက်တွင် တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောသည်။

သတင်း

အပစ်ရပ်ကာလအတွင်း စစ်ကောင်စီ တိုက်ခိုက်၍ KNUနယ်မြေ၌ ပြည်သူ ၂၀ဦး သေဆုံး၊အများအပြား ဒဏ်ရာရ