Connect with us

Hi, what are you looking for?

LuduNwayOo

News

သန်လျင်တွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ရှင်းလင်းခံရ၊ ရွှေပြည်သာတွင် လုံခြုံရေးဂိတ် ပေါက်ကွဲမှုဖြစ်

တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရက်ဖြစ်သဖြင့် ကျောင်းသား ၊မိဘများ အထိအခိုက်မရှိ စေရေးအတွက် စစ်ရေးပစ်မှတ်ကို အထူးသတိထား ဆောင်ရွက်ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

People's Spring
People's Spring

ရန်ကုန်တိုင်း သန်လျင်မြို့နယ်တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ပစ်သတ်ခံ ရပြီး ရွှေပြည်သာမြို့နယ်၌ လုံခြုံရေးဂိတ်တစ်ခု ပေါက်ကွဲမှုဖြစ်ပွားကြောင်း ဒေသခံသတင်း ရင်းမြစ်များက People’s Spring သို့ ပြောသည်။

သန်လျင်မြို့ မြို့ဟောင်းအရှေရပ်ကွက် အုပ်ချုပ်ရေးမှူးရဲထွဋ်အား သန်လျင် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ (TLPDF)က ယနေ့ (ဧပြီ ၅ရက်)နံနက် ၇ နာရီ ၃၉မိနစ်တွင် ကျည် ၃တောင့် အသုံးပြု၍သုတ်သင်ရှင်းလင်းခဲ့သည်ဟု ဆိုသည်။

မြို့ဟောင်းအရှေ့ အုပ်ကြီးရဲထွဋ်သည် ဒေသခံလူထု၏ တိုင်ကြားချက်များစွာ ကြောင့် သန်လျင် (ပကဖ)မှ ၎င်း၏ ပြစ်မှုများအား စုံစမ်းစစ်ဆေးခဲ့ပြီးနောက် ၎င်းသည် ပြည်သူလူထုအား စစ်ကောင်စီနှင့်ပေါင်း၍ အာဏာသုံးကာ များစွာနှိပ်စက်နေကြောင်း သက်သေများစွာဖြင့် ထင်ရှားစွာတွေ့ရှိခဲ့ရသည်ဟု အသိပေးသည်။

“ရဲထွဋ် အသတ်ခံရပြီး နာရီဝက်အတွင်းလောက်ပဲရှိမယ် မြို့ထဲလမ်းတွေ အကုန်စစ်နေတာ။အခုထိလမ်းတွေပိတ်နေတုန်း”ဟု သန်လျင်မြို့နေသူ တစ်ဦးက People’s Springသို့ ပြောသည်။

Public Service Announcement

Public Service Announcement

အလားတူ ရွှေပြည်သာမြို့နယ် (၉)ရပ်ကွက်ရှိ စစ်ကောင်စီလုံခြုံရေးဂိတ်အား မိုင်းဆွဲ တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား နှစ်ဦးဒဏ်ရာရရှိကြောင်း YGN Urban Guerrilla Army က ထုတ်ပြန်သည်။

ယနေ့(ဧပြီ ၅ရက်) နံနက် ၇နာရီ ၄၀မိနစ်ခန့်က တိုက်ခိုက်ခဲ့သည့်ဖြစ်စဥ်တွင် ရဲဘော်များက မိုင်းလေးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရန် စီစဉ်ခဲ့ သော်လည်း မိုင်းတစ်လုံးသာထားရှိ ဖောက်ခွဲခွင့်ရရှိခဲ့သည်ဟု ဆိုသည်။

အဆိုပါမိုင်းအား ဖောက်ခွဲခဲ့ရာ စစ်ကောင်စီတပ်သားတစ်ဦးနှင့် ရဲတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ရဲဘော်များဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးသည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရက်ဖြစ်သဖြင့် ကျောင်းသား ၊မိဘများ အထိအခိုက်မရှိ စေရေးအတွက် စစ်ရေးပစ်မှတ်ကို အထူးသတိထား ဆောင်ရွက်ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီတပ်သည် ဧပြီ ၂၇ ရက်၌ လက်နက်ကြီးများဖြင့် ဆီဆိုင်မြို့နယ်အတွင်း ရမ်းသမ်းပစ်ခတ်သဖြင့် ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ ကျရောက်ကာ ဒေသခံ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု PNLAက ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီသည် မင်းတပ်မြို့နယ် ၀မ္မသူးပြည်သူ့ ဆေးရုံအား ဧပြီ ၂၄ရက် ညပိုင်းက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးကုသနေသည့် ပြည်သူ ၅ဦး သေဆုံးခဲ့ပြီး ဒဏ်ရာပြင်းထန်သူ ၁၆ဦး အပါအဝင် ၃၀ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။