Connect with us

Hi, what are you looking for?

News

သန်လျင်တွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ရှင်းလင်းခံရ၊ ရွှေပြည်သာတွင် လုံခြုံရေးဂိတ် ပေါက်ကွဲမှုဖြစ်

တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရက်ဖြစ်သဖြင့် ကျောင်းသား ၊မိဘများ အထိအခိုက်မရှိ စေရေးအတွက် စစ်ရေးပစ်မှတ်ကို အထူးသတိထား ဆောင်ရွက်ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

People's Spring
People's Spring

ရန်ကုန်တိုင်း သန်လျင်မြို့နယ်တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ပစ်သတ်ခံ ရပြီး ရွှေပြည်သာမြို့နယ်၌ လုံခြုံရေးဂိတ်တစ်ခု ပေါက်ကွဲမှုဖြစ်ပွားကြောင်း ဒေသခံသတင်း ရင်းမြစ်များက People’s Spring သို့ ပြောသည်။

သန်လျင်မြို့ မြို့ဟောင်းအရှေရပ်ကွက် အုပ်ချုပ်ရေးမှူးရဲထွဋ်အား သန်လျင် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ (TLPDF)က ယနေ့ (ဧပြီ ၅ရက်)နံနက် ၇ နာရီ ၃၉မိနစ်တွင် ကျည် ၃တောင့် အသုံးပြု၍သုတ်သင်ရှင်းလင်းခဲ့သည်ဟု ဆိုသည်။

မြို့ဟောင်းအရှေ့ အုပ်ကြီးရဲထွဋ်သည် ဒေသခံလူထု၏ တိုင်ကြားချက်များစွာ ကြောင့် သန်လျင် (ပကဖ)မှ ၎င်း၏ ပြစ်မှုများအား စုံစမ်းစစ်ဆေးခဲ့ပြီးနောက် ၎င်းသည် ပြည်သူလူထုအား စစ်ကောင်စီနှင့်ပေါင်း၍ အာဏာသုံးကာ များစွာနှိပ်စက်နေကြောင်း သက်သေများစွာဖြင့် ထင်ရှားစွာတွေ့ရှိခဲ့ရသည်ဟု အသိပေးသည်။

“ရဲထွဋ် အသတ်ခံရပြီး နာရီဝက်အတွင်းလောက်ပဲရှိမယ် မြို့ထဲလမ်းတွေ အကုန်စစ်နေတာ။အခုထိလမ်းတွေပိတ်နေတုန်း”ဟု သန်လျင်မြို့နေသူ တစ်ဦးက People’s Springသို့ ပြောသည်။

Public Service Announcement

Public Service Announcement

အလားတူ ရွှေပြည်သာမြို့နယ် (၉)ရပ်ကွက်ရှိ စစ်ကောင်စီလုံခြုံရေးဂိတ်အား မိုင်းဆွဲ တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား နှစ်ဦးဒဏ်ရာရရှိကြောင်း YGN Urban Guerrilla Army က ထုတ်ပြန်သည်။

ယနေ့(ဧပြီ ၅ရက်) နံနက် ၇နာရီ ၄၀မိနစ်ခန့်က တိုက်ခိုက်ခဲ့သည့်ဖြစ်စဥ်တွင် ရဲဘော်များက မိုင်းလေးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရန် စီစဉ်ခဲ့ သော်လည်း မိုင်းတစ်လုံးသာထားရှိ ဖောက်ခွဲခွင့်ရရှိခဲ့သည်ဟု ဆိုသည်။

အဆိုပါမိုင်းအား ဖောက်ခွဲခဲ့ရာ စစ်ကောင်စီတပ်သားတစ်ဦးနှင့် ရဲတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ရဲဘော်များဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးသည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရက်ဖြစ်သဖြင့် ကျောင်းသား ၊မိဘများ အထိအခိုက်မရှိ စေရေးအတွက် စစ်ရေးပစ်မှတ်ကို အထူးသတိထား ဆောင်ရွက်ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

ပျက်ကျတယ်လို့ယူဆရတဲ့နေရာကို KIA ပူးပေါင်းတပ် လိုက်လံရှာ​ဖွေ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဒီနေ့ စက်တင်ဘာလ ၉ရက် ညနေ ၆နာရီခန့်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ အဆိုပါ မြို့ခံတွေက ပြောပါတယ်။

သတင်း

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့မှာဒီနေ့ မနက်အစောပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

နိုင်ငံတကာ

ဘိုလီးဗီယားနိုင်ငံက စစ်တန်းလျား တစ်ခုမှာ ပေါက်ကွဲမှု ဖြစ်ပွားပြီး လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။