Connect with us

Hi, what are you looking for?

News

ဦးဖုန်ကြားရှင် ဈာပနအပြီးတွင် MNDAAနှင့် စစ်ကောင်စီ တိုက်ပွဲသုံးကြိမ်ဖြစ်

ဈာပနမပြုလုပ်မီကာလအတွင်း တိုက်ပွဲဖြစ်ပွားမှု နည်းပါးခဲ့ရာ မတ်လကုန်ပိုင်းမှစ၍ တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် ဟုခေါ်ဆိုသည့် ကိုးကန့်တပ် (MNDAA)နှင့် စစ်ကောင် စီတပ်တို့ မတ်လကုန်ပိုင်းမှ ယမန်နေ့ (ဧပြီ ၄ရက်) အထိ တိုက်ပွဲသုံးကြိမ်ဖြစ်ပွားခဲ့ကြောင်း MNDAAက သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၁၆ရက်က ကွယ်လွန်ခဲ့သည့် MNDAA ခေါင်းဆောင် ဦးဖုန်ကြားရှင် ဈာပနကို မတ်လ ၂၉ရက်က မိုင်းလား၌ ကျင်းပခဲ့ပြီးနောက် မတ်လ ၃၀ ရက်မှစ၍ ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးခရိုင်တွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည်။

ဈာပနမပြုလုပ်မီကာလအတွင်း တိုက်ပွဲဖြစ်ပွားမှု နည်းပါးခဲ့ရာ မတ်လကုန်ပိုင်းမှစ၍ တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

Public Service Announcement

စစ်ကောင်စီ၏ တပ်မ(၉၉)လက်အောက်ခံတပ်ရင်း (၄၂၀)လူအင်အား(၈၀)တစ်စုသည် မုံးကိုးခရိုင် တာမိုင်းပေါ်‌ဒေသ၏မြစ်ချောင်း အနောက်ဘက်ရှိနေသည်ကို သတင်းရ၍ ဧပြီ ၄ရက် နေ့လယ်ပိုင်းတွင် စစ်ကောင်စီတပ်နေရာကို MNDAAက ဦးစွာပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်မှလည်း လက်နက်ကြီးများဖြင့် တောက်လျှောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ယခုရက်ပိုင်းအတွင်း စစ်ကောင်စီသည် အထူးဒေသ(၁)၊ မုံးကိုးခရိုင် ၊ တာမိုင်းပေါ်ဒေသ ရှိ MNDAA တပ်စခန်းများကို မကြာခဏ ထိုးစစ်ဆင်တိုက်ခိုက်လာကြောင်း ထုတ်ပြန်သည်။

အဆိုပါ ဒေသတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်များလည်းရှိရာ စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားမှုများရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။