စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် ကျေးရွာများ၌ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်အား ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ ၇ ဖွဲ့က နှစ်ကြိမ်တိုင်သွား ရောက်တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ သုံးဦးသေဆုံးကြောင်း SNAKE EYES PDFက သတင်းထုတ်ပြန်သည်။
ဧပြီ ၃ရက်က ရွှေဘိုမြို့နယ် တည်သီးတောရွာရှိ အထိုင်ချတပ်စွဲထားသော စစ်ကောင်စီအဖွဲ့ဝင်များကို SNAKE EYES PDF၊ C&T SHWEBO၊ PEPOLE DEFENCE FORCE SHWEBO၊ ALPHA-7၊ ဗိုလ်ကျားရိုင်း (ပ.က.ဖ)၊ THE GUYS OF BURMA REVOLUTION FORCE၊ ဒေါင်းမာန်အဖွဲ့ နှင့် တပ်ပေါင်းစု (၂)တို့မှ သွားရောက်ပူးပေါင်း တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ နှစ်ဦးသေဆုံးကာ လေးဦး ဒဏ်ရာပြင်းထန်စွာရသွားကြောင်း SNAKE EYES PDFက အသိပေးသည်။
ပြည်သူ့ကာကွယ်ရေးအဖွဲ့များကို ၆၀(မမ)များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ကာကွယ်ရေးအဖွဲ့များအားလုံး အထိအခိုက်မရှိ အောင်မြင်စွာပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ဧပြီ၂ ရက်ကလည်း ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းရွာရှိ အထိုင်ချတပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်များအား SNAKE EYES PDF၊ C&T SHWEBO၊ PEPOLE DEFENCE FORCE SHWEBO၊ ALPHA-7၊ ဒေါင်းမာန်အဖွဲ့နှင့်တပ်ပေါင်းစု (၂)တို့မှသွားရောက် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ တစ်ဦးသေဆုံးကာ တစ်ဦးထိခိုက်ဒဏ်ရာရသွားကြောင်း SNAKE EYES PDFက ပြောသည်။

Public Service Announcement
ဆက်လက်၍ အနယ်နယ်အရပ်ရပ်ရှိ ကာကွယ်ရေးအဖွဲ့များပေါင်းစည်းကာ စစ်ကောင်စီအား ဆက်လက်တော်လှန်သွားမည်ဖြစ်ကြောင်း မိဘပြည်သူများအား လေးစားစွာအသိပေးပြီး အင်တာနက်အခက်အခဲကြောင့် နောက်ကျမှဖော်ပြရခြင်းဖြစ်ကြောင်း SNAKE EYES PDFက အသိပေးသည်။
အဆိုပါဖြစ်စဥ်များနှင့်ပတ်သက်၍ မဟာမိတ်အဖွဲ့များထံ ဆက်သွယ်မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။
မတ်လ ၃၁ ရက်ကလည်း ရွှေဘိုမြို့နယ် မင်္ဂလာရွာနှင့်ဇီးကုန်းရွာကြားဂျိုက်ကာကွင်းထိပ်၌မိုင်းရှင်းလင်းရေးလုပ်နေသော စစ်ကောင်စီတပ်များအား အသင့်စောင့်ကြို၍ရှေ့ထွက်မိုင်း နှစ်လုံး ပါဆယ်မိုင်း လေးလုံးခွဲကာ တိုက်ခိုက်ခဲ့ရာ စစ်သားနှစ်ဦးသေဆုံးခဲ့သေးသည်။


















































