Connect with us

Hi, what are you looking for?

News

KNU တပ်မဟာ(၆)နယ်မြေတွင် ကော်ဘရာစစ်ကြောင်း လက်ဖြောင့်တပ်သား ပစ်ခတ်၍ စစ်ကောင်စီတပ် နှစ်ဦးသေ

ကော်ဘရာစစ်ကြောင်းသည် ပြီးခဲ့သည့်မတ်လကုန်ပိုင်းကလည်း မြ၀တီ ဝေါ်လေဘက်သို့ အင်အားဖြည့်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများခဲ့သည်။

ကရင်အမျိုးသားအစည်းအရုံး(KNU/KNLA) တပ်မဟာ (၆)နယ်မြေတွင် စစ်ရေးလှုပ်ရှားနေသည့် KNLA ၏ ကော်ဘရာစစ်ကြောင်းမှ လက်ဖြောင့်တပ်သား၏ လက်ချက်ကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းက ယနေ့ထုတ်ပြန် သည်။

ဧပြီ ၄ရက် ညပိုင်းက မြ၀တီ – ဝေါ်လေ လမ်းအနီး လေးကေ့ကော်ဒေသ၌ စစ်ရေးလှုပ်ရှားနေသည့် ကော်ဘရာ စစ်ကြောင်းကို စစ်ကောင်စီတပ်၏ စွယ်တော်ကုန်း (အမြောက်ကုန်း)မှ လက်နက်ကြီးဖြင့် ​လေးကြိမ် ရမ်းသန်းပစ်ခတ်ခဲ့ရာ ကော်ဘရာစစ်ကြောင်းမှ ထိခိုက်၊ ကျဆုံး မရှိခဲ့ကြောင်း၊ ယနေ့ နံနက်နှင့် ညနေပိုင်းတွင် ကော်ဘရာ စစ်ကြောင်း၏ လက်ဖြောင့် စနိုက်ဘာများကြောင့် အကြမ်းဖက် စစ်ကောင်စီဘက်မှ နှစ်ဦး သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။

ကော်ဘရာစစ်ကြောင်းသည် ပြီးခဲ့သည့်မတ်လကုန်ပိုင်းကလည်း မြ၀တီ ဝေါ်လေဘက်သို့ အင်အားဖြည့်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။