Connect with us

Hi, what are you looking for?

LuduNwayOo

News

KNU တပ်မဟာ(၆)နယ်မြေတွင် ကော်ဘရာစစ်ကြောင်း လက်ဖြောင့်တပ်သား ပစ်ခတ်၍ စစ်ကောင်စီတပ် နှစ်ဦးသေ

ကော်ဘရာစစ်ကြောင်းသည် ပြီးခဲ့သည့်မတ်လကုန်ပိုင်းကလည်း မြ၀တီ ဝေါ်လေဘက်သို့ အင်အားဖြည့်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများခဲ့သည်။

ကရင်အမျိုးသားအစည်းအရုံး(KNU/KNLA) တပ်မဟာ (၆)နယ်မြေတွင် စစ်ရေးလှုပ်ရှားနေသည့် KNLA ၏ ကော်ဘရာစစ်ကြောင်းမှ လက်ဖြောင့်တပ်သား၏ လက်ချက်ကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းက ယနေ့ထုတ်ပြန် သည်။

ဧပြီ ၄ရက် ညပိုင်းက မြ၀တီ – ဝေါ်လေ လမ်းအနီး လေးကေ့ကော်ဒေသ၌ စစ်ရေးလှုပ်ရှားနေသည့် ကော်ဘရာ စစ်ကြောင်းကို စစ်ကောင်စီတပ်၏ စွယ်တော်ကုန်း (အမြောက်ကုန်း)မှ လက်နက်ကြီးဖြင့် ​လေးကြိမ် ရမ်းသန်းပစ်ခတ်ခဲ့ရာ ကော်ဘရာစစ်ကြောင်းမှ ထိခိုက်၊ ကျဆုံး မရှိခဲ့ကြောင်း၊ ယနေ့ နံနက်နှင့် ညနေပိုင်းတွင် ကော်ဘရာ စစ်ကြောင်း၏ လက်ဖြောင့် စနိုက်ဘာများကြောင့် အကြမ်းဖက် စစ်ကောင်စီဘက်မှ နှစ်ဦး သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။

ကော်ဘရာစစ်ကြောင်းသည် ပြီးခဲ့သည့်မတ်လကုန်ပိုင်းကလည်း မြ၀တီ ဝေါ်လေဘက်သို့ အင်အားဖြည့်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများခဲ့သည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။