Connect with us

Hi, what are you looking for?

News

ဗဟိုဘဏ်ဒုဥက္ကဌ ပစ်ခတ်တိုက်ခိုက်မှုပြုလုပ်ပြီးနောက် “ပျံလွှားအောင်” စစ်ဆင်ရေး အောင်မြင်စွာအဆုံးသတ်

တော်လှန်ရေးအင်အားစုများအားလုံးသည် ၂၀၂၁ စက်တင်ဘာ၇ ရက်မှ ၂၀၂၂ ဧပြီ ၇ ရက်အထိ တိုက်ခိုက်ခဲ့ရာတွင် အရှေ့ပိုင်းခရိုင်အတွင်း အုပ်ချုပ်ရေး ပစ်မှတ် ၁၃၉ ခု၊ စစ်ရေးပစ်မှတ် ၁၉၆ ခု၊ စီးပွားရေးပစ်မှတ် ၂၃ ခုအထိ ရှိခဲ့သည်။

▪️ရန်ကုန်တိုင်း၌ စစ်ဆင်ရေးပုံသဏ္ဍာန်သစ်တစ်ခု စတင်ပြီဖြစ်ကြောင်း ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ကြေညာ

ဗဟိုဘဏ် ဒုဥက္ကဌအား ပစ်ခတ်တိုက်ခိုက်မှုပြုလုပ်ပြီးနောက် “ပျံလွှားအောင်” စစ်ဆင်ရေး အောင်မြင်စွာအဆုံးသတ်ပြီး ရန်ကုန်တိုင်း၌ စစ်ဆင်ရေးပုံသဏ္ဍာန် သစ်တစ်ခု စတင်ပြီဖြစ်ကြောင်း ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က ယနေ့(ဧပြီ ၇ ရက်)တွင် ကြေညာသည်။

ရန်ကုန်တိုင်း၌ ခုနစ်လအတွင်း အကြမ်းဖက်စစ်ကောင်စီနှင့် ၎င်းတို့၏ အုပ်ချုပ်ရေး၊ စစ်ရေး၊ စီးပွါးရေးပစ်မှတ်ပေါင်း ၁,၁၂၈ ခုကို တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

တော်လှန်ရေးအင်အားစုများအားလုံးသည် ၂၀၂၁ စက်တင်ဘာ၇ ရက်မှ ၂၀၂၂ ဧပြီ ၇ ရက်အထိ တိုက်ခိုက်ခဲ့ရာတွင် အရှေ့ပိုင်းခရိုင်အတွင်း အုပ်ချုပ်ရေး ပစ်မှတ် ၁၃၉ ခု၊ စစ်ရေးပစ်မှတ် ၁၉၆ ခု၊ စီးပွားရေးပစ်မှတ် ၂၃ ခုအထိ ရှိခဲ့သည်။

Public Service Announcement

Public Service Announcement

အလားတူ အနောက်ပိုင်းခရိုင်အတွင်း အုပ်ချုပ်ရေးပစ်မှတ် ၇၆ ခု၊စစ်ရေးပစ်မှတ် ၁၀၄ခုနှင့်စီးပွားရေးပစ်မှတ် ၂၆ခု ကို တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

တောင်ပိုင်းခရိုင်အတွင်း၌ အုပ်ချုပ်ရေးပစ်မှတ် ၉၆ ခု၊စစ်ရေးပစ်မှတ် ၁၀၂ခုနှင့် စီးပွားရေး ပစ်မှတ် ၂၄ ခု ပါဝင်သည်။

ထို့အပြင် မြောက်ပိုင်းခရိုင်တွင်လည်း အုပ်ချုပ်ရေးပစ်မှတ် ၁၃၂ ခု၊စစ်ရေး ပစ်မှတ် ၁၈၅ ခု၊ စီးပွားရေးပစ်မှတ် ၂၅ ခု ကို တိုက်ခိုက်ခဲ့ကြောင်း အသိပေး သည်။

ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့သည် “ပျံလွှားအောင်” စစ်ဆင်ရေးကို စနစ်တကျ ကြီးကြပ်ပြီး ထိရောက်သည့် ခုခံတော်လှန်စစ်ကို ပြည်သူ့ကာကွယ် ရေးအဖွဲ့များ၊ မဟာမိတ် မြေ အောက်တော်လှန်ရေး အင်အားစုများ၊ အထူးကွန်မန်ဒိုတပ်ဖွဲ့များနှင့် လက်တွဲ၍ အကောင် အထည်ဖော်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီ၏ အုပ်ချုပ်ရေး၊ စစ်ရေး၊ စီးပွားရေးပစ်မှတ်ပေါင်း ၄၁၉ခုအား တော်လှန်တိုက်ခိုက်နိုင်ခဲ့သည်။

ထိုသို့ တော်လှန်တိုက်ခိုက်မှုများကြောင့် ရန်သူ ၂၅၃ ဦး သေဆုံးပြီး၊ ၃၀၀နီးပါး ဒဏ်ရာ ရရှိခဲ့ သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့သည် “ပျံလွှားအောင်” စစ်ဆင်ရေးအား ခုနစ်လတာ ဆောင်ရွက်ခဲ့ပြီးနောက် အကြမ်းဖက်စစ်ကောင်စီခန့် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ သန်းသန်းဆွေ အား ယနေ့(ဧပြီ ၇ ရက်)နံနက်ပိုင်းတွင် နောက်ဆုံးစစ်ဆင်ရေးအဖြစ် ပစ်ခတ်တိုက်ခိုက်မှု ပြုလုပ်ကာ ‘ပျံလွှားအောင်” စစ်ဆင်ရေးအား အောင်မြင်စွာ အဆုံးသတ်ခဲ့ပြီဖြစ်ကြောင်း အသိပေးသညိ။

“ပျံလွှားအောင်” စစ်ဆင်ရေးအား အောင်မြင်စွာ အဆုံးသတ်ခဲ့ပြီဖြစ်သော်လည်း မပြီးဆုံးသေးသော စစ်အာဏာရှင်တော်လှန်ရေးကို အမြစ်ပြတ်သည်အထိ ဆက်လက် တော်လှန်တိုက်ခိုက်နိုင်ရေးအတွက် ရန်ကုန်တိုင်းစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့သည် စစ်ဆင်ရေးပုံသဏ္ဍာန်အသစ်တစ်ခုကို စတင်ပြီဖြစ် ကြောင်းလည်း ကြေညာသည်။

ဆက်စပ်သတင်းများ

သတင်း

အထိနာနေတဲ့ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တိုက်ပွဲမှာ စစ်တပ်ကလက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သား ၄ဦး ထပ်မံ သေဆုံးသွားပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်က စစ်ဆင်ရေးအတွင်းမှာ အာဏာသိမ်းစစ်တပ်ထံက လက်နက်ခဲယမ်းတွေ သိမ်းရထားတယ်လို့ ဂန့်ဂေါခရိုင်စစ်ရေးတာ၀န်ရှိသူက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်နဲ့ မော်လိုက်မြို့နယ်ကို စစ်တပ်က လေကြောင်းအပြင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် အရပ်သားတချို့ ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။