Connect with us

Hi, what are you looking for?

News

KNU နယ်မြေထဲက DJC ကောလိပ် ဘွဲ့နှင်းသဘင်ကျင်းပ

အဲ့ဒီအခမ်းအနားမှာ ကေအဲန်ယူ ဗဟို၊ ခရိုင်၊ မြို့နယ်ခေါင်းဆောင်တွေ၊ တပ်မဟာ တပ်ရင်းက​ ခေါင်းဆောင်တွေနဲ့ ကျောင်းသားမိဘတွေ၊ ဧည့်သည်တွေအပါအဝင် စုစုပေါင်းလူဦးရေ (၃၀၀) ခန့် တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် Doo Tha Htu College (DJC) ကျောင်းဆင်းပွဲနဲ့ ဘွဲ့နှင်းသဘင် အခမ်းအနားကို ဒီကနေ့ ဧပြီ ၈ ရက်မှာ ကျင်းပခဲ့ပါတယ်။

ဘီးလင်းမြို့နယ် လယ်ဖိုးကျေးနယ်အုပ်စု ထီးလေးခေါ့ကျေးရွာ Junior College ကျောင်းမှာ ကျင်းပခဲ့တာပါ။

အဲ့ဒီအခမ်းအနားမှာ ကေအဲန်ယူ ဗဟို၊ ခရိုင်၊ မြို့နယ်ခေါင်းဆောင်တွေ၊ တပ်မဟာ တပ်ရင်းက​ ခေါင်းဆောင်တွေနဲ့ ကျောင်းသားမိဘတွေ၊ ဧည့်သည်တွေအပါအဝင် စုစုပေါင်းလူဦးရေ (၃၀၀) ခန့် တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။

အခုနှစ်ကျောင်းဆင်းပွဲနဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားမှာ နောက်ဆုံးနှစ် ကျောင်းသားကျောင်းသူ (၂၈) ဦးကို ဘွဲ့လက်မှတ်အပ်နှင်းခဲ့ပြီး ၂၀၁၉ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အထိ လေးနှစ်တာအတွင်း ဒူးသထူဂျူနီယာကောလိပ်ကနေ အောင်မြင်ပြီး ဘွဲ့လက်မှတ်အပ်နှင်ခြင်းခံရတဲ့ ကျောင်းသားကျောင်းသူစုစု​ပေါင်း (၄၁) ဦးရှိခဲ့ပြီလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

ဒူးသထူဂျူနီယာကောလိပ်(DJC)ဟာ ကော်သူးလေ ကရင့်ပညာရေးနဲ့ ယဉ်ကျေးမှုဌာန(KECD)လက်အောက်ခံ ကျောင်းတစ်ကျောင်းဖြစ်ပြီး အင်္ဂလိပ်၊ သင်္ချာ၊ လူမှုရေး၊ သိပ္ပံနဲ့ ကွန်ပျူတာ ဘာသာရပ်ငါးရပ်ကို အဓိကထား သင်ကြားပို့ချက်လျက်ရှိတာပါ။

ဒူးသထူဂျူနီယာကောလိပ်(DJC)ဟာ ကေအဲန်ယူ ကော်သူးလေအုပ်ချုပ်နယ်မြေ ဒူးသထူခရိုင်(သထုံ) ဘီးလင်းမြို့နယ်အတွင်းမှာရှိပြီး ၂၀၁၄ ခုနှစ် ဇွန်လပိုင်းက စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

Facebook