Connect with us

Hi, what are you looking for?

News

ပခုက္ကူမြို့နယ် မြစ်ဖျားရွာကို စစ်ကောင်စီတပ် မီးရှို့ဟု ဒေသခံပြော

“ ကျွန်းပင်၊ လယ်သာ၊ ကင်ပွန်းတောင့်၊ သဖန်းတောင့်ရွာတွေကို ဝင်မွှေမီးရှို့လာတဲ့ စခတွေလို့သိရပါတယ်” ဟု ရေးသားထားပြီး စစ်ကော်စီတပ်များ မြစ်ဖျားအရှေ့ဘက်ရှိ စညောင်း​ကျေးရွာသို့ တက်သွားကြောင်း ဖော်ပြထားသည်။

မကွေးတိုင်း ပခုက္ကူမြို့နယ် မြစ်ဖျား​ကျေးရွာမှ နေအိမ်များကို စစ်ကောင်စီတပ်က ယနေ့ မွန်းလွဲပိုင်းတွင် မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံက သတင်းပေးပို့လာသည်။

“​နေ့လယ် ၃နာရီကျော်ကျော်လောက်က ရှို့နေတာ ။အခုလော လောဆယ်လည်း လောင်နေတုန်းပဲ။ သူကတော့ ပခုက္ကူနယ်ထဲကပါတယ်။ ဘာကြောင့်မီးရှို့နေလဲဆိုတော့ ကားသုံးစီး ပျောက်ဆုံးမှုကိစ္စပဲနေမယ်”ဟု ပေါက်မြို့နယ် ဒေသခံတစ်ဦးက ပြောသည်။

ယခု မြစ်ဖျားရွာနှင့်ပတ်သက်ပြီး Pauk Alliance Group က ဖော်ပြထားရာ အင်အား ၁၀၀ခန့်ပါသည့် စစ်ကောင်စီတပ်က ခြေလျင်ဝင်ရောက်လာပြီး မြစ်ဖျားရွာ တောင်ဘက် ခြမ်းမှစ၍ မီးစရှို့နေခြင်းဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

“ ကျွန်းပင်၊ လယ်သာ၊ ကင်ပွန်းတောင့်၊ သဖန်းတောင့်ရွာတွေကို ဝင်မွှေမီးရှို့လာတဲ့ စခတွေလို့သိရပါတယ်” ဟု ရေးသားထားပြီး စစ်ကော်စီတပ်များ မြစ်ဖျားအရှေ့ဘက်ရှိ စညောင်း​ကျေးရွာသို့ တက်သွားကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦးအပါအဝင် သုံးဦးကိုလက်နက် ခုနစ်လက်၊ လက်နက်ခဲယမ်း ကုန်ကြမ်းတင်ယာဉ် သုံးစီးနှင့်အတူ ဧပြီ ၆ရက်ညနေပိုင်းက ဖမ်းမိခဲ့ကြောင်း ပေါက် ပြည်သူ့ကာကွယ်ရေးတပ်(PDF)တပ်ဖွဲ့က ပြောကြားထားသည်။ အဆိုပါ ဖြစ်စဉ်အပြီး နောက်နေ့ ဧပြီ ၇ရက်နံနက်မှစ၍ ပေါက်မြို့နယ်သို့ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုး၍ ကျေးရွာများကိုမီးရှို့ခြင်း၊ ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့ရာ ပြည်သူ သုံးဦးထက်မနည်းသေဆုံးခဲ့သည်။

ထို့ပြင် ရေကျော်ရွာ၊ ကျောင်းကုန်းရွာနှင့် လယ်သာရွာတို့ကို စစ်ကောင်စီတပ်နှင့် ပျူစောထီးများက မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။