Connect with us

Hi, what are you looking for?

News

အင်းစိန်မြို့နယ် တညင်းကုန်းရထားသံလမ်းအနီး စစ်ကားတစ်စီးကို ​ပြောက်ကျားတပ်ဖွဲ့က ဖောက်ခွဲတိုက်ခိုက်

ဖောက်ခွဲတိုက်ခိုက်မှုဖြစ်စဥ်တွင် ဗုံးတစ်လုံးသာဖောက်ခွဲနိုင်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်မှ တစ်ဦးထိခိုက်ကာ ဗုံးထိမှန်ထားသည့် ယာဥ်အပိုင်းအစအချို့ကိုလည်း လမ်းပေါ်တွင်တွေ့ရကြောင်း ZTH က ဆိုသည်။

အင်းစိန်မြို့နယ် တညင်းကုန်းရထားသံလမ်းအနီးတွင် စစ်ကားတစ်စီးကို ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း မြို့ပြပြောက်ကျားတပ် From Zero To Hero(ZTH)က ယနေ့(ဧပြီ ၉)ထုတ်ပြန်သည်။

ယနေ့နံနက် ၉ နာရီ ၁၅ ခန့်တွင် အမှတ် (၄)လမ်းမကြီး တညင်းကုန်းရထားသံလမ်း အနီးရှိနေသော စစ်ကားတစ်စီးကို ရှေ့ထွက်မိုင်းသုံးလုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း ထုတ်ပြန်ချက်တွက် ဖော်ပြသည်။

ဖောက်ခွဲတိုက်ခိုက်မှုဖြစ်စဥ်တွင် ဗုံးတစ်လုံးသာဖောက်ခွဲနိုင်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်မှ တစ်ဦးထိခိုက်ကာ ဗုံးထိမှန်ထားသည့် ယာဥ်အပိုင်းအစအချို့ကိုလည်း လမ်းပေါ်တွင်တွေ့ရကြောင်း ZTH က ဆိုသည်။

Public Service Announcement

“ကျန်တဲ့ဗုံးနှစ်လုံးက သူတို့(စကစတပ်သားများ)ရှိနေလို့ ဘယ်လိုမှ အနားကပ်မရတော့ မဖောက်ခွဲနိုင်လိုက်ဘူး”ဟု ZTH ပြောက်ကျားတပ်မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ZTH ပြောက်ကျားတပ်ဖွဲ့အနေဖြင့် တော်လှန်ရေးအရှိန်မြှင့်နေသည့်အပြင် မကြာမီကျရောက်မည့် သက်ြန်ကာလသည်လည်း ပျော်စရာသက်ြန်မဟုတ်ဘဲ တော်လှန်သက်ြန်သာဖြစ်သောကြောင့် ပြည်သူများအနေဖြင့် မိမိအိမ်တွင်သာနေထိုင်ကြရန် မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်မှာ စစ်တပ်ထောက်ပို့ယာဥ်က ဝင်တိုက်လို့ မူလတန်း ကျောင်းဆရာမ ၁ ဦးသေဆုံးပြီး ကျောင်းသူ ၁ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်ဘက်ကို အာဏာသိမ်းစစ်တပ်ဘက်က စစ်အင်အားတွေဖြည့်တင်းနေသလို ပြည်နယ်နေရာအများအပြားကို စစ်ကြောင်းထိုးနေလို့ စစ်ရေးတင်းမာနေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ် (၁၄)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ တရားမဝင်‌ရွေးကောက်ပွဲအတွက် အစည်းအဝေးပြုလုပ်နေသော အုပ်ချုပ်ရေးအဖွဲ့ကို လုံခြုံရေးယူပေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ပြင်းအားမြင့် မိုင်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း မြို့ပြကြွက်အဖွဲ့ တာဝန်ရှိသူက ပြောသည်။

သတင်း

ပဲခူးတိုင်း၊ ဝေါမြို့နယ် ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်ရှိ ညောင်ခါးရှည်စစ်ဆေးရေးဂိတ်တွင် စစ်ကားတစ်စီးက တန်းစီနေသည့်ကားများဝင်တိုက်မှု ယနေ့ (မတ်လ ၃၁) နံနက်က ဖြစ်ပွားခဲ့သည်။