Connect with us

Hi, what are you looking for?

LuduNwayOo

News

မန္တလေးမှာရှိတဲ့အားကစားကွင်းတွေဘေးက ဆိုင်ခန်းတွေ နဲ့တိုက်ခန်းတွေကိုစစ်ကောင်စီဖယ်ရှားနေ

မဟာအောင်မြေ မြို့နယ် နဲ့ ချမ်းမြသာစည်မြို့နယ်တွေက အားကစားကွင်း ဘေးမှာရှိတဲ့ ဆိုင်ခန်း ၁၅၂ ခန်း ကို မြေနေရာဌားရမ်းခကောက်ခံတာ ဧပြီလ ၁ ရက်ကနေစတင်ပြီး စစ်ကောင်စီရပ်ဆိုင်းလိုက်ပါတယ်။

ပြင်ဦးလွင်မြို့နယ် အားကစားကွင်းပတ်လည်က တိုက်ခန်းတွေမှာ နေထိုင်သူတွေကို စစ်ကောင်စီက မတ်လကုန်ပိုင်းဖယ်ရှားခဲ့ပုံ

စစ်ကောင်စီဟာ မန္တလေးက မြို့နယ် အတွင်းမှာရှိတဲ့ အားကစားကွင်းတွေရဲ့ ဆိုင်ခန်းတွေ ၊တိုက်ခန်းတွေကို တချိန်တည်းမှာပဲ ဖယ်ရှားရှင်းလင်းတာတွေလုပ်နေပါတယ်။

မဟာအောင်မြေ မြို့နယ် နဲ့ ချမ်းမြသာစည်မြို့နယ်တွေက အားကစားကွင်း ဘေးမှာရှိတဲ့ ဆိုင်ခန်း ၁၅၂ ခန်း ကို မြေနေရာဌားရမ်းခကောက်ခံတာ ဧပြီလ ၁ ရက်ကနေစတင်ပြီး စစ်ကောင်စီရပ်ဆိုင်းလိုက်ပါတယ်။

မြေဌားရမ်းခ ကောက်ခံတာ ရပ်ဆိုင်းတဲ့အသိပေးစာကိုလည်း ဆိုင်ခန်းပိုင်ရှင်တွေထံ ပို့လာတယ်လို့သိရပါတယ်။

“ငှားရမ်းခရပ်လိုက်ပြီတော့ မကြာခင် ဒီနေရာကနေ နှင်တော့မှာပေါ့ဗျာ “လို့ ဆိုင်ခန်းရှင်တစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ချမ်းအေးသာစံမြို့နယ်၊ ဗထူးအားကစားကွင်းပတ်လည်ကဈေးဆိုင်ခန်းနဲ့တိုက်ခန်းတွေမှာနေထိုင်သူတွေကိုဖယ်ရှားခဲ့ပါသေးတယ်။

ဗထူးအားကစားကွင်းပတ်လည်က တိုက်ခန်းတွေဟာ ကာလပေါက်ဈေး ကျပ်သိန်းတစ်ထောင်နီးပါးရှိတယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

RCSSသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တစ်ကြိမ်မျှ မတိုက်ခိုက်ခဲ့ဘဲ ၊အာဏာသိမ်းစစ်​ကောင်စီနှင့် အမြဲတွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။

သတင်း

ဧပြီ ၂၀ရက်တွင် ဆီဆိုင်မြို့နယ် နားခိုက်ကျေးရွာရှိ PNLO ဒုဥက္ကဋ္ဌ(၂)ဖြစ်သူဗိုလ်မှူးချုပ်ခွန်ကျော်ထင်၏ မိသားစုပိုင်နေအိမ်၊ PNLAရဲဘော်အချို့ မိဘပိုင်နေအိမ်နှင့် ပြည်သူအချို့၏ နေအိမ်များကို PNO ပြည်သူ့ စစ်က ဖြိုချဖျက်ဆီးကာ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

AAအနေဖြင့် စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ရက္ခိုင်ပြည်သူအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုတွေအားလုံးကို မှတ်တမ်းတင်ထားပြီး ပြစ်မှုကျူးလွန်သူ အားလုံးကို အရေးယူနိုင်ရေး ဆက်လက်ကြိုးစားသွားမည်ဟု အသိပေးထားသည်။