Connect with us

Hi, what are you looking for?

News

လေးကေ့ကော်တိုက်ပွဲ စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦး အရှင်ဖမ်းမိ

လေးကေ့ကော်ဒေသသို့ စစ်ကောင်စီတပ်များက ထိုးစစ်ဆင်ဝင်ရောက်လာ၍ ကရင်အမျိုးသားအစည်းအရုံး (KNU) ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့က ခုခံတိုက်ခိုက်ခဲ့ရာ ယနေ့ (ဧပြီ ၁၀ ရက်) ၃နာရီမှစ၍ နေ့လယ်ပိုင်းအထိ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်။

▪️အကျအဆုံးများသည့် စစ်ကောင်စီတပ် လေကြောင်းမှ ၁၁ကြိမ်တိုက်ခိုက်၍ လူထုနေအိမ်များပျက်စီး

မြ၀တီမြို့နယ် လေးကေ့ကော်မြို့သစ်၌ ယနေ့နံနက်ဖြစ်ပွားနေသည့် တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးကို အရှင်ဖမ်းမိထားကြောင်း ရှေ့တန်းရောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ကျွန်တော်တို့လည်း အဲဒီလို သတင်းကြားပါတယ်။ ဒီမှာထိတွေ့မှု ဖြစ်တဲ့အချိန်မှာ လေးကေ့ကော်ထဲမှာ ဖမ်းမိတာ။ ဒီမနက်တော့ သူတို့လက်နက်ကြီးတွေ အရမ်းသုံးတယ်။ အခုလည်း တောက်လျှောက်ပစ်နေတယ်။ လေယာဉ်ပျံလည်း ဒီနေ့ဆို ၁၁ကြိမ်ရှိပြီလာပစ်တာ။ လေးကေ့ကော်က နေအိမ်တွေတော့လည်း ထိခိုက်ပျက်စီးတာပေါ့”ဟု ၎င်းက ဆိုသည်။

လေးကေ့ကော်ဒေသသို့ စစ်ကောင်စီတပ်များက ထိုးစစ်ဆင်ဝင်ရောက်လာ၍ ကရင်အမျိုးသားအစည်းအရုံး (KNU) ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့က ခုခံတိုက်ခိုက်ခဲ့ရာ ယနေ့ (ဧပြီ ၁၀ ရက်) ၃နာရီမှစ၍ နေ့လယ်ပိုင်းအထိ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်။

Public Service Announcement

Public Service Announcement

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုများပြီး ၂၀ဦးထက်မနည်းသေကြောင်း ကြောင်း PDF တပ်ဖွဲ့တာဝန်ရှိသူက ခန့်မှန်းသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၏ သတင်းပြန်ကြားရေးဌာန PVTVကလည်း လေးကေ့ကော် တိုက်ပွဲသတင်းကို ဖော်ပြထားရာ အဆိုပါ တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ အကျအဆုံးများပြီး တပ်မ(၄၄)မှ ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးကို အရှင်ဖမ်းမိကာ၊ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိထားသည်ဟု ဆိုသည်။

ယနေ့တိုက်ပွဲတွင် ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် နှစ်ဦးကျဆုံးပြီး ​လေးဦးဒဏ်ရာရရှိထားကြောင်းလည်း KNU၏ ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ထားသည်။

ယင်းတိုက်ပွဲတွင် KNU ပူးပေါင်းတပ်နှင့်အတူ CDM အရာရှိများ ပူးပေါင်းပါဝင်ပြီး စစ်ကောင်စီကို တိုက်ခိုက်နေသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

တော်လှန်ရေးရဲဘော်တွေက အားပေးသလို နှိပ်စက်တာမရှိ၊ တန်းတူစားရဟု ပြော