Connect with us

Hi, what are you looking for?

News

မြိုင်ဒေသတိုက်ပွဲ စစ်ကောင်စီအထိနာနေ

မြိုင်မြို့နယ်သီးပင်ကိုင်းကျေးရွာသို့ ရောက်ရှိလာသည့်စစ်ကောင်စီတပ်အား မြိုင်အခြေစိုက် ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့နှင့် မဟာမိတ် တပ်ပေါင်းစုများက ဧပြီ ၉ရက် နံနက်တွင် တိုက်ခိုက်ခဲ့သည်။

(ကျားသစ်နက်PDF တပ်ဖွဲ့ဝင်များ)

နေရာစုံမှ တိုက်ခိုက်မှုကြောင့် စစ်​ကောင်စီစစ်​ကြောင်း ဆယ်ရက်ခန့် အကြာတွင် ဆယ်ဦးခန့်သာကျန်ဟုဆို

ယင်းမာပင်နယ်ဘက်မှ ထွက်ခွာလာပြီးမြိုင်မြို့နယ်အတွင်းသို့ အကျအဆုံးများစွာဖြင့်ရောက်ရှိလာသည့် စစ်ကောင်စီတပ်ကို ဆီးကြိုတိုက်ခိုက်ရာ စစ်ကောင်စီဘက်က အရာရှိတစ်ဦးအပါအဝင် အများအပြား သေဆုံးသွားသည်ဟု ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့များက သတင်းထုတ်ပြန်သည်။

မြိုင်မြို့နယ်သီးပင်ကိုင်းကျေးရွာသို့ ရောက်ရှိလာသည့်စစ်ကောင်စီတပ်အား မြိုင်အခြေစိုက် ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့နှင့် မဟာမိတ် တပ်ပေါင်းစုများက ဧပြီ ၉ရက် နံနက်တွင် တိုက်ခိုက်ခဲ့သည်။

“စစ်ခွေးတွေကို အပိုင်ပစ်တာ။ ကျတော်တို့မှာ လက်နက်က အရင်ကထက် ပိုအဆင်ပြေလာလို့ ပိုင်ပိုင်နိုင်နိုင်ပစ်တာ။ သေဆုံးစာရင်း အတိအကျမရပေမယ့် တော်တော်များများသေတယ်။ အရာရှိတစ်ကောင်ပါတယ်” ဟု ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့မှ ရဲဘော်တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

“မဟာမိတ်တပ်ပေါင်းစုများက လက်နက်ကြီလက်နက်ငယ်များဖြင့် ဝိုင်းဝန်းတိုက်ခိုက်ခဲ့ရာ အကောင်ကြီးတစ်ကောင်အပါအဝင်အများအပြား ‌သေဆုံးကာ အများအပြား ဒဏ်ရာရရှိသွားခဲ့ပါသည်” ဟု ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့က ယနေ့(ဧပြီ ၁၀ရက်)ညတွင် သတင်းထုတ်ပြန်သည်။

မြိုင်နယ်သို့ ရောက်လာသည့် စစ်ကောင်စီစစ်ကြောင်းသည် မတ်လကုန်ခန့်ကစတင်ကာ ယင်းမာပင်မြို့ဘက်မှ ခြေလျင်စစ်ကြောင်းဖြင့် လာခဲ့ပြီး လမ်းခုလတ်တွင် တိုက်ခိုက်ခံရမှုများကြောင့် ဆယ်ဦးခန့်သာကျန်ရစ်တော့သည်ဟု ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

ယမန့်နေ့ နံနက်ကလည်း ပခုက္ကူ-မြိုင် ကားလမ်းမကြီးပေါ်တွင် စစ်ကောင်စီနှင့် ပျုစောထီးများ မောင်းနှင်လာသည့် ယဥ်တန်းကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့သုံးဖွဲ့က ပဒေ သာ မိုင်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ အကျအရှုံးများခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။