Connect with us

Hi, what are you looking for?

News

က​လေးမြို့နယ်တွင် CDF(KKG)၊ CNDF ပူး​ပေါင်းအဖွဲ့နှင့်စစ်​ကောင်စီတပ် တိုက်ပွဲသုံးကြိမ်ဖြစ် စစ်သား ၁၀ဦး​သေ

ဧပြီ၁၀ ရက် နံနက် ၁၁နာရီခန့်တွင် ကလေးမြို့တောင်းပိုင်း ရန်ကြီးအောင်ရွာ ကလေးမြို့သို့ ထွက်ခွာလာသည့် အင်အား ၁၄၀ခန့်ရှိသည့် စစ်ကောင်စီကို ဟဲလုပ်ရွာအနီးတွင် CDF(KKG)နှင့် CNDF တို့က ခြုံခိုတိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်ကောင်စီတပ်သား ၄ဦးသေဆုံးခဲ့သည်။

CDF(KKG)တပ်ဖွဲ့ဝင်တစ်ဦး ။ဓါတ်ပုံ-CDF

အကြမ်းဖက်စစ်ကောင်စီတပ်နှင့်ဒေသခံပြည်သူကာကွယ်ရေးတပ်များကြား ဧပြီ၁၀ ရက်က သုံးကြိမ်တိုက်ပွဲဖြစ်ပွားရာ အကြမ်းဖက်စစ်ကောင်စီတပ်ဘက် ၁၀ဦးသေဆုံးခဲ့ကြောင်း ဒေသခံကာကွယ်ရေးတပ်များက ထုတ်ပြန်သည်။

ကလေးမြို့တောင်ပိုင်းတွင်ချင်းအမျိုးသားကာကွယ်​ရေးတပ်- CNDFနှင့် ချင်း​ဒေသကာကွယ်​ရေးတပ်-CDF(ကလေး၊ ကဘော်၊ ဂန့်ဂေါ)ပူး​ပေါင်းအဖွဲ့နှင့်အကြမ်းဖက်စစ်ကောင်စီတို့ကြား သုံးကြိမ်ထိတွေ့ခဲ့ခြင်းဖြစ်သည်။

ဧပြီ၁၀ ရက် နံနက် ၁၁နာရီခန့်တွင် ကလေးမြို့တောင်းပိုင်း ရန်ကြီးအောင်ရွာ ကလေးမြို့သို့ ထွက်ခွာလာသည့် အင်အား ၁၄၀ခန့်ရှိသည့် စစ်ကောင်စီကို ဟဲလုပ်ရွာအနီးတွင် CDF(KKG)နှင့် CNDF တို့က ခြုံခိုတိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်ကောင်စီတပ်သား ၄ဦးသေဆုံးခဲ့သည်။

ထိုအတူ မွန်းလွဲပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် CNDFနှင့် CDF(KKG) ပူး​ပေါင်းတပ်တို့ကြား ပန်းမွန်ချောင်းအနီးတွင် တိုက်ပွဲဖြစ်ပွားရာ အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှာ ၂ နှစ်ဦးထပ်မံသေဆုံးခဲ့သည်။

Public Service Announcement

Public Service Announcement

CNDF တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-CNO

အလားတူ ညနေ ၄နာရီခန့်တွင် နတ်ချောင်းရွာအနီးတွင် CDF(KKG)၊CNDFပူး​ပေါင်းအဖွဲ့နှင့် စစ်​ကောင်စီတပ်တို့ကြားတိုက်ပွဲထပ်မံဖြစ်ပွားရာ အကြမ်းဖက်စစ်ကောင်စီတပ်က ၄ဦးထပ်မံသေဆုံးခဲ့သည်။

ကလေးမြို့နယ်တောင်ပိုင်း၌ တိုက်ပွဲအခြေအနေတင်းမာမှုများပိုမိုဖြစ်ပေါ်လာနိုင်တာကြောင့်ဧပြီ၉ ရက်မှစတင်ပြီး ရက်သတ္တ(၁)ပတ်အတွင်း ကလေး-ဂန့်ဂေါလမ်း၌ သွားလာခြင်းများ လုံးဝမပြုလုပ်ကြပါရန်ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များက ပြည်သူများသို့ သတိပေးမေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ရခိုင်နဲ့ မကွေးအစပ်က မင်းတုန်းမြို့နယ်တိုက်ပွဲမှာ စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံး‌နေတယ်လို့ မြေပြင်သတင်းရင်းမြစ်နဲ့ရဲဘော်တချို့က ပြောပါတယ်။

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

Facebook