Connect with us

Hi, what are you looking for?

LuduNwayOo

News

အဓမ္မဖမ်းဆီးခံထားရသော မန္တလေးသပိတ်ခေါင်းဆောင် အသက်အန္တရာယ်စိုးရိမ်​နေရ

ကိုသူရအောင်အား အကြမ်းဖက်စစ်ကောင်စီက ပြီးခဲ့သည့် ဖေဖော်ဝါရီ ၉ ရက်တွင် မတရားဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးခံရချိန်မှ ယနေ့အချိန်ထိ မိသားစုဝင်များ၊ မိတ်ဆွေများ၊ ရှေ့နေများနှင့် အဆက်အသွယ်မရသေးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အကြမ်းဖက်စစ်ကောင်စီ၏ အဓမ္မဖမ်းဆီးခံထားရသော မန္တလေးသပိတ်ခေါင်းဆောင် ကိုသူရအောင်သည် အသက်အန္တရာယ်အထူးစိုး ရိမ်ရသည့်အခြေအနေတွင် ရှိနေကြောင်း မန္တလေးသပိတ်အင်အားစုက ယနေ့(ဧပြီ ၁၁) ထုတ်ပြန်သည်။

ကိုသူရအောင်အား အကြမ်းဖက်စစ်ကောင်စီက ပြီးခဲ့သည့် ဖေဖော်ဝါရီ ၉ ရက်တွင် မတရားဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးခံရချိန်မှ ယနေ့အချိန်ထိ မိသားစုဝင်များ၊ မိတ်ဆွေများ၊ ရှေ့နေများနှင့် အဆက်အသွယ်မရသေးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“အဓမ္မ ဖမ်းဆီးခံထားရတဲ့ မန္တလေးသပိတ်ခေါင်းဆောင် ကိုသူရအောင်ဟာ ဖက်ဆစ် အကြမ်းဖက် စစ်အုပ်စုရဲ့ လူမဆန်စွာ ရက်စက်ကြမ်းကြုတ်လှတဲ့ စစ်ကြောရေးမှာ အသက်အန္တရာယ် ရှိနေတယ် (သို့မဟုတ်) ကျဆုံးသွားပြီဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ကြားနေရပါတယ်”ဟု ထုတ်ပြန်သည်။

ထို့ကြောင့် ကိုသူရအောင် အသက်ဘေးအခြေအနေမှန်ကို သိရှိနိုင်ရေး၊ အသက်အန္တရာယ် ဘေးကင်းလုံခြုံမှုရှိရေး၊ မိသားစုဝင်များ၊ မိတ်ဆွေများနဲ့ အမြန်ဆုံး အဆက်အသွယ်ရရှိရေးတို့အတွက် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)၊ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းများ၊ ရှေ့နေရှေ့ရပ်များ၊ သံရုံးနှင့် သံတမန် အဖွဲ့အစည်းများအနေဖြင့် အရေးပေါ် ကြားဝင် ကူညီဆောင်ရွက်ပေးရန် မန္တလေးသပိတ်အင်အားစုက မေတ္တာရပ်ခံထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

AAအနေဖြင့် စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ရက္ခိုင်ပြည်သူအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုတွေအားလုံးကို မှတ်တမ်းတင်ထားပြီး ပြစ်မှုကျူးလွန်သူ အားလုံးကို အရေးယူနိုင်ရေး ဆက်လက်ကြိုးစားသွားမည်ဟု အသိပေးထားသည်။

မေးမြန်းခန်း

ရက္ခိုင့်တပ်​တော်-AA ရဲ့ထိုးစစ်​ကြောင့် မရှုမလှ ရှုံးနိမ့်ပြီး မြို့​တွေဆက်တိုက်လက်လွှတ်​နေရတဲ့ စစ်​ကောင်စီဟာ ရိုဟင်ဂျာ​တွေကို အသုံးချပြီး ရခိုင် နဲ့ ရိုဟင်ဂျာ ကြားလူမျိုး​ရေးပြသာနာဖန်တီးဖို့လည်း ကြိုးစား​နေပါတယ်။

သတင်း

မန္တလေးမြို့အပြင် ပုသိမ်၊ နေပြည်တော်၊ ပဲခူးရုံးခွဲတို့၏ ပတ်စ်ပို့လုပ်ငန်းများကိုလည်း ဝက်ဘ်ဆိုက်၌ ကြိုတင် စာရင်းသွင်းနိုင်သည်ဟု စစ်ကောင်စီက ဆိုသည်။

ဆောင်းပါး

စစ်ကောင်စီအသက်သွင်းလိုက်သည့် စစ်မှုထမ်းဥပဒေသည် နိုင်ငံတွင်းရှိ ယောင်ဝါးဝါးနေနေသော ပြည်သူအချို့အား ဘက်တစ်ဘက်၌ ခြေစုံချရပ်ရန် သတိပေးလိုက်ခြင်းပင်ဖြစ်သည်ဟုပြည်သူများက​ပြောသည်။