Connect with us

Hi, what are you looking for?

News

အဓမ္မဖမ်းဆီးခံထားရသော မန္တလေးသပိတ်ခေါင်းဆောင် အသက်အန္တရာယ်စိုးရိမ်​နေရ

ကိုသူရအောင်အား အကြမ်းဖက်စစ်ကောင်စီက ပြီးခဲ့သည့် ဖေဖော်ဝါရီ ၉ ရက်တွင် မတရားဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးခံရချိန်မှ ယနေ့အချိန်ထိ မိသားစုဝင်များ၊ မိတ်ဆွေများ၊ ရှေ့နေများနှင့် အဆက်အသွယ်မရသေးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အကြမ်းဖက်စစ်ကောင်စီ၏ အဓမ္မဖမ်းဆီးခံထားရသော မန္တလေးသပိတ်ခေါင်းဆောင် ကိုသူရအောင်သည် အသက်အန္တရာယ်အထူးစိုး ရိမ်ရသည့်အခြေအနေတွင် ရှိနေကြောင်း မန္တလေးသပိတ်အင်အားစုက ယနေ့(ဧပြီ ၁၁) ထုတ်ပြန်သည်။

ကိုသူရအောင်အား အကြမ်းဖက်စစ်ကောင်စီက ပြီးခဲ့သည့် ဖေဖော်ဝါရီ ၉ ရက်တွင် မတရားဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးခံရချိန်မှ ယနေ့အချိန်ထိ မိသားစုဝင်များ၊ မိတ်ဆွေများ၊ ရှေ့နေများနှင့် အဆက်အသွယ်မရသေးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“ အဓမ္မ ဖမ်းဆီးခံထားရတဲ့ မန္တလေးသပိတ်ခေါင်းဆောင် ကိုသူရအောင်ဟာ ဖက်ဆစ် အကြမ်းဖက် စစ်အုပ်စုရဲ့ လူမဆန်စွာ ရက်စက်ကြမ်းကြုတ်လှတဲ့ စစ်ကြောရေးမှာ အသက်အန္တရာယ် ရှိနေတယ် (သို့မဟုတ်) ကျဆုံးသွားပြီဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ကြားနေရပါတယ်” ဟု ထုတ်ပြန်သည်။

ထို့ကြောင့် ကိုသူရအောင် အသက်ဘေးအခြေအနေမှန်ကို သိရှိနိုင်ရေး၊ အသက်အန္တရာယ် ဘေးကင်းလုံခြုံမှုရှိရေး၊ မိသားစုဝင်များ၊ မိတ်ဆွေများနဲ့ အမြန်ဆုံး အဆက်အသွယ်ရရှိရေးတို့အတွက် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)၊ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းများ၊ ရှေ့နေရှေ့ရပ်များ၊ သံရုံးနှင့် သံတမန် အဖွဲ့အစည်းများအနေဖြင့် အရေးပေါ် ကြားဝင် ကူညီဆောင်ရွက်ပေးရန် မန္တလေးသပိတ်အင်အားစုက မေတ္တာရပ်ခံထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

အတွေးအမြင်

-ကိုလီနို(လှိုင်သာယာ)​ရေးသားသည်။ မန္တလေးဆိုသည် နှင့် တချိန်ကယဉ်ကျေးမှု၊ အနုပညာနှင့် ကုန်သွယ်စီးပွားရေးတို့ အေးချမ်းစွာ စီးဆင်းရာ မြို့တော်တခုအဖြစ်မြင်ကြပေလိမ့်မည်။ သို့သော် ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် မန္တလေး၏ မြို့ပြလူနေမှုစနစ် နှင့်တရားဥပဒေစိုးမိုးရေးကို ဇောက်ထိုးမိုးမျှော် ဖြစ်သွားစေခဲ့သည်။ ယနေ့ကာလ မန္တလေးမြို့လယ်ခေါင်တွင် သေနတ်ကိုင်၊ ဓားကိုင်ခွင့်ရထားသည့်အာဏာပိုင်တို့၏ လက်ပါးစေဇိုးများ၊...

သတင်း

မန္တလေးမြို့မှာ Tiktok ဆယ်လီတစ်ဦးက စီးပွားရေးသမားချင်းဖြစ်တဲ့ပြဿနာကို သူ့ဆိုင်ရှေ့မှာ စစ်တပ် လက်နက်တပ်ဆင်ပေးထားတဲ့ လူမိုက်တွေခေါ်ယူကာ အင်အားပြခဲ့ပါတယ်။

သတင်း

မန္တလေးတိုင်းအတွင်းမနေ့ (မေလ ၁၇ ရက်)တစ်ရက်တည်းမှာတင်ပြင်ဦးလွင်နဲ့ မဟာအောင်မြေမြို့နယ်တွေမှာကလေးလေးဦးရေနစ်သေဆုံးခဲ့တယ်လို့လူမှုကူညီရေးအဖွဲ့တွေထံကသိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် သမင်ခြံရွာကို ဝင်ရောက်ခဲ့တဲ့ စစ်တပ်စစ်ကြောင်းဟာ ဒေသခံ အမျိုးသား၁၀ဦးကို ဖမ်းဆီးသွားပြီး အခုအထိ ဖမ်း‌ဆီးခံရသူတွေရဲ့သတင်းအစအန ပျောက်နေတယ်လို့ ဒေသခံတွေ‌က ပြောပါတယ်။