Connect with us

Hi, what are you looking for?

LuduNwayOo

News

ပခုက္ကူတွင် တစ်ထောင်ကျပ်စီပေးပြီး ရေကစားခိုင်းသည်ဆိုသော တရုတ် အထည်ချုပ်စက်ရုံ အသံမိုင်းဖြင့်ဖောက်ခွဲ သတိပေး

လာမည့်သင်္ကြန်ကာလအတွင်း ရေစကြိုနယ်ရှိ ပြည်သူများ ရေပက်ကစားခြင်း၊ လည်ပတ်ခြင်း များမပြုလုပ်ကြရန် Yesagyo Revolution Group (YRG)က မေတ္တာရပ်ခံ အသိပေးထားသည်။

မကွေးတိုင်း ပခုက္ကူမြို့နယ်တွင် တစ်ထောင်ကျပ်စီပေးပြီး ရေကစားခိုင်းသည် ဆိုသော တရုတ်နိုင်ငံသားပိုင် အထည်ချုပ်စက်ရုံတစ်ရုံအား အသံမိုင်းဖြင့် ဖောက်ခွဲသတိပေးခဲ့ကြောင်း Yesagyo Revolution Group (YRG)က အသိပေးထုတ်ပြန်သည်။

ပခုက္ကူမြို့နယ် ပန်းတိုင်းခြုံရွာအနီးရှိ တရုတ်နိုင်ငံသားပိုင် အထည်ချုပ်စက်ရုံ တစ်ခုကို ယနေ့(ဧပြီ၁၁ ရက်) နံနက် ၁၁နာရီခန့်က Yesagyo Revolution Group (YRG)နှင့် မဟာမိတ်ညီနောင်ဖြစ်သောUrban Underground Revolution Force(UURF-YSO) အဖွဲ့တို့ ပူးပေါင်း၍ အသံမိုင်းဖြင့် ဖောက်ခွဲ သတိပေးခဲ့ကြောင်း YRG အဖွဲ့က ထုတ်ပြန်သည်။

ဖြစ်စဉ်မှာ စက်ရုံပိုင်ရှင် တရုတ်သူဌေးအမျိုးသမီးသည် သင်္ကြန်အကြိုနေ့တွင် အထည်ချုပ် အလုပ်သမားများ မပျက်မကွက်လာရောက်ခိုင်းစေပြီး ညနေပိုင်းအချိန်တွင် မုန့်ဖိုးအဖြစ် တစ်ထောင်ကျပ်စီပေး၍ အတင်းအဓမ္မ ရေကစားခိုင်းမည်ဟု သတင်းရရှိသောကြောင့် “အသံမိုင်း”ဖြင့် သတိပေးကြေညာစာရွက်နှင့်အတူသွားရောက် သတိပေးခဲ့ခြင်းဖြစ်ကြောင်း YRGက ပြောသည်။

အဆိုပါဖြစ်စဥ်နှင့်ပတ်သက်၍ ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များသို့ ဆက်သွယ်မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပါ။

Public Service Announcement

Public Service Announcement

လာမည့်သင်္ကြန်ကာလအတွင်း ရေစကြိုနယ်ရှိ ပြည်သူများ ရေပက်ကစားခြင်း၊ လည်ပတ်ခြင်း များမပြုလုပ်ကြရန် Yesagyo Revolution Group (YRG)က မေတ္တာရပ်ခံ အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကားအစီးရေ ၁၀၀ ခန့်ပါရှိသည့် စစ်ကောင်စီယာဉ်တန်းသည် မတ်လ ၂၂ရက်တွင် ပခုက္ကူမြို့မှထွက်လာပြီး မတ်လ ၂၃ ရက်တွင် ကမ္မမြို့သို့ရောက်ရှိခဲ့သည်။ ကမ္မမြို့သို့‌မရောက်ခင် ကာကွယ်ရေးတပ်ဖွဲ့များက စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

"မိုင်းတွေရော၊ ဒရုန်းဗုံးရောမိတာ။ မြေပြင်အဖွဲ့တွေလူစုကွဲနေပြီး ဂစဥ့်ကလျားဖြစ်နေတယ်။ စစ်သုံးဒရုန်းတွေလည်း ပျက်စီးတယ်ကြားတယ်" ဟု ဒေသကာကွယ်ရေးဘော်တဦးကပြောသည်။

သတင်း

စစ်ကောင်စီ ထောင်ထားသော စွန့်လွှတ်မိုင်းအား နင်းမိသောကြောင့် ပလက်ဝမြို့နယ်၊ ဖွေလိုက်ဝ (၂) ကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ရသည်ဟုလည်း အသိပေးထားသည်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ အလုပ်လက်မဲ့ ဦးရေ အချိုးအစားဟာ လက်ရှိမှာ ၁ ရာခိုင်နှုန်းအောက်သာ ရှိနေပြီး ထိုင်းအနေနဲ့ မြန်မာ အပါအဝင် အိမ်နီးချင်း နိုင်ငံတွေဆီက လုပ်သားရင်းမြစ်တွေကို ပိုမို လိုအပ်နေတယ်လို့လည်းဆရက်သာက ဆိုပါတယ်။