မကွေးတိုင်း ပခုက္ကူမြို့နယ်တွင် တစ်ထောင်ကျပ်စီပေးပြီး ရေကစားခိုင်းသည် ဆိုသော တရုတ်နိုင်ငံသားပိုင် အထည်ချုပ်စက်ရုံတစ်ရုံအား အသံမိုင်းဖြင့် ဖောက်ခွဲသတိပေးခဲ့ကြောင်း Yesagyo Revolution Group (YRG)က အသိပေးထုတ်ပြန်သည်။
ပခုက္ကူမြို့နယ် ပန်းတိုင်းခြုံရွာအနီးရှိ တရုတ်နိုင်ငံသားပိုင် အထည်ချုပ်စက်ရုံ တစ်ခုကို ယနေ့(ဧပြီ၁၁ ရက်) နံနက် ၁၁နာရီခန့်က Yesagyo Revolution Group (YRG)နှင့် မဟာမိတ်ညီနောင်ဖြစ်သောUrban Underground Revolution Force(UURF-YSO) အဖွဲ့တို့ ပူးပေါင်း၍ အသံမိုင်းဖြင့် ဖောက်ခွဲ သတိပေးခဲ့ကြောင်း YRG အဖွဲ့က ထုတ်ပြန်သည်။
ဖြစ်စဉ်မှာ စက်ရုံပိုင်ရှင် တရုတ်သူဌေးအမျိုးသမီးသည် သင်္ကြန်အကြိုနေ့တွင် အထည်ချုပ် အလုပ်သမားများ မပျက်မကွက်လာရောက်ခိုင်းစေပြီး ညနေပိုင်းအချိန်တွင် မုန့်ဖိုးအဖြစ် တစ်ထောင်ကျပ်စီပေး၍ အတင်းအဓမ္မ ရေကစားခိုင်းမည်ဟု သတင်းရရှိသောကြောင့် “ အသံမိုင်း” ဖြင့် သတိပေးကြေညာစာရွက်နှင့်အတူသွားရောက် သတိပေးခဲ့ခြင်းဖြစ်ကြောင်း YRGက ပြောသည်။
အဆိုပါဖြစ်စဥ်နှင့်ပတ်သက်၍ ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များသို့ ဆက်သွယ်မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပါ။

Public Service Announcement
လာမည့်သင်္ကြန်ကာလအတွင်း ရေစကြိုနယ်ရှိ ပြည်သူများ ရေပက်ကစားခြင်း၊ လည်ပတ်ခြင်း များမပြုလုပ်ကြရန် Yesagyo Revolution Group (YRG)က မေတ္တာရပ်ခံ အသိပေးထားသည်။

















































