Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ်မီးရှို့ခဲ့သည့် ကင်းရွာမီးလောင်ပြင်နေရာတွင် ဒေသခံနှစ်ဦး အလောင်းတွေ့

မီးလောင်ပြင်၌တွေ့ရသည့် ဒေသခံနှစ်ဦးမှာ ကင်းရွာသားများဖြစ်သည့် ဦးကျော်စိုးနှင့် ကိုရာဇာမင်းတို့ ဖြစ်နိုင်သည်ဟု ရွာခံများက သုံးသပ်ထား ကြောင်း ၎င်းက ဆိုသည်။

မန္တလေးတိုင်း မတ္တရာမြို့နယ် ကင်းရွာမှ နေအိမ်ငါးလုံးကို စစ်ကောင်စီတပ်က ဧပြီ ၈ရက် ညပိုင်း၌ မီးရှို့ဖျက်ဆီးခဲ့ရာ မီးလောင်ပြင်နေရာအား ရှင်းလင်းစဉ် ဒေသခံနှစ်ဦး၏ ရုပ်အလောင်းများတွေ့ရကြောင်း မတ္တရာဒေသခံတစ်ဦးက သတင်းပေးပို့သည်။

“ ဒီမနက် ၁၁နာရီက တွေ့တာ။ စသိရတာက ဟိုတစ်နေ့က မီးရှို့ထားတဲ့ အိမ်နေရာကို ရှင်းလင်းရေးလုပ်တာ။ အဲဒီလို မီးလောင်ထားတဲ့အကြွင်းအကျန် တွေကို ရှင်းလင်းရေး လုပ်ရာကနေ အဲဒီကနေ သွပ်တွေအောက်က ထွက်လာတယ်ပြောတယ်။ အလောင်းကတော့ ပြာတွေနဲ့ ရောနေတယ်။ အလောင်းနှစ်လောင်းတွေ့တာ”ဟု ဒေသခံက ပြောသည်။

မီးလောင်ပြင်၌တွေ့ရသည့် ဒေသခံနှစ်ဦးမှာ ကင်းရွာသားများဖြစ်သည့် ဦးကျော်စိုးနှင့် ကိုရာဇာမင်းတို့ ဖြစ်နိုင်သည်ဟု ရွာခံများက သုံးသပ်ထား ကြောင်း ၎င်းက ဆိုသည်။

“ရာဇာမင်းဆိုတဲ့ တစ်ယောက်က စစ်ကြောရေးပါသွားသလိုလို၊ မတ္တရာရဲစခန်း ပါသွားသလိုလို နန်းတွင်းထဲ ပါသွားသလိုလို အဲဒီလိုဖြစ်တယ်လေ။ သူတို့လွှင့်ထားခဲ့တဲ့ သတင်းက အဲဒီလိုရှိတယ်။ နောက်ထပ် သတင်းတစ်ခုက သူတို့ မီးရှို့ပြီး ပြန်သွားတဲ့ညမှာ ကိုကျော်စိုးဆိုတဲ့ အသက် ၅၂နှစ်အရွယ် တစ်ယောက်ကိုလည်း ဖမ်းခေါ်သွားတယ်ဆိုပြီး ကောလဟလ ကျန်ခဲ့တာရှိတယ်။ အခု အဲဒီမှာတွေ့တဲ့နှစ်လောင်းက ကိုကျော်စိုးအလောင်းနဲ့ ကိုရာဇာမင်းအလောင်းဖြစ်နိုင်တယ်လို့ ရွာက သုံးသပ်ကြတာပေါ့” ဟု ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

မတ္တရာမြို့နယ် တောင်ကန်အုပ်စု ကင်းရွာကို စစ်ကောင်စီတပ်က ဧပြီ ၇ရက်တွင် ဝင်ရောက်ပြီး ပြန်အထွက် ဧပြီ ၈ရက်ညပိုင်း၌ နေအိမ် ငါးလုံးကိုမီးရှို့ဖျက်ဆီးခဲ့ရာ ဦးအောင်မောင်း ပိုင်ဆိုင်သည့် နေအိမ်မှ ရုပ်အလောင်းများတွေ့ရှိရခြင်းဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်အနေဖြင့် ယခုဖြစ်စဉ်မတိုင်မီကလည်း ကင်းရွာသို့ မကြာခဏ ဝင်ရောက်ပြီး နှစ်ကြိမ်တိုင်တိုင်မီးရှို့ခဲ့ဖူးသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က ရှစ်မျက်နှာဘုရားမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ မြို့တွင်းက ကြောင်ပန်းခုံကျေးရွာ ဝင်ရောက်စီးနင်းမီးရှို့ခဲ့ပြီး မီးငြှိမ်းတဲ့ ဒေသခံတွေကိုပါ သေနတ်နဲ့လိုက်လံ ပစ်ခတ်ခဲ့တယ်လို့ မြို့နယ်လူသားစာနာ တာဝန်ခံက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ သံလျှက်မော်တောင်ရပ်ကွက်ရှိရွှေတချောင်းမြောင်းမှာဦးခေါင်းဒဏ်ရာတွေရပြီးသေဆုံးနေတဲ့အမျိုးသားတစ်ဦးရဲ့ရုပ်အလောင်းကိုမနေ့ ( စက်တင်ဘာလ ၁ ရက် ) မနက်ပိုင်းက တွေ့ရှိခဲ့တယ်လို့လူမူကူညီရေး လုပ်ကိုင်သူတချို့ဆီက သိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ရွှေဒါးကျကျေးရွာကို ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အာဏာသိမ်းစစ်တပ် စစ်ကြောင်းဝင်ရောက်လာပြီးနောက် နေအိမ်တွေကိုမီးရှို့တာတွေပြုလုပ် နေတယ်လို့ သတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။