Connect with us

Hi, what are you looking for?

News

ကမ္ဘောဇဘဏ် ဓားပြတိုက်ခံရမှု အမျိုးသမီး ၃ ဦးပါအဝင် ၁၈ ဦးထိ စစ်ကောင်စီဖမ်းဆီးထားဟုဆို၊ ကားနံပါတ်ကိုခြေရာခံကာ ဖမ်းဆီးတာလို့ စစ်ကောင်စီသတင်းဖြန့်

ဧပြီလ ၆ ရက်က တောင်ဥက္ကလာ ကမ္ဘောဇဘဏ်ခွဲဓားပြတိုက်ခံရပြီး ငွေကျပ် သိန်း ၂၀၀၀ ကျော်ပါသွားတယ်လို့စစ်ကောင်စီက သတင်းဖြန့်ထားပါတယ်။

People's Spring
People's Spring

တောင်ဥက္ကလာပ မြို့နယ်အတွင်းက ကမ္ဘောဇဘဏ်ခွဲ ဓားပြတိုက်ခံရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီဟာ အမျိုးသမီး ၃ ဦးအပါအဝင် စုစုပေါင်း ၁၈ ကို ဖမ်းဆီးထားပါတယ်။

ဧပြီလ ၆ ရက်က တောင်ဥက္ကလာ ကမ္ဘောဇဘဏ်ခွဲဓားပြတိုက်ခံရပြီး ငွေကျပ် သိန်း ၂၀၀၀ ကျော်ပါသွားတယ်လို့စစ်ကောင်စီက သတင်းဖြန့်ထားပါတယ်။

ဖမ်းဆီးထားတဲ့သူတွေကို ဘဏ် ဓားပြတိုက်ရာမှာ အသုံးပြုတဲ့ ကားနံပါတ်ကတဆင့်ခြေရာခံကာ အဆင့်ဆင့် ဖမ်းမိတာလို့လည်း စစ်ကောင်စီက ဆိုထားပါသေးတယ်။

ပါဝင်သူ ၂၃ ဦးထိရှိပြီး ၁၈ ဦးဖမ်းမိကာ ဖမ်းဖို့ ၅ ဦးကျန်သေးတယ်လို့လည်း စစ်ကောင်စီက ထုတ်ပြန်ထားတာတွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

ဖမ်းဆီးထားသူတွေကို စမ်းချောင်း ၊ အလုံ ၊မင်္ဂလာဒုံ ၊မရမ်းကုန်းမြို့နယ်တွေအတွင်းအများဆုံးဖမ်းဆီးခဲ့တာလို့ဆိုပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်မှုထမ်းရန်နှင့်ငွေညှစ်ရန် စစ်ကောင်စီ ဖမ်းဆီးသည့် လူငယ် ၈၇ ဦးရှိဟုဆို

သတင်း

ရက္ခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ကို အောက်တိုဘာ ၄ရက်က စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုအတွင်း ဒဏ်ရာရသူမျာအနက်နှစ်ဦး ထပ်မံသေဆုံးရာ စုစုပေါင်း ခုနစ်ဦး သေဆုံးခဲ့ပြီဖြစ်သည်။

သတင်း

တောင်ခမ်း (၉၀၂)တပ်ရင်းသို့ လေယာဉ်ဖြင့် လက်နက်ခဲယမ်း ၆၀ ထုပ်ကြဲချ ဖြည့်တင်း

သတင်း

စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်ကောင်စီ ကောက်ယူမယ့် သန်းခေါင်စာရင်းကို ဆန့်ကျင်ကြဖို့ ဒီကနေ့ (အောက်တိုဘာ ၅)မှာ အသီးသီး လှုံ့ဆော်ဆန္ဒပြခဲ့ပါတယ်။

Facebook