Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ်စခန်းတစ်ခုကို KNU ပူးပေါင်းတပ်က တိုက်ခိုက်ရာ လက်နက်ခဲယမ်းများရ

လက်ရှိတွင် စစ်ကောင်စီတပ်က လေးကေ့ကော်ဒေသသို့ အင်အားဖြည့်တင်းနေစဉ် သင်္ဃန်းညီနောင်ရှိ စစ်ကောင်စီတပ် တိုက်ခိုက်ခံရခြင်းဖြစ်သည်။

ကရင်ပြည်နယ် မြ၀တီမြို့နယ်အခြေစိုက် စစ်ကောင်စီ၏ ခလရ(၂၇၅)၏ တပ်စခန်းတစ်ခုကို ကရင်အမျိုးသားအစည်းအရုံး(KNU) ဦးဆောင်သည့် ပူးပေါင်းတပ်က ယနေ့(ဧပြီ ၁၂ရက်) နံနက်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ညီနောင်ဘက်မှာ ဖြစ်ခဲ့တယ်။ အဲဒီမှာ ပစ္စည်းတွေရတယ်။ ၂၇၅ ဆိုတာက သင်္ဃန်းညီနောင်နဲ့ မြ၀တီကြားမှာ ။ အဲဒီမှာပစ္စည်းတွေရတယ်။ လက်နက်တွေရတယ်။ ခဲယမ်းမီးကျောက်တွေလည်းရတယ်”ဟု ကော့ကရိတ်ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

အဆိုပါ တိုက်ခိုက်မှုတွင် နှစ်ဖက်ထိခိုက်ကျဆုံးမှု အခြေအနေကို မသိရသေးဟုဒေသခံက ပြောသည်။

KNUနှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းထားသည့် ကျားသစ်နက်စစ်ကြောင်းမှ တပ်ဖွဲ့ဝင်တစ်ဦးက ယနေ့ နံနက် ၇နာရီတွင် ခလရ(၂၇၅)၏ စခန်းတစ်ခုကို သိမ်းပိုက်ခဲ့ရာ လက်နက်ငယ် ​လေးလက် ၊ (၆၀)မမတစ်လက်နက်နှင့် ခဲယမ်းများရရှိခဲ့ကြောင်း ၎င်း၏ Facebookတွင် သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများနှင့်အတူရေးသား ဖော်ပြသည်။

Public Service Announcement

Public Service Announcement

မြ၀တီမြို့နယ် လေးကေ့ကော်ဒေသတွင်လည်း ဧပြီ ၁၀ရက်က စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များကို KNUနှင့် PDF ပူးပေါင်း ကော်ဘရာစစ်ကြောင်းက ခုခံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု အကြိမ်ကြိမ် အသုံးပြုခဲ့ရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်က လေးကေ့ကော်ဒေသသို့ အင်အားဖြည့်တင်းနေစဉ် သင်္ဃန်းညီနောင်ရှိ စစ်ကောင်စီတပ် တိုက်ခိုက်ခံရခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ၀က်လက်မြို့နယ်အရှေ့ခြမ်းနဲ့ ဧရာဝတီမြစ်ရိုးတလျောက်တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်ထံက ဂျန်ဘာကားအပါအ၀င် စစ်ကား ၅စီး၊ဒရုန်းတွေနဲ့လက်နက်တွေ သိမ်းဆည်းရရှိတယ်လို့ရွှေဘိုခရိုင် အမှတ် (၂)တပ်ရင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။