Connect with us

Hi, what are you looking for?

LuduNwayOo

News

ဖရူဆိုတွင် စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရပြီး ရှစ်ဦး​သေ

တိုက်ပွဲအတွင်း KNDF တပ်ဖွဲ့မှ ထိခိုက်ဒဏ်ရာမရရှိခဲ့သော်လည်း မဟာမိတ်တပ်ဖွဲ့ဖက်မှ မစိုးရိမ်ရသော ထိခိုက်ဒဏ်ရာတစ်ဦးရရှိခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဓာတ်ပုံ - KNDF

▪️လက်နက်ခဲယမ်းများသိမ်းဆည်းရရှိဟု KNDF ထုတ်ပြန်

ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီကို ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ရှစ်ဦးသေဆုံးပြီး လက်နက်ခဲယမ်းအချို့သိမ်းဆည်းရမိကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)တပ်ရင်း-၁၅ က ယနေ့(ဧပြီ ၁၃ရက်) ထုတ်ပြန် သည်။

တိုက်ပွဲဖြစ်စဥ်မှာ ယမန်နေ့(ဧပြီ ၁၂ ရက်) ညနေ ၄နာရီခန့်တွင် မာ‌ခရော်ရှေ့ကျေးရွာနှင့်လောကျေခူ​ရွာသစ်ကျေးရွာကြားတွင် တံတားပြုပြင်ရန် စစ်ကြောင်းထိုးလားသော လေ့ကျင့်ရေးအမှတ် (၁၄)တပ်မှ အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

ဓာတ်ပုံ – KNDF

“အကြမ်းဖက်စကစဖက်၏ အိမ်စီး ကားသေးတစ်စီး၊ဘက်ဖိုးသယ်လာ‌သောဆယ်ဘီး ဒါဘာကားကြီးတစ်စီးနှင့်အတူ ဘက်ဖိုးကားတစ်စီး ဖျက်ဆီးနိုင်ခဲ့ပြီး MA2တစ်လက်နှင့်ခဲယမ်းအချို့သိမ်းဆည်းရမိခဲ့သည်”ဟု KNDF တပ်ရင်း-၁၅က ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် အကြမ်းဖက်စစ်​ကောင်စီဘက်မှ ရှစ်ဦး ​သေဆုံးပြီး ပြင်းထန်ဒဏ်ရာ တစ်ချို့ရရှိခဲ့ကြောင်း အသိပေးသည်။

တိုက်ပွဲအတွင်း KNDF တပ်ဖွဲ့မှ ထိခိုက်ဒဏ်ရာမရရှိခဲ့သော်လည်း မဟာမိတ်တပ်ဖွဲ့ဖက်မှ မစိုးရိမ်ရသော ထိခိုက်ဒဏ်ရာတစ်ဦးရရှိခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဧပြီပထမအပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်များသည် ဒီးမော့ဆို – ဖရူဆို ကားလမ်းမတစ်လျှောက် အပြင်းအထန်ထိုးစစ်ဆင်လျက်ရှိပြီး ဖရူဆိုနှင့်ဘောလခဲမြို့နယ်များသို့ တပ်အင်အားနှင့် ရိက္ခာများ ပို့ဆောင်ရန် ကြိုစားနေသည်ဟု KNDF က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

နိုင်ငံတကာ

ပြည်နယ် အစိုးရဟာ အခင်းဖြစ်တဲ့ နေရာမှာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးတွေ ဆောင်ရွက်ဖို့ အင်အား ၅၀၀ လောက်ကို ချက်ချင်း စေလွှတ်ပေးခဲ့ပါတယ်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။