Connect with us

Hi, what are you looking for?

News

ဖရူဆိုတွင် စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရပြီး ရှစ်ဦး​သေ

တိုက်ပွဲအတွင်း KNDF တပ်ဖွဲ့မှ ထိခိုက်ဒဏ်ရာမရရှိခဲ့သော်လည်း မဟာမိတ်တပ်ဖွဲ့ဖက်မှ မစိုးရိမ်ရသော ထိခိုက်ဒဏ်ရာတစ်ဦးရရှိခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဓာတ်ပုံ - KNDF

▪️လက်နက်ခဲယမ်းများသိမ်းဆည်းရရှိဟု KNDF ထုတ်ပြန်

ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီကို ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ရှစ်ဦးသေဆုံးပြီး လက်နက်ခဲယမ်းအချို့သိမ်းဆည်းရမိကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)တပ်ရင်း-၁၅ က ယနေ့(ဧပြီ ၁၃ရက်) ထုတ်ပြန် သည်။

တိုက်ပွဲဖြစ်စဥ်မှာ ယမန်နေ့(ဧပြီ ၁၂ ရက်) ညနေ ၄နာရီခန့်တွင် မာ‌ခရော်ရှေ့ကျေးရွာနှင့်လောကျေခူ​ရွာသစ်ကျေးရွာကြားတွင် တံတားပြုပြင်ရန် စစ်ကြောင်းထိုးလားသော လေ့ကျင့်ရေးအမှတ် (၁၄)တပ်မှ အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

ဓာတ်ပုံ – KNDF

“အကြမ်းဖက်စကစဖက်၏ အိမ်စီး ကားသေးတစ်စီး၊ဘက်ဖိုးသယ်လာ‌သောဆယ်ဘီး ဒါဘာကားကြီးတစ်စီးနှင့်အတူ ဘက်ဖိုးကားတစ်စီး ဖျက်ဆီးနိုင်ခဲ့ပြီး MA2တစ်လက်နှင့်ခဲယမ်းအချို့သိမ်းဆည်းရမိခဲ့သည်”ဟု KNDF တပ်ရင်း-၁၅က ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် အကြမ်းဖက်စစ်​ကောင်စီဘက်မှ ရှစ်ဦး ​သေဆုံးပြီး ပြင်းထန်ဒဏ်ရာ တစ်ချို့ရရှိခဲ့ကြောင်း အသိပေးသည်။

တိုက်ပွဲအတွင်း KNDF တပ်ဖွဲ့မှ ထိခိုက်ဒဏ်ရာမရရှိခဲ့သော်လည်း မဟာမိတ်တပ်ဖွဲ့ဖက်မှ မစိုးရိမ်ရသော ထိခိုက်ဒဏ်ရာတစ်ဦးရရှိခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဧပြီပထမအပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်များသည် ဒီးမော့ဆို – ဖရူဆို ကားလမ်းမတစ်လျှောက် အပြင်းအထန်ထိုးစစ်ဆင်လျက်ရှိပြီး ဖရူဆိုနှင့်ဘောလခဲမြို့နယ်များသို့ တပ်အင်အားနှင့် ရိက္ခာများ ပို့ဆောင်ရန် ကြိုစားနေသည်ဟု KNDF က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ ဒရုန်းတိုက်ခိုက်ခံရတာကြောင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) ရဲဘော် ၅ဦး ကျဆုံးခဲ့တယ်လို့ ‌ဒေသခံသတင်းရင်းမြစ်တချို့က ‌ပြောပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။