ထားဝယ်မြို့တွင် စစ်ကောင်စီလက်အောက်ခံ ဆောက်လုပ်ရေးဌာနက ဦးစီးသည့် သင်္ကြန် ရေကစားမဏ္ဍပ်အနီး ယနေ့(ဧပြီ ၁၄)နံနက်ပိုင်းက ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။
ယနေ့နံနက် ၁၀ နာရီခန့်တွင် ဆောက်လုပ်ရေးမဏ္ဍပ်အနီးတွင် ပေါက်ကွဲခဲ့ ခြင်းဖြစ်ပြီး ထိုပေါက်ကွဲမှုကြောင့် လူထိခိုက်ဒဏ်ရာရမှုမရှိဘဲ ရေကစားနေသူအချို့ ထွက် ပြေးသွားကြောင်း သိရသည်။
“ဒီနေ့တော့ အခြေအနေအရ ခွေးခြောက်ယုံပဲ ခြောက်ခဲ့ရတယ်။ ဒါပေမဲ့ သင်္ကြန်ရက်အတွင်း နှစ်ဆန်း၁ရက်နေ့အထိ လူမဲ့သပိတ်ရှိတဲ့နေရာတွေဆီ လုံးဝ(လုံးဝ) ဖြတ်သွားဖြတ်လာ မလုပ်ကြဖို့နဲ့ အနီးကပ်လုံးဝမသွားကြဖို့ အထူးမေတ္တာ ရပ်ခံအပ်ပါတယ်”ဟု Guerrilla Dawei ပြောက်ကျားတပ်မှ ရဲဘော်တစ်ဦးက အသိပေးသည်။
ပေါက်ကွဲမူသည် ထိုဆောက်လုပ်ရေးမဏ္ဍပ်နှင့်မလှမ်းမကမ်းတွင်ရှိ စာတိုက်အနီးတွင်ပေါက်ကွဲခဲ့ပြီး စစ်တပ်နှင့် မီးသတ်ဝန်ထမ်း ၄၀ကျော်လောက်လုံခြုံရေးယူထားသည့် နေရာလည်းဖြစ်သည်။

Public Service Announcement

“အသံကြီးက ဟိန်းနေတာဘဲဆိုပြီး သွားကကြတဲ့လူတွေ ဖုန်းဆက်လာတယ်။ အဲ့ကတည်းက သူတို့ကြောက်နေပြီဆိုတာသိနေတယ်။ ရဲတွေလုံခြုံရေးယူပြီး ပြန်ကနေတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။
ထိုပေါက်ကွဲမူအပြီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်များ လမ်းပိတ်စစ်ဆေးမူများ ပြုလုပ်ခဲ့ပြီး မဏ္ဍပ်ကလည်း ပေါက်ကွဲစဉ်ခဏသာ သီချင်းသံရပ်သွားသော်လည်း ခဏအကြာတွင် ပြန်လည်ဖွင့်လှစ်ထားသည်ဟု ဒေသခံများထံမှ သိရသည်။
အဆိုပါမဏ္ဍပ်တွင် ယမန့်နေ(ဧပြီ ၁၃ ရက်) သင်္ကြန်အကြိုနေ့ ည ၇နာရီခန့်ကလည်း ဗုံးပေါက်ကွဲမူတစ်ခုဖြစ်ခဲ့သေးသည်ဟု ဒေသခံများကပြောသည်။
