Connect with us

Hi, what are you looking for?

LuduNwayOo

News

အကြမ်းဖက်စစ်တပ်က နှစ်ပတ်ခန့်အတွင်း နေရာပေါင်း ၃၀ကျော်မှ ပြည်သူလူထုနေအိမ် ၁,၂၀၀ ကျော် မီးရှို့ဖျက်ဆီး

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့သည့် အိမ်ခြေပေါင်း ၉,၀၀၀ ကျော်အနက် ၇,၀၀၀ ကျော်သည် ယခုနှစ် ဇန်နဝါရီ ၁ရက်မှ ဧပြီ ၁၃ရက် အထိ သုံးလခွဲကာလအတွင်း မီးရှို့ဖျက်ဆီးခံခဲ့ရခြင်းဖြစ်သည်။ ထို့ကြောင့် စစ်ကောင်စီတပ်က ပြည်သူလူထု နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ တိုး၍ ပြုလုပ်နေသည်မှာ ထင်ရှားသည်။

▪️အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်မီးရှို့သည့် နေအိမ် ၉,၀၀၀ ကျော်အနက် ယခုနှစ် သုံးလခွဲအတွင်း နေအိမ် ၇,၀၀၀ ကျော် မီးရှို့ခံခဲ့ရ

အကြမ်းဖက်စစ်ကောင်စီတပ်နှင့် လက်အောက်ခံအဖွဲ့အစည်းများက ယခု ဧပြီ ၁ရက်မှ ၁၃ရက်အတွင်း နေရာပေါင်း ၃၂နေရာမှ ​နေအိမ်၁,၂၁၄ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း Data for Myanmar က ထုတ်ပြန်သည်။

အကြမ်းဖက်စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ၁ ရက်မှ ၂၀၂၂ဧပြီ၁၃ ရက်အတွင်း နေရာပေါင်း ၂၅၄ နေရာမှ လူနေအိမ်ပေါင်း ခန့်မှန်းခြေ ၉,၁၈၇ လုံး မီးရှို့ခံခဲ့ရသည်ဟု ဖော်ပြထားသည်။ ယခင် မတ်လ ၃၁ရက်အထိ စာရင်းများအရ အကြမ်းဖက်စစ်ကောင်စီတပ်က နေရာပေါင်း ၂၂၂ နေရာမှ အိမ်ခြေ ၇,၉၇၃ လုံး မီးရှို့ခဲ့ရာ ယခု နှစ်ပတ်ခန့်အတွင်း အိမ်ခြေ ၁,၂၀၀ ကျော်ကို ထပ်မံမီးရှို့ခဲ့ခြင်းဖြစ်သည်။

Data for Myanmar၏ စာရင်းများအရ ယခု ဧပြီ ၁ရက်မှ ၁၃ရက်အတွင်း စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်းမှ နေအိမ် ၆၆၃လုံး၊ မကွေးတိုင်းမှ နေအိမ် ၅၃၇လုံး မီးရှို့ခဲ့ကြောင်း တွေ့ရှိရသည်။

Public Service Announcement

Public Service Announcement

ယခု စာရင်းများသည် သတင်းမီဒီယာများ၌ ဖော်ပြခဲ့သည့် တိုက်ပွဲသတင်းနှင့် နေအိမ်မီးရှို့ခံရသည့် သတင်းများကို ရက်အလိုက် ဖြစ်စဉ်အလိုက် စိစစ်ထားပြီး ဒေသခံ လူ့အခွင့်အရေးအဖွဲ့များနှင့် စစ်ရှောင်ကူညီရေးအဖွဲ့များက ထုတ်ပြန်သည့် စာရင်းများကို အခြေခံထားကြောင်း ၊ မပြည့်စုံသည့် အချက်အလက်များကို ချန်ထားခဲ့၍ မြေပြင်၌ မီးရှို့ဖျက်ဆီးခံရသည့် အရေအတွက် ပိုများနိုင်ကြောင်း Data for Myanmar ကဆိုသည်။

မြို့နယ်အချို့၌ ဆက်သွယ်ရေးအခက်အခဲရှိခြင်း၊ တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် စာရင်းအရေအတွက် အပြောင်းအလဲရှိနိုင်ကြောင်း ဖော်ပြထားသည်။

Data for Myanmar က မကွေးတိုင်း အခြေအနေသတင်းထုတ်ပြန်ချက်တွင် နှစ်ပတ်အတွင်း အိမ်ခြေ ၅၀၀ ကျော်မီးရှို့ခံရသည်ဟု ဖော်ပြထားသော်လည်း မကွေးတိုင်း ပေါက်မြို့နယ်နှင့် ဆက်စပ်ဒေသများ၌ ဧပြီ ၇ရက်မှ ယနေ့အထိ ကျေးရွာပေါင်း ၁၃ရွာ ထက်မနည်းကို စစ်ကောင်စီတပ်က မီးရှို့ခဲ့ရာ မီးလောင်သည့် အရေအတွက်သည် ထုတ်ပြန်ထားသည့် အရေအတွက်ထက် ပိုများနိုင်သည်။ မင်းတပ် ချင်းဒေသကာကွယ်ရေးတပ်(CDF)၏ ဗျူဟာမှူး နိုင်းတမ်ကမူ စစ်ကောင်စီတပ်သည် ပေါက်မြို့နယ်မှ ကျေးရွာပေါင်း ၁၃ရွာမှ အိမ်ခြေ ၃,၀၀၀ အထက်မီးရှို့ဖျက်ဆီးခဲ့သည်ဟု အသိပေးထားသည်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့သည့် အိမ်ခြေပေါင်း ၉,၀၀၀ ကျော်အနက် ၇,၀၀၀ ကျော်သည် ယခုနှစ် ဇန်နဝါရီ ၁ရက်မှ ဧပြီ ၁၃ရက် အထိ သုံးလခွဲကာလအတွင်း မီးရှို့ဖျက်ဆီးခံခဲ့ရခြင်းဖြစ်သည်။ ထို့ကြောင့် စစ်ကောင်စီတပ်က ပြည်သူလူထု နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ တိုး၍ ပြုလုပ်နေသည်မှာ ထင်ရှားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် ၂၀၂၁ ဇန်နဝါရီတွင် အိမ်ခြေ ၁,၀၅၉လုံး ၊ ဖေဖော်ဝါရီတွင် ၂,၈၈၂ လုံး၊ မတ်လတွင် ၁,၈၅၃ လုံးနှင့် ယခု ဧပြီတွင် ၁,၂၀၇ လုံး မီးရှို့ခဲ့ကြောင်း Data for Myanmar ၏ စာရင်းများ၌ ဖော်ပြထားပြီး လက်တွေ့မြေပြင်၌ ယင်းအရေအတွက်ထက်ပိုများနိုင်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် နေအိမ်များကို မီးရှို့ခြင်းအပြင် ပြည်သူလူထုနေထိုင်ရာနေရာများကို လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ လေကြောင်းမှ တိုက်ခိုက်ခြင်း ပြုလုပ်ခဲ့၍ ကလေးငယ်နှင့် အမျိုးသမီးများ အပါအဝင် အပြစ်မဲ့ပြည်သူလူထုများစွာ ထိခိုက်သေဆုံးရခြင်းများ ဖြစ်ပေါ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက မြဝတီမြို့ကို ဆက်သွယ်ရေးဖုန်းလိုင်းများ ဖြတ်တောက်ထားကြောင်းလည်း ဒေသခံများက ပြောသည်။

သတင်း

၂၀၂၃ ဩဂုတ်တွင် မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်အရေအတွက်က ၁,၀၀၀အောက်အထိ ကျဆုံးခဲ့သော်လည်း ၂၀၂၃ ဒီဇင်ဘာမှစ၍ တဖြေးဖြေး ပြန်မြင့်တက်လာခဲ့ရာ မတ်လအတွင်း နေအိမ် ၂,၈၃၁လုံး မီးရှို့ခံခဲ့ရကြောင်း အသိပေးသည်။

သတင်း

ရေမျက်နီရွာအတွင်း စစ်ကောင်စီတပ်အထိုင်ချထားသည့် ရဲစခန်းကို ဒေသခံကာကွယ်ရေးတပ်များက ၂၀၂၃ ဒီဇင်ဘာအတွင်းက တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းအသုံးပြု ကာကွယ်ခဲ့ရသည်။

သတင်း

နေအိမ်မီးလောင်၍ မီးငြှိမ်းသတ်သည့် ပြည်သူတစ်ဦးကိုလည်း စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်သွားကြောင်း ဒေသခံများက ပြောသည်။