Connect with us

Hi, what are you looking for?

News

မြန်မာပြည်သူများကို ဆက်လက်အားပေးကူညီမည်ဟု ကုလဆိုင်ရာအမေရိကန်သံအမတ်ကြီး ထပ်လောင်းကတိပြု

အဆိုပါ အမေရိကန်သံအမတ်ကြီးသည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကိုယ်စားလှယ်အဖွဲ့ကို ကုလသမဂ္ဂဌာနချုပ်၊ နယူးယောက်၌ လက်ခံတွေ့ဆုံရာ ယင်းသို့ ကတိပြုပြောကြားခြင်းဖြစ်သည်။

မြန်မာပြည်သူများကို အမေရိကန်က ဆက်လက်အားပေးကူညီမည်ဟု ထပ်မံကတိပြုကြောင်း ကုလသမဂ္ဂဆိုင်ရာအမေရိကန်သံအမတ်ကြီး လင်ဒါသောမက်စ်ဂရင်းဖီးလ်က ပြောကြားသည်။

အဆိုပါ အမေရိကန်သံအမတ်ကြီးသည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကိုယ်စားလှယ်အဖွဲ့ကို ကုလသမဂ္ဂဌာနချုပ်၊ နယူးယောက်၌ လက်ခံတွေ့ဆုံရာ ယင်းသို့ ကတိပြုပြောကြားခြင်းဖြစ်သည်။

“မြန်မာပြည်မှာ ဒီမိုကရေစီအသွင်ကူးပြောင်းမှုဆီ ပြန်သွားရေးနဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ် ရေး မြှင့်တင်ဆောင်ရွက်ဖို့ အရေးကြီးမှုကိုလည်း ကျွန်မတို့ ဆွေးနွေးခဲ့ကြပါတယ်” ဟု အမေရိကန် သံအမတ်ကြီးက ပြောသည်။

NUG ကိုယ်စားလှယ်အဖွဲ့သည် မြန်မာ့အရေးနှင့်ပတ်သက်၍ အမေရိကန်သံအမတ်ကြီး၏ ထုတ်ဖော်ပြောဆိုမှုများကို ကျေးဇူးတင်ကြောင်း မြန်မာပြည်သူများကိုယ်စားပြောကြားခဲ့ သည်ဟု ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဝန်ကြီးဦးအောင်မျိုးမင်းက သတင်းစကားပါးသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် အမေရိကန်သံအမတ်ကြီးသည် အာဏာသိမ်းမှုနှင့်ပတ်သက်၍ အကြမ်းဖက်စစ်ခေါင်း ဆောင်များ၊ ဆက်နွှယ်သူများအပေါ် အရေးယူဆောင်ရွက်မှုများ ပိုမိုအားကောင်းလာစေရေး ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကတိပြုပြောကြားခဲ့သည်ဟု ဆိုသည်။

အထက်ပါတွေ့ဆုံပွဲသို့ NUG ကိုယ်စားလှယ်အဖွဲ့နှင့်အတူ ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းလည်း တက်ရောက်ခဲ့သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

မြန်မာစစ်အုပ်စုဟာ ဟွန်ဒီငွေလွှဲလုပ်ငန်း လုပ်ကိုင်သူတွေကို နှိမ်နင်းမှု ပိုမိုအရှိန်မြှင့် လုပ်ဆောင်လာပြီး၊ အဲဒီလုပ်ရပ်ကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအစီအမံတစ်ခုအဖြစ် ပုံဖော်ပြောဆိုနေပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ဟွန်ဒီကွန်ရက်တွေဟာ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ မိသားစုဆီ ငွေလွှဲပို့တာ၊ ပုံမှန်ဘဏ်စနစ်နဲ့ မလုပ်နိုင်တဲ့ ကုန်သွယ်ရေးငွေပေးချေမှုတွေ၊ စစ်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီပို့ဆောင်ရာမှာ အလွန်အရေးပါတဲ့...

ဆောင်းပါး

ဗန်ရဲ့ပွဲကိုမြန်မာတစ်နိုင်ငံလုံးက​တော​ရောမြို့ပါမကျန်၊ ပြည်သူ​တွေ​ရော တော်လှန်​ရေးရဲ​ဘော်​တွေပါ စိတ်လှုပ်ရှားစွာအား​ပေးခဲ့ကြပါတယ် ။

သတင်း

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ဘန်ကောက် ခရီးစဉ်အတွင်း ဆန္ဒပြခဲ့တဲ့ ထိုင်းလွှတ်တော် အမတ်ဟာ မြန်မာပြည်သူတွေဆီက ထောက်ခံချီးကျူးတဲ့စာတွေ အများအပြား လက်ခံ ရရှိနေတယ်လို့ ဆိုပါတယ်။

သတင်း

ကုလသမဂ္ဂဟာ သမိုင်းတလျှောက် မြန်မာပြည်သူများအတွက် ထိရောက်သောအရေးယူဆောင် ရွက်မှုများ လုပ်ဆောင်ရန် ပျက်ကွက်ခဲ့ကြောင်း ကရင်လူ့အခွင့်အရးအဖွဲ့(KHRG)ရဲ့ အစီရင်ခံစာမှာဖော်ပြထားပြီး ဒါကို ပြုပြင်တည့်မတ်ရေးအတွက် အရပ်ဘက်လူမှု အဖွဲ့အစည်းများ၊ မြန်မာပြည်သူလူထုတစ်ရပ်လုံးနဲ့ ပိုမိုနက်ရှိုင်းပြီး တန်းတူညီမျှသော ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

Facebook