Connect with us

Hi, what are you looking for?

News

ဒီမောဆိုမြို့နယ်တိုက်ပွဲအတွင်း KNDF ရဲဘော်လေးဦးကျဆုံးခဲ့ရ

စစ်ကောင်စီက အင်အားအများအပြားတိုးချဲ့ပြီး ထိုးစစ်ဆင်နေချိန်တွင် ပြည်သူ့ကာကွယ်ရေးတပ်များအတွက် လက်နက်ခဲယမ်း အရေးတကြီးလိုအပ်နေသည်ဟု တိုက်ပွဲဝင်နေသည့် ရဲဘော်များက ပြောသည်။

▪️လက်နက်ခဲယမ်းအတွက် ထောက်ပံ့ပေးရန် ပြည်သူ့ကာကွယ်ရေးရဲဘော်များ တောင်းဆို

ဒီမောဆိုမြို့နယ်အတွင်း တိုက်ပွဲတွင် စစ်ကောင်စီတပ်အထိနာသလို သုံးရက်အတွင်း ကရင်နီအမျိုးသားများကာကွယ်​ရေးတပ်(KNDF)တပ်ရင်း -၂မှ ရဲဘော်လေးဦး ကျဆုံးခဲ့ရသည်။

ဒီမောဆိုမြို့နယ် ဥခူရီကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေ၍ KNDFအပါအဝင် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ခုခံတိုက်ခိုက်နေစဥ် ဧပြီ ၁၁ရက်တိုက်ပွဲတွင် KNDF တပ်ရင်း (၂)မှ ရဲဘော်သုံးဦး၊ ဧပြီ ၁၃ရက် တိုက်ပွဲတွင် တစ်ဦးထပ်မံကျဆုံးခဲ့သည်ဟု KNDFက ထုတ်ပြန်ထားသည်။

စစ်ကောင်စီက အင်အားအများအပြားတိုးချဲ့ပြီး ထိုးစစ်ဆင်နေချိန်တွင် ပြည်သူ့ကာကွယ်ရေးတပ်များအတွက် လက်နက်ခဲယမ်း အရေးတကြီးလိုအပ်နေသည်ဟု တိုက်ပွဲဝင်နေသည့် ရဲဘော်များက ပြောသည်။

Public Service Announcement

Public Service Announcement

“ကျွန်တော်တို့မှာ လက်နက်ခဲယမ်းလိုအပ်နေတယ်။ အခက်အခဲတွေကို ရတဲ့နည်းနဲ့ ကျော်ဖြတ်ပြီး တိုက်ပွဲဝင်နေကြပါတယ်။ အားလုံးဝိုင်းကူပေးဖို့ ကျွန်တော်တို့ မျှော်လင့်နေတယ်”ဟု KNDF ရဲဘော်တစ်ဦးကပြောသည်။

ဧပြီ ၁၃ရက်က ကျဆုံးသူမှာ ရဲဘော်ငြိမ်းရန်အေးဖြစ် သည်။

“ဆုံးရှုံးမှုအတွက် ဖော်ပြစရာ စကားလုံးမရှိတော့ပါဘူး သူငယ်ချင်း “ငြိမ်း” ရေ။ အတူအောင်ပွဲခံဖို့ ကတိတွေပေးကြခါမှ ထွက်သွားနှင့်တဲ့ နင့်အတွက် ငါတို့တွေ ပူဆွေးဝမ်းနည်းပြီး ဒေါသစိတ်တွေနဲ့ ကျန်နေခဲ့ရပါတယ်။ အတူရှိခဲ့ဖူးတဲ့ အမှတ်တရတွေကတော့ ရှင်သန်နေဦးမှာပါ။သူရဲကောင်း ရဲဘော်ငြိမ်းရန်အေး ဘုရားသခင်ရဲ့ ရင်ခွင်တော်မှာ အနားယူပါ။ အလေးနီပြုပါတယ်”ဟု KNDF ဖယ်ခုံဇုန်က ထုတ်ပြန်ထားသည်။

ဧပြီ ၁၁ရက် တိုက်ပွဲတွင် KNDFမှ ရဲဘော် မောင်ဦးရယ်၊ မောင်အလက်ဇန်းဒါး နှင့် မောင်ကောင်းမြတ်တို့ ကျဆုံးခဲ့ခြင်းဖြစ်သည်။ ရဲဘော်တစ်ဦးမှာ ၎င်းမကျဆုံးမီ ရက်အနည်းငယ်က ရေးထားခဲ့သည့် စာတစ်စောင်ကိုလည်း KNDF က ထုတ်ပြန်ပေးထားသည်။

“ကောင်မလေးမရှိလို့ ဝမ်းနည်းမနေနဲ့ ပြည်သူ့အချစ်တွေရှိတယ် Fighting.”ဟု ရေးသားထားသည်။

ကရင်နီပြည််နယ်နေရာအများအပြားကို စစ်ကောင်စီက ယနေ့(ဧပြီ ၁၅ရက်)အထိ ထိုးစစ်ဆင်နေဆဲဖြစ်သည်။

KNDF၊ PDFနှင့် မဟာမိတ်များကလည်း ခုခံတိုက်ခိုက်နေသည်။ ပြည်သူ့တော်လှန်ရေးအဖွဲ့များကလည်း လက်နက်ခဲယမ်းဖိုးအလှူငွေရအောင် နည်းမျိုးစုံကြိုးစားနေကြသည်။

“ကျနော်တို့ သတင်းကောင်းတွေကြားချင်တယ် မဟုတ်လားဗျာ ရဲဘော်တွေလက်ထဲလဲ သေနတ်အစစ် ထည့်ပေးချင်နေပါပြီ ။ ငှက်ကင်ဖို့လဲ လိုအပ်သလို “ဂန်း”ဆင်ဖို့လဲ အရေးကြီးတာကြောင့် ၅ လက်ပြည့်အောင် ဝိုင်းတွန်းပေးကြပါဦးခင်ဗျာ” ဟု ကရင်နီပြည်နယ်အတွက် မောင်းပြန်ရိုင်ဖယ်လှုုနိုင်ရေး ရံပုံတွေရှာဖွေနေသည့် FundraisingByYTUSU page က ထုတ်ပြန်ထားသည်။လှုုဒါန်းမည့်သူများသည်အောက်ပါ Link https://www.facebook.com/FundraisingByYTUSU/ သို့ ဆက်သွယ်နိုင်ပါသည်။

ဆက်စပ်သတင်းများ

သတင်း

ဝိုင်းမော်တွင် အင်အားထောင်ချီစုစည်းကာ KIA သိမ်းပိုက်ထားသည့် ပန်ဝါ၊ ချီဖွေ၊ ကန်ပိုက်တီကို ထိုးစစ်ဆင်ရန် စစ်ကောင်စီပြင်ဆင်နေဟုဆို

သတင်း

စစ်ကိုင်းတိုင်း၊တမူးမြို့နယ်၊ပန်းသာရွာအနီးရှိ ခမိတ်ရွာ၌ ယမန်နေ့ညပိုင်းတွင်တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး ​ဒေသခံပြည်သူများလေကြောင်းအန္တရာယ်သတိပြုကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက သတိပေးသည်။

သတင်း

ကရင်ပြည်နယ်၊ ကျုံဒိုး - ကော့ကရိတ်လမ်းပိုင်းမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ် စစ်ကြောင်း လန်ကျပြီး အထိနာနေတယ်လို့ ကော့ကရိတ်ဒေသက PDFစစ်ကြောင်းမှူးတစ်ဦးက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ် ၊ ကျုံဒိုး - ကော့ကရိတ် လမ်းပိုင်းကို စိုးမိုးနိုင်ဖို့အတွက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် ၊ ခွဲထွက် DKBA တို့နဲ့ KNU ပူးပေါင်းတပ်တွေကြားတိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီတပ်က နေ့စဉ်နီးပါး လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။