Connect with us

Hi, what are you looking for?

News

“နန်းထိုက်အောင်”စစ်ဆင်ရေး ရပ်နားမထားဘဲ ကော့မှူးတွင် တိုက်ခိုက်

မြို့ပြ စစ်ဆင်ရေး “နန်းထိုက်​အောင်”ကို ရန်ကုန်မြို့တွင် ဧပြီ ၈ရက်ကစတင်ခဲ့ပြီးနောက် ရက်ပိုင်းအတွင်း မင်္ဂလာဒုံ၊ အင်းစိန် ၊ ကမာရွတ်၊လမ်းမတော်၊ ​ကော့မှုး၊ တွံ​တေး၊ သုံးခွ၊ ​ရွှေပြည်သာ နှင့် လှိုင်သာယာတို့တွင် ပစ်ခတ်ဖောက်ခွဲမှုများပြု လုပ်ထားသည်။

People's Spring
People's Spring

စစ်ကောင်စီတပ်သားတစ်ဦးသေ၊ အများအပြားဒဏ်ရာရဟု စစ်ဆင်ရေး ခေါင်းဆောင်ပြော

“နန်းထိုက်အောင်”စစ်ဆင်ရေးရပ်နားမထားဘဲ ပိုမိုအရှိန်မြှင့်သွားမည်ဖြစ်ပြီး အဆိုပါ စစ်ဆင်ရေးကို ကော့မှူးမြို့နယ်တွင် ဆောင်ရွက်ခဲ့ပြီးရန်သူ စစ်ကောင်စီတပ်သား တစ်ဦးသေ၊ အများအပြား ပြင်းထန်ဒဏ်ရာရကြောင်း စစ်ဆင်ရေးခေါင်းဆောင်တစ်ဦးက People’s Spring သို့ ပြောသည်။

ယနေ့(ဧပြီ ၁၅ ရက်) ညနေ ၅ နာရီခန့်က ညောင်ထောက်ကျေးရွာနှင့် တကူပုံကျေးရွာအကြား စစ်ကောင်စီယာဉ်တန်းကို တောင်ပိုင်းခရိုင်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“နန်းထိုက်အောင်စစ်ဆင်ရေးပါ။ ရန်သူယာဉ်တန်းဖြတ်သန်းမယ့်အချိန်နဲ့ အင်အားအခြေအနေ ကို အတွင်းသတင်းကြိုရထားတော့ စစ်ဆင်ရေး ဆောင်ရွက်ရတာ ပိုကောင်းသွားတာပေါ့။ မြေပြင်ဒေသခံတွေဆီက သိရတာကတော့ အတော်များများ သေမယ်အနေအထားပါပဲ။ အပိုင်ပစ်ရတာကိုး”ဟု အထက်ပါ ခေါင်းဆောင်က People’s Springသို့ ပြောသည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီက ကျိုက်ထော်၊ ရေကျော်ရွာနှင့် လေ ကြောင်းရန် ကာကွယ်ရေးတပ်တို့မှ စုပေါင်းအင်အား ၁၀၀ ကျော်အသုံးပြု၍ ကစ်ခတ်မှု ဖြစ်စဥ်အနီး တောနင်းရှာဖွေနေသည်ဟု သိရသည်။

ယနေ့ စစ်ဆင်ရေးတွင် ပါဝင်ဆောင်ခဲ့သော ပြည်သူ့ရဲဘော်များ ထိခိုက်မှုမရှိဘဲ ဘေးကင်း လုံခြုံခဲ့ပြီဟုလည်း စစ်ဆင်ရေး ခေါင်းဆောင်က အသိပေးသည်။

မြို့ပြ စစ်ဆင်ရေး “နန်းထိုက်​အောင်”ကို ရန်ကုန်မြို့တွင် ဧပြီ ၈ရက်ကစတင်ခဲ့ပြီးနောက် ရက်ပိုင်းအတွင်း မင်္ဂလာဒုံ၊ အင်းစိန် ၊ ကမာရွတ်၊လမ်းမတော်၊ ​ကော့မှုး၊ တွံ​တေး၊ သုံးခွ၊ ​ရွှေပြည်သာ နှင့် လှိုင်သာယာတို့တွင် ပစ်ခတ်ဖောက်ခွဲမှုများပြု လုပ်ထားသည်။

ထိုတိုက်ခိုက်မှုများတွင် စစ်ကောင်စီတပ်မှ ဗိုလ်မှူးတစ်ဦး၊ရဲတပ်သားတစ်ဦး အပါအဝင် စစ် ကောင်စီထောက်တိုင် အုပ်ချုပ်ရေးမှူး နှင့် ဒလန်ငါးဦးထက် မနည်း သေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ညအချိန်တွေမှာ စစ်တပ်စခန်းတွေကို ဒရုန်းအသုံးပြုတိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေကို စုန်းမအဖွဲ့က ထုတ်ပြန်ပါတယ်။

ဆောင်းပါး

အာဏာသိမ်း စစ်တပ် တပ်ချုပ်အသစ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးလက်ထက် ပထမဆုံး ဖော်ဆောင်တဲ့ ကြည်း၊ရေ၊လေပူးပေါင်းစစ်ဆင်ရေးဟာရှုံးနိမ့်သွားပြီလို့ စစ်ရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) စစ်ကိုင်းတိုင်းစစ်ဌာနအတွက် စစ်ဆင်ရေးတွေမှာ အသုံးပြုဖို့ ကနဦး ထောက်ပံ့ကူညီငွေပေးအပ်ခဲ့ကြောင်း စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရက သတင်းထုတ်ပြန်ပါတယ်။