Connect with us

Hi, what are you looking for?

News

ပုသိမ်မြို့ စစ်ကောင်စီ၏ ဗဟိုမဏ္ဍပ်အနီး မိုင်းကွဲ

စစ်ကောင်စီအရာရှိနှင့် ဝန်ထမ်းများရှိရာနေရာကို တိုက်ခိုက်သွားမည်ဖြစ်၍ ပြည်သူများအနေဖြင့် စစ်ကောင်စီမဏ္ဍပ်သို့ မလာရန် ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

ဧရာဝတီတိုင်း ပုသိမ်မြို့ရှိ စစ်ကောင်စီ၏ ဗဟိုမဏ္ဍပ်အနီး မိုင်းပေါက်ကွဲမှု ဖြစ်ခဲ့ပြီး ပြည်သူများအနေဖြင့် အကြမ်းဖက် စစ်ကောင်စီဝန်ထမ်းများရှိသည့် နေရာများနှင့် ဝေးဝေးနေရန် ပြည်သူကာကွယ်ရေးအဖွဲ့က သတိပေးသည်။

ပုသိမ်မြို့ ရေပေါ်စျေးအနီးရှိ ဗဟိုမဏ္ဍပ်နှင့် ပေ ၂၀ဝခန့်အကွာတွင် ယနေ့(သက်ြန်အတက်နေ့) နံနက် ၁၀နာရီခွဲခန့်က မိုင်းပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

“အသံမိုင်းပဲ ခွဲသွားတာ။ လူထိမှာစိုးလို့။သူတို့(ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့)က ကြိုသတိပေးထားတာပါ”ဟု မြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

စစ်ကောင်စီအရာရှိနှင့် ဝန်ထမ်းများရှိရာနေရာကို တိုက်ခိုက်သွားမည်ဖြစ်၍ ပြည်သူများအနေဖြင့် စစ်ကောင်စီမဏ္ဍပ်သို့ မလာရန် ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

သက်ြန်ကာလအတွင်း ဧရာဝတီတိုင်းမှ ပုသိမ်မြို့အပြင် ဟသ်ာတ၊ ဖျာပုံ၊ ကျောင်းကုန်းနှင့် မအူပင်မြို့ရှိ စစ်ကောင်စီမဏ္ဍပ်များတွင် ဗုံးနှင့် မိုင်းပေါက်ကွဲမှုများ ဖြစ်ခဲ့သည်။ ဧပြီ၁၅ရက်က ကျောင်းကုန်းမြို့ရှိ စစ်ကောင်စီမဏ္ဍပ်ဗုံးပေါက်ကွဲမှုတွင် လေးဦးဒဏ်ရာရခဲ့သည်။

ပုသိမ်မြို့ စစ်ကောင်စီ၏ ဗဟိုမဏ္ဍပ်တွင် ​ရေပတ်ခံသူများနှင့် ​ရေကစားသူများမှာ အလွန်များပြား​နေ၍ ပြည်သူများက ​ဝေဖန်​နေကြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook