Connect with us

Hi, what are you looking for?

LuduNwayOo

News

ပုသိမ်မြို့ စစ်ကောင်စီ၏ ဗဟိုမဏ္ဍပ်အနီး မိုင်းကွဲ

စစ်ကောင်စီအရာရှိနှင့် ဝန်ထမ်းများရှိရာနေရာကို တိုက်ခိုက်သွားမည်ဖြစ်၍ ပြည်သူများအနေဖြင့် စစ်ကောင်စီမဏ္ဍပ်သို့ မလာရန် ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

ဧရာဝတီတိုင်း ပုသိမ်မြို့ရှိ စစ်ကောင်စီ၏ ဗဟိုမဏ္ဍပ်အနီး မိုင်းပေါက်ကွဲမှု ဖြစ်ခဲ့ပြီး ပြည်သူများအနေဖြင့် အကြမ်းဖက် စစ်ကောင်စီဝန်ထမ်းများရှိသည့် နေရာများနှင့် ဝေးဝေးနေရန် ပြည်သူကာကွယ်ရေးအဖွဲ့က သတိပေးသည်။

ပုသိမ်မြို့ ရေပေါ်စျေးအနီးရှိ ဗဟိုမဏ္ဍပ်နှင့် ပေ ၂၀ဝခန့်အကွာတွင် ယနေ့(သက်ြန်အတက်နေ့) နံနက် ၁၀နာရီခွဲခန့်က မိုင်းပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

“အသံမိုင်းပဲ ခွဲသွားတာ။ လူထိမှာစိုးလို့။သူတို့(ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့)က ကြိုသတိပေးထားတာပါ”ဟု မြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

စစ်ကောင်စီအရာရှိနှင့် ဝန်ထမ်းများရှိရာနေရာကို တိုက်ခိုက်သွားမည်ဖြစ်၍ ပြည်သူများအနေဖြင့် စစ်ကောင်စီမဏ္ဍပ်သို့ မလာရန် ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

သက်ြန်ကာလအတွင်း ဧရာဝတီတိုင်းမှ ပုသိမ်မြို့အပြင် ဟသ်ာတ၊ ဖျာပုံ၊ ကျောင်းကုန်းနှင့် မအူပင်မြို့ရှိ စစ်ကောင်စီမဏ္ဍပ်များတွင် ဗုံးနှင့် မိုင်းပေါက်ကွဲမှုများ ဖြစ်ခဲ့သည်။ ဧပြီ၁၅ရက်က ကျောင်းကုန်းမြို့ရှိ စစ်ကောင်စီမဏ္ဍပ်ဗုံးပေါက်ကွဲမှုတွင် လေးဦးဒဏ်ရာရခဲ့သည်။

ပုသိမ်မြို့ စစ်ကောင်စီ၏ ဗဟိုမဏ္ဍပ်တွင် ​ရေပတ်ခံသူများနှင့် ​ရေကစားသူများမှာ အလွန်များပြား​နေ၍ ပြည်သူများက ​ဝေဖန်​နေကြသည်။

Public Service Announcement

Public Service Announcement