Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်တပ်ပိုင် မြိုင်က​လေးဘိလပ်​မြေစက်ရုံ မိုင်းခွဲခံရ

စစ်တပ်ပိုင် အဆိုပါ ဘိလပ်မြေစက်ရုံ၏ အဓိက ရေစက်ကို မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လူထိခိုက်မူမရှိကြောင်းလည်း ဒေသခံများထံမှသိရသည်။

အာဏာသိမ်းစစ်​ကောင်စီပိုင် မြန်မာ့စီးပွားရေးကော်ပရေးရှင်း(MEC)ပိုင် မြိုင်ကလေး ဘိလပ်မြေ စက်ရုံအမှတ် (၂ ) ယနေ့၊ သင်္ကြန်အတက်​နေ့တွင် မိုင်းဖောက်ခွဲခံရကြောင်း ဒေသခံများ က​ပြောသည်။

စစ်တပ်ပိုင် အဆိုပါ ဘိလပ်မြေစက်ရုံ၏ အဓိက ရေစက်ကို မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လူထိခိုက်မူမရှိကြောင်းလည်း ဒေသခံများထံမှသိရသည်။

“ကျောက်မိုင်းခွဲတာလို့ ထင်တာ နောက်မှ စက်ရုံထဲ PDFတွေဝင်ပြီး မိုင်းခွဲသွားမှန်းသိတာ”ဟု ဒေသခံတစ်ဦးကပြောသည်။

အဆိုပါဖောက်ခွဲမူကို ယနေ့ မနက် ၁၁ နာရီခန့်က သွားရောက်ဖောက်ခွဲခြင်းဖြစ်ပြီး သွားရောက်ဖောက်ခွဲခဲ့​သော လူငယ်များလည်း ဘေးကင်းရာရောက်ရှိနေပြီဖြစ်ကြောင်း ၎င်းတို့နှင့်နီးစပ်သူတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

စစ်တပ်ပိုင် မြိုင်ကလေး ဘိလပ်မြေစက်ရုံတွင် အမှတ် ၁ စက်ရုံနှင့် အမှတ် ၂ စက်ရုံဟု ရှိသည်။အမှတ် ၁ စက်ရုံသည် တနေ့လျှင် တန် ၉၀၀ နှင့် အမှတ် ၂ သည် တန် ၄၀၀၀ ထုတ်လုပ်နိုင်သည့် ဘိလပ်မြေစက်ရုံများဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

အဖွဲ့ကထုတ်ပြန်​သောစက္ကန့် ၂၀ ကြာ ရုပ်သံဖိုင်တွင် ​လောင်ကစားရုံဟုယူဆ​ရ​သောအ​ဆောက်အအုံအတွင်းဗုံးတစ်ကြိမ်​ပေါက်ကွဲပြီး လက်နက်ငယ် ၂ ချက်ပစ်ခံသံကိုပါကြားရသည်။

သတင်း

တံတားဖောက်ခွဲဖျက်ဆီးခံရပြီးနောက် စစ်ကောင်စီတပ်သည် စစ်ကြောင်း သုံး ကြောင်းခွဲပြီး ပေါက်မြို့နယ် အုန်းတောရွာကို မီးရှို့ဖျက်ဆီးနေ​ကြောင်းလည်းသိရသည်။

သတင်း

စစ်ကောင်စီစစ်‌ကြောင်းသည် ချောင်းဝရွာအနီးရှိ မင်းကျောင်းကုန်းကျေးရွာ ဘုန်းကြီးကျောင်းတွင် တပ်စွဲနေသဖြင့် ပြင်ဆင်မှုမလုပ်နိုင်သေးပေ။

သတင်း

စစ်တပ်ပိုင် အရက်၊ ဘီယာ၊ အချိုရည် တံဆိပ်များမှာ မြန်မာဘီယာ ၊ Andama တံဆိပ် အရက်ဘီယာ၊ အချိုရည်၊ ဒဂုံတံဆိပ် အရက် ဘီယာ၊ အချိုရည်၊ မန္တလေးဘီယာ၊ ရမ်၊ Black Shield Stout ဘီယာ ၊ Army Rum၊...