Connect with us

Hi, what are you looking for?

News

ဖရူဆိုတွင် မိုင်းဆွဲတိုက်ခိုက်ခံရ၍ တပ်ရင်းမှူးဝင်းထိုက်စိုးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်

ယင်းဖြစ်စဉ်တွင် စစ်ကောင်စီတပ်က ​လေးဦး သေဆုံးခဲ့ပြီး တပ်ရင်း (၁၀၈) တပ်ရင်းမှူး၀င်းထိုက်စိုးမှာ ပြင်းထန်စွာ ဒဏ်ရာရရှိပြီး လွိုင်ကော်မြို့ စစ်ဆေးရုံးတွင် ဆေးကုသမှု ခံယူနေကြာင်းနှင့် ဒဏ်ရာပြင်းထန်သဖြင့် သေဆုံးနိုင်ခြေများကြောင်း ဖော်ပြထားသည်။

ဓာတ်ပုံ - KNDF

ကရင်နီ(ကယား)ပြည်နယ် ဖရူဆိုမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်ကောင်စီတပ်များကို ကရင်နီပူးပေါင်းတပ်များမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကော်စီတပ်မှ ​လေးဦးသေဆုံးပြီး သုံးဦးဒဏ်ရာ ပြင်းထန်ခဲ့သည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ထုတ်ပြန်သည်။

ဓာတ်ပုံ – KNDF

ဧပြီ ၁၄ ရက်က ဖရူဆိုမြို့နယ် ထားလဲနှင့် နန်းဖဲကျေးရွာ အကြားတွင် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်များကို တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီ တပ်မ (၆၆) ၊ခမရ (၁၀၈)တပ်ရင်း၊ တပ်ရင်းမှူး ၀င်းထိုက်စိုးနှင့်အပါအ၀င် တပ်စိတ်တစ်စိတ်ခန့် မိုင်းထိမှန်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

ယင်းဖြစ်စဉ်တွင် စစ်ကောင်စီတပ်က ​လေးဦး သေဆုံးခဲ့ပြီး တပ်ရင်း (၁၀၈) တပ်ရင်းမှူး၀င်းထိုက်စိုးမှာ ပြင်းထန်စွာ ဒဏ်ရာရရှိပြီး လွိုင်ကော်မြို့ စစ်ဆေးရုံးတွင် ဆေးကုသမှု ခံယူနေကြာင်းနှင့် ဒဏ်ရာပြင်းထန်သဖြင့် သေဆုံးနိုင်ခြေများကြောင်း ဖော်ပြထားသည်။

ဓာတ်ပုံ – KNDF

အဆိုပါ ပြောက်ကျား တိုက်ခိုက်မှုအတွင်း ကရင်နီပူးပေါင်းတပ်မှ ကျည်ဆံများ သိမ်းဆည်းရမိခဲ့သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ ဒရုန်းတိုက်ခိုက်ခံရတာကြောင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) ရဲဘော် ၅ဦး ကျဆုံးခဲ့တယ်လို့ ‌ဒေသခံသတင်းရင်းမြစ်တချို့က ‌ပြောပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။