Connect with us

Hi, what are you looking for?

LuduNwayOo

News

ဖရူဆိုတွင် မိုင်းဆွဲတိုက်ခိုက်ခံရ၍ တပ်ရင်းမှူးဝင်းထိုက်စိုးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်

ယင်းဖြစ်စဉ်တွင် စစ်ကောင်စီတပ်က ​လေးဦး သေဆုံးခဲ့ပြီး တပ်ရင်း (၁၀၈) တပ်ရင်းမှူး၀င်းထိုက်စိုးမှာ ပြင်းထန်စွာ ဒဏ်ရာရရှိပြီး လွိုင်ကော်မြို့ စစ်ဆေးရုံးတွင် ဆေးကုသမှု ခံယူနေကြာင်းနှင့် ဒဏ်ရာပြင်းထန်သဖြင့် သေဆုံးနိုင်ခြေများကြောင်း ဖော်ပြထားသည်။

ဓာတ်ပုံ - KNDF

ကရင်နီ(ကယား)ပြည်နယ် ဖရူဆိုမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်ကောင်စီတပ်များကို ကရင်နီပူးပေါင်းတပ်များမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကော်စီတပ်မှ ​လေးဦးသေဆုံးပြီး သုံးဦးဒဏ်ရာ ပြင်းထန်ခဲ့သည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ထုတ်ပြန်သည်။

ဓာတ်ပုံ – KNDF

ဧပြီ ၁၄ ရက်က ဖရူဆိုမြို့နယ် ထားလဲနှင့် နန်းဖဲကျေးရွာ အကြားတွင် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်များကို တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီ တပ်မ (၆၆) ၊ခမရ (၁၀၈)တပ်ရင်း၊ တပ်ရင်းမှူး ၀င်းထိုက်စိုးနှင့်အပါအ၀င် တပ်စိတ်တစ်စိတ်ခန့် မိုင်းထိမှန်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

ယင်းဖြစ်စဉ်တွင် စစ်ကောင်စီတပ်က ​လေးဦး သေဆုံးခဲ့ပြီး တပ်ရင်း (၁၀၈) တပ်ရင်းမှူး၀င်းထိုက်စိုးမှာ ပြင်းထန်စွာ ဒဏ်ရာရရှိပြီး လွိုင်ကော်မြို့ စစ်ဆေးရုံးတွင် ဆေးကုသမှု ခံယူနေကြာင်းနှင့် ဒဏ်ရာပြင်းထန်သဖြင့် သေဆုံးနိုင်ခြေများကြောင်း ဖော်ပြထားသည်။

ဓာတ်ပုံ – KNDF

အဆိုပါ ပြောက်ကျား တိုက်ခိုက်မှုအတွင်း ကရင်နီပူးပေါင်းတပ်မှ ကျည်ဆံများ သိမ်းဆည်းရမိခဲ့သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

နိုင်ငံတကာ

ပြည်နယ် အစိုးရဟာ အခင်းဖြစ်တဲ့ နေရာမှာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးတွေ ဆောင်ရွက်ဖို့ အင်အား ၅၀၀ လောက်ကို ချက်ချင်း စေလွှတ်ပေးခဲ့ပါတယ်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။