Connect with us

Hi, what are you looking for?

News

ခြေကုပ်စခန်းရေဖြတ်ခံထားရလို့ အနားက ရွာတွေကို ခြိမ်းခြောက်တဲ့ စစ်ကောင်စီကို KNU တုန့်ပြန်

ပိတ်ဆို့ထားတာနဲ့ပတ်သက်ပြီး စစ်ကောင်စီက စခန်းအနီးအနားက ကျေးရွာတွေကို ပျက်စီးဆုံးရှုံးသွားမယ်လို့ ခြိမ်းခြောက်တာဟာ မလုပ်သင့်တဲ့ကိစ္စမျိုးဖြစ်ပြီး ရွာသားတွေကို ဒုက္ခပေးသလိုဖြစ်နေတယ်လို့ ကေအဲန်ယူပြောခွင့်ရသူ ပဒိုစောတောနီးက ဆိုပါတယ်။

စစ်ကောင်စီခြေကုပ်စခန်းတစ်ခုကို ရေဖြတ်တောက်ခံရတာကြောင့် စစ်တပ်က စခန်းအနီးအနားက ကျေးရွာတွေကို ပျက်စီးဆုံးရှုံးသွားမယ်လို့ ခြိမ်းခြောက်တာက ရွာသားတွေကို ဒုက္ခပေးသလိုဖြစ်နေတယ်လို့ ကေအဲန်ယူပြောခွင့်ရသူ ပဒိုစောတောနီးက ဆိုပါတယ်။

ပိတ်ဆို့ထားတာနဲ့ပတ်သက်ပြီး စစ်ကောင်စီက စခန်းအနီးအနားက ကျေးရွာတွေကို ပျက်စီးဆုံးရှုံးသွားမယ်လို့ ခြိမ်းခြောက်တာဟာ မလုပ်သင့်တဲ့ကိစ္စမျိုးဖြစ်ပြီး ရွာသားတွေကို ဒုက္ခပေးသလိုဖြစ်နေတယ်လို့ ကေအဲန်ယူပြောခွင့်ရသူ ပဒိုစောတောနီးက ဆိုပါတယ်။

ကေအဲန်ယူ ဒူးပလာယာခရိုင် တပ်မဟာ ၆ နို့တကော်မြို့နယ်အတွင်းမှာရှိတဲ့ စစ်ကောင်စီ ခမရ (၅၆၁)ရဲ့ ကွီလုံတိုင်ခြေကုတ်စခန်းအထက်မှာရှိတဲ့ ချောင်းကို ကေအဲန်ယူဘက်က ပိတ်ဆို့ထားတာနဲ့ပတ်သက်ပြီး စစ်ကောင်စီက နယ်မြေခံ ကေအဲန်ယူတပ်ဖွဲ့ထံ ကန့်ကွက်အကြောင်းကြားစာ ပေးပို့ခဲ့တာပါ။

စခန်းအထက်မှာ ပိတ်ဆို့ထားတဲ့ ချောင်းကို ပြန်လည်ဖွင့်လှစ်ပေးဖို့နဲ့ မဖွင့်ပေးပါက ကွီလုံတိုင်စခန်းအနီးတစ်ဝိုက်မှာရှိတဲ့ ကျေးရွာတွေဟာ ပျက်စီးဆုံးရှုံးမှုဖြစ်မှာဖြစ်ပြီး မိမိတို့စခန်းဘက်က ရေရှိဖို့အတွက် မဖြစ်မနေလုပ်ဆောင်ရမှာကို အကြောင်းကြားထားကာ စာရပြီးချင်း သုံးရက်အတွင်းမှာ အကြောင်းပြန်ကြားရမှာလို့ ကေအဲန်ယူထံပေးပို့တဲ့ အကြောင်းကြားစာမှာ ပါရှိပါတယ်။

Public Service Announcement

Public Service Announcement

ဒီကိစ္စနဲ့ပတ်သက်ပြီး ကေအဲန်ယူပြောခွင့်ရသူ ပဒိုစောတောနီးက အခုလိုတုံ့ပြန်ပြောကြားလိုက်ပါတယ်။

“စစ်​ရေးရာကိစ္စနဲ့ပတ်သက်ပြီးတော့ စစ်ရေးစစ်ရာသန့်သန့် ရှင်းရှင်းလင်းလင်းလုပ်တာအကောင်းဆုံးပဲလေ။ အခုက ရွာသားတွေအပေါ် အရပ်သားတွေကို ဓားစာခံလုပ်တဲ့သဘောမျိုးက ဆောင်သွားတဲ့အပေါ်မှာတော့ ဒါကတော့မလုပ်သင့်တဲ့ဟာပဲဖြစ်တယ်လေ။ စစ်တိုက်ရင်လည်း စစ်နဲ့တူအောင်တိုက်ရမှာပေါ့လေ။ အခုကရွာသားတွေကို သွားပြီးတော့ ဒုက္ခပေးသလိုဖြစ်နေတယ်။ မင်းတို့ကိုငါတို့ ဒီလိုလုပ်မယ်ဆိုတဲ့ဟာမျိုးကျတော့ မလုပ်သင့်တဲ့ကိစ္စတွေပဲလေ” လို့ ပဒိုစောတောနီးက ဆိုပါတယ်။

ကွီလုံတိုင်စစ်ဆင်ရေးခြေကုတ်စခန်းအပါအဝင် ဒေါနအရှေ့ဘက်ခြမ်းမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ စခန်းတွေကို ပြီးခဲ့တဲ့ လပိုင်းကစပြီး ကေအဲန်ယူတပ်ဖွဲ့တွေက ရိက္ခာသယ်ယူပို့ဆောင်ရေး လမ်းကြောင်းနဲ့ သောက်သုံးရေရရှိရေး လမ်းကြောင်းတွေကို ပိတ်ဆို့ဖြတ်တောက်မှုတွေ လုပ်ဆောင်လာတာဖြစ်တယ်လို့ မြေပြင်သတင်းအရ သိရပါတယ်။

တပ်မဟာ ၆ နယ်မြေအတွင်းမှာ KNLA ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား စစ်ရေးပဋိပက္ခတွေပိုမိုဖြစ်ပွားနေပြီး တပ်မဟာ ၆ နယ်မြေမှာရောက်ရှိနေတဲ့ စစ်ကောင်စီတပ်တွေအနေနဲ့ ပြန်လည်ဆုတ်ခွာပေးဖို့ ကေအဲန်ယူ ဒူးပလာယာခရိုင်က တောင်းဆိုထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးအင်အားသုံးပြီးအတင်းအကျပ်ဖန်တီးထားတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်လာမှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာကရင်အမျိုးသားအစည်းအရုံး( KNU) တရားရေးဌာနရဲ့ ဌာနကြီးမှုး ပဒိုနော်လွဲထူးစေးက ပြောလိုက်ပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

အီရန်ကို အဆုံးစွန်ထိ ချေမှုန်းပစ်နိုင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းအပြီး အီရန်နဲ့ အမေရိကန် ကိုယ်စားလှယ် အဖွဲ့တွေ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂ (UN)ရဲ့ အထွေထွေညီလာခံမှာ ပြောကြားတဲ့ မိန့်ခွန်းမှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အီရန်နိုင်ငံကို အဆုံးစွန် ချေမှုန်း ဖျက်ဆီးပစ်နိုင်ခြေရှိကြောင်း ခြိမ်းခြောက်သွားခဲ့ပါတယ်။

Facebook