Connect with us

Hi, what are you looking for?

News

ဖလမ်းအခြေစိုက်တပ်မှ စစ်ကောင်စီတပ်သား လက်နက်အပြည့်အစုံဖြင့် CNDFထံ အလင်းဝင်

အဆိုပါတပ်သားကို CNO/CNDF မှလည်း ဆုကြေးငွေချီးမြှင့်ခဲ့ပြီး လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးခဲ့ကြောင်း အသိပေးထားသည်။

ဓာတ်ပုံ - CNO

ချင်းပြည်နယ် ဖလမ်းမြို့နယ် အခြေစိုက်ခလရ(၂၆၈)မှ တပ်သား ထက်မြတ်အောင်သည် လက်နက်အပြည့်စုံဖြင့်ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF)ထံ အလင်းဝင်လာကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ်(CNO) က ယနေ့ (ဧပြီ ၁၈ရက်)တွင် ထုတ်ပြန်သည်။

တပ်သား ထက်မြတ်အောင် (ကိုယ်ပိုင်အမှတ် တ-၅၇၂၅၅၇ )အနေဖြင့် အကြမ်းဖက်စစ်ကောင်စီလက်အောက်တွင် ဆက်လက်တာဝန်ထမ်းဆောင်လိုခြင်း မရှိတော့၍ ပြည်သူနှင့်အတူပူးပေါင်းရန် CNO/CNDF ထံသို့ အလင်းဝင်ရောက်လာခြင်းဖြစ်သည်ဟု ဆိုသည်။

ဓာတ်ပုံ – CNO

အဆိုပါတပ်သားကို CNO/CNDF မှလည်း ဆုကြေးငွေချီးမြှင့်ခဲ့ပြီး လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးခဲ့ကြောင်း အသိပေးထားသည်။

လက်ရှိတွင် စစ်ကောင်စီတပ်မှ ပြည်သူ့ရင်ခွင် ခိုလှုံလာသူ စုစုပေါင်း ၁၀,၀၀၀နီးပါး ရှိထားပြီး အကြောင်းအမျိုးမျိုးကြောင့် အပြင်မထွက်ဘဲအတွင်းထဲမှ သတင်းအချက်အလက် ပေးပို့နေသူများစွာ ရှိထားသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ယနေ့ ပြောကြားထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။