Connect with us

Hi, what are you looking for?

LuduNwayOo

News

လေပြင်းကျ၍ မင်းတပ်စစ်ဘေးရှောင်စခန်းတစ်ခု ပျက်စီး

“စစ်ဘေးကိုကြောက်ပါတယ်ဆိုမှ သဘာဝဘေးက ထပ် ဒုက္ခပေးတယ်။ ယာယီတဲအိမ်တွေ တော်တော်များများ ပြိုကျပျက်စီးတယ်။ပြန်ပြင်ဖို့ အကူအညီတွေ လိုအပ်တယ် “ဟု ၎င်းက ပြောသည်။

ချင်းပြည်နယ် မင်းတပ်မြို့တွင် ယနေ့ နေ့လယ် ၂နာရီခန့်က မိုးသက်လေပြင်းကျခဲ့ပြီး စစ်ဘေးရှောင်စခန်းတစ်ခုမှ ယာယီတဲအိမ်အများအပြား ပျက်စီးခဲ့သည်။

ယနေ့(ဧပြီ ၁၈ရက်) နေ့လယ် ၂နာရီခန့်တွင် မင်းတပ်မြို့၌ မိုးနှင့် လေပြင်း တပြိုင်နက်ကျရောက်ခဲ့ခြင်းဖြစ်သည်။မိနစ်အနည်းငယ်သာ ကြာသည့် လေပြင်းကြောင့်အိမ်ထောင်စု ၁၀၀ ကျော်နေထိုင်သည့် စစ်ရှောင်စခန်းမှ တဲအိမ်များ ပျက်ဆီးသွားခဲ့ခြင်းဟု ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

“စစ်ဘေးကိုကြောက်ပါတယ်ဆိုမှ သဘာဝဘေးက ထပ် ဒုက္ခပေးတယ်။ ယာယီတဲအိမ်တွေ တော်တော်များများ ပြိုကျပျက်စီးတယ်။ပြန်ပြင်ဖို့ အကူအညီတွေ လိုအပ်တယ် “ဟု ၎င်းက ပြောသည်။

ဧပြီသည် မိုးကြိုကာလဖြစ်ပြီး ဒေသအချို့တွင် လေထုမတည်မငြိမ်မှုကြောင့် မိုးကြိုးပစ်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်းများ မကြာခဏဖြစ်ပေါ်နေသည်။

Public Service Announcement

Public Service Announcement

ဧပြီအတွင်း စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်၊ မန္တလေးတိုင်း မိုးကုတ်မြို့နှင့် ရှမ်းပြည်နယ် မူဆယ်နှင့်နမ်းခမ်းမြို့တွင် လေပြင်းဘေးကြုံတွေ့ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မုန်းမြို့ရှိ စစ်ကောင်စီတပ် ခမရ(၅၉၉)၊ ခမရ(၅၉၀)နှင့် မုန်းရဲစခန်းအပါအဝင် နေရာ လေးခုကို KNU လက်အောက်ခံတပ်ဖွဲ့များနှင့် ပူးပေါင်းတပ်များက ဒီဇင်ဘာ ၂ရက် ညပိုင်းတွင် တိုက်ခိုက်ခဲ့ရာ ဒီဇင်ဘာ ၄ရက်တွင် စခန်းအားလုံးသိမ်းနိုင်ခဲ့သည်။

သတင်း

ပြည်သူများမြင်ချင်နေသည့် တိုက်ပွဲများဆင်နွှဲလျက်ရှိနေကြသည့် CDF-Mindat အတွက် အထူးဆုတောင်းပေးကြရန် CDF မင်းတပ် သတင်းပြန်ကြားရေးက ယနေ့နံနက်တွင် ထုတ်ပြန်ခဲ့သည်။

သတင်း

ဒီဇင်ဘာ ၄ရက် နေ့လယ်ပိုင်းတွင် ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ကို CDF မင်းတပ် ရဲဘော်များက မင်းတပ်မြို့ ဘ၀သစ်ရပ်ကွက် စာတိုက်ရုံးလမ်းဆုံအနီးတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်း

စစ်ကောင်စီတပ်က ထိုသို့လမ်းများ ဖျက်ထားသော်လည်း CDF တပ်ဖွဲ့များ ဝင်ရောက်လိုပါက ဝင်ရောက်နိုင်မည်ဖြစ်ကြောင်းလည်းဒေသခံက ပြောသည်။