Connect with us

Hi, what are you looking for?

News

လေပြင်းကျ၍ မင်းတပ်စစ်ဘေးရှောင်စခန်းတစ်ခု ပျက်စီး

“စစ်ဘေးကိုကြောက်ပါတယ်ဆိုမှ သဘာဝဘေးက ထပ် ဒုက္ခပေးတယ်။ ယာယီတဲအိမ်တွေ တော်တော်များများ ပြိုကျပျက်စီးတယ်။ပြန်ပြင်ဖို့ အကူအညီတွေ လိုအပ်တယ် “ဟု ၎င်းက ပြောသည်။

ချင်းပြည်နယ် မင်းတပ်မြို့တွင် ယနေ့ နေ့လယ် ၂နာရီခန့်က မိုးသက်လေပြင်းကျခဲ့ပြီး စစ်ဘေးရှောင်စခန်းတစ်ခုမှ ယာယီတဲအိမ်အများအပြား ပျက်စီးခဲ့သည်။

ယနေ့(ဧပြီ ၁၈ရက်) နေ့လယ် ၂နာရီခန့်တွင် မင်းတပ်မြို့၌ မိုးနှင့် လေပြင်း တပြိုင်နက်ကျရောက်ခဲ့ခြင်းဖြစ်သည်။မိနစ်အနည်းငယ်သာ ကြာသည့် လေပြင်းကြောင့်အိမ်ထောင်စု ၁၀၀ ကျော်နေထိုင်သည့် စစ်ရှောင်စခန်းမှ တဲအိမ်များ ပျက်ဆီးသွားခဲ့ခြင်းဟု ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

“စစ်ဘေးကိုကြောက်ပါတယ်ဆိုမှ သဘာဝဘေးက ထပ် ဒုက္ခပေးတယ်။ ယာယီတဲအိမ်တွေ တော်တော်များများ ပြိုကျပျက်စီးတယ်။ပြန်ပြင်ဖို့ အကူအညီတွေ လိုအပ်တယ် “ဟု ၎င်းက ပြောသည်။

ဧပြီသည် မိုးကြိုကာလဖြစ်ပြီး ဒေသအချို့တွင် လေထုမတည်မငြိမ်မှုကြောင့် မိုးကြိုးပစ်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်းများ မကြာခဏဖြစ်ပေါ်နေသည်။

Public Service Announcement

Public Service Announcement

ဧပြီအတွင်း စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်၊ မန္တလေးတိုင်း မိုးကုတ်မြို့နှင့် ရှမ်းပြည်နယ် မူဆယ်နှင့်နမ်းခမ်းမြို့တွင် လေပြင်းဘေးကြုံတွေ့ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်နဲ့ ဧရာဝတီတိုင်းမှာ အခုရက်ပိုင်းကြုံတွေ့နေရတဲ့ လေပြင်းဘေးကြောင့် စပါးခင်းအများအပြားပျက်စီးခဲ့တယ်လို့ ဒေသခံတောင်သူလယ်သမားတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာ ဒီနေ့(စက်တင်ဘာ၁၄) နေ့လည်ပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် မြို့နယ်လေးခုမှာသစ်ပင်လဲကျတဲ့ ဖြစ်စဉ်တွေဖြစ်ခဲ့ပြီး လမ်းပိတ်မှုတွေဖြစ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်ပြီး အသက် ၆၀ ခန့်အရွယ် လင်မယား ၂ဦး အသက်သေဆုံးခဲ့ရကြောင်း မင်းတပ်ဒေသခံက အသိပေးပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အရှေ့ခြမ်းတနေရာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။

Facebook