Connect with us

Hi, what are you looking for?

News

အရာတော်တွင် တော်လှန်ရေးရဲဘော်များက သက်ကြီးရွယ်အိုများအား နှစ်သစ်ကူး ကန်​တော့

တော်လှန်ရေးရဲဘော်များသည် ၎င်းတို့၏ မုန့်ဖိုးများ စုစည်းကာ ကျေးရွာရှိ အဖိုး၊ အဖွား (၃၃) ဦးအား စားစရာနှင့် ငွေကြေးအချို့ ဂါရဝပြုခဲ့ကြောင်းသိရှိရသည်။

ဓာတ်ပုံ - အရာတော်မြို့နယ် သတင်းမှန်ပြန်ကြားရေး

စစ်ကိုင်းတိုင်း အရာတော်မြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် တော်လှန်ရေးရဲဘော်များက သက်ကြီးရွယ်အို အဖိုး၊အဖွားများကို မြန်မာနှစ်သစ်ကူးအထိမ်းအမှတ်အ​ဖြစ် ယနေ့ (ဧပြီ ၁၈) နှစ်ဆန်းနှစ်ရက်နေ့တွင် လိုက်လံ ဂါရဝပြုကန်တော့ခဲ့ကြသည်။

” ဒီကာလက ကျပ်တည်းတော့ အဖိုးအဖွားတွေကို ထောက်ပံ့ချင်တာရယ် နှစ်သစ်ကူးနဲ့လည်း ကြုံကြိုက်‌နေတော့ ဂါရဝပြုကြမယ်ဆိုပြီး ကျွန်တော်တို့ တက်နိုင်တာလေးနဲ့ စုပြီး လုပ်ဖြစ်သွားတာပါ။ တချို့အဖိုးအဖွားတွေဆို မျက်ရည်တွေကျပြီး ကျွန်တော်တို့ကို ကိုယ့်မြေးလေးတွေကိုမှာသလို အစစအရာရာ ဂရုစိုက်ဖို့မှာတယ်။ တချို့ကလည်း ၈၈ ကာလဖြတ်သန်းခဲ့ရတဲ့ အခက်အခဲ အတွေ့အကြုံတွေပြောပြပြီး စုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့ လမ်းမှန်မှန်လျှောက်ဖို့ မှာတယ် ” ဟု လိုက်လံဂါရဝပြုခဲ့သူ ရဲဘော်တစ်ဦးက ရေးသားဖော်ပြခဲ့သည်။

ထိုသို့ ဂါရဝပြုသည့် လူငယ်များကို အဘိုး၊အဘွားများက “အရေးတော်ပုံ ၊အောင်ပါစေ” ဟု ဆုပေးခဲ့သည့်အတွက် ကြည်နူးဝမ်းသာရကြောင်း ရဲဘော်တစ်ဦးက ဆိုသည်။

တော်လှန်ရေးရဲဘော်များသည် ၎င်းတို့၏ မုန့်ဖိုးများ စုစည်းကာ ကျေးရွာရှိ အဖိုး၊ အဖွား (၃၃) ဦးအား စားစရာနှင့် ငွေကြေးအချို့ ဂါရဝပြုခဲ့ကြောင်းသိရှိရသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးအောင်မြင်မှုတွေ ဘယ်လောက်ပဲရရှိနေပါစေ၊ ပြည်သူ့မေတ္တာနဲ့ ယုံကြည်မှုကို ဆုံးရှုံးသွားရင် တော်လှန်ရေးဟာ အဓိပ္ပာယ်မဲ့သွားမှာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သတိပေးလိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်က ရေဘေးသင့် ကျေးရွာ ၂ရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်လို့ ရေဘေးသင့် ပြည်သူ ၁ ဦးသေဆုံးပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အနေနဲ့ အာဏာသိမ်းစစ်ကောင်စီ ဖြုတ်ချဖို့အတွက် လုပ်ဆောင်သွားဖို့ ကြိုါ်ပမ်းလျက်ရှိရာ ပြည်သူတွေ ရပ်တည်ပေးကြဖို့ SCEF တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောကြားပါတယ်။