Connect with us

Hi, what are you looking for?

LuduNwayOo

News

မိုးရွာလျင်မိုင်းကွဲနိုင်၍ မုံရွာ-အမြင့်လမ်းပြည်သူများအသုံးမပြုရန် ​ဒေသတွင်းPDF များသတိ​​ပေး

မုံရွာမြို့နယ်၊ မုံရွာ-အမြင့်လမ်းမပေါ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များ မကြာခဏတိုက်ခိုက်ခံရလေ့ရှိပြီး မိုးရွာလျှင်လည်း မိုင်းများထကွဲတတ်သည်ဆို၍ ဒေသတွင်းPDFများက သတိပေးလေ့ရှိသည်။

(မုံရွာ-အမြင့်လမ်း၌ PDFများက အကြမ်းဖက်စစ်ကောင်စီယာဥ်များကိုမိုင်းခွဲတိုက်ခိုက်စဥ်)

မိုးရွာ၍ မိုင်းများထကွဲနိုင်သဖြင့် မုံရွာ-အမြင့်လမ်းအား ပြည်သူများဖြတ်သန်းသွားလာခြင်းမပြုရန် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက သတိပေးကြေညာသည်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-အမြင့်လမ်းပိုင်းအား ယနေ့၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၈ရက်နေ့ညနေ၆နာရီမှ စတင်၍ အရေးပေါ်အခြေအနေကြောင့် မိုင်းများမိုးရွာ၍ ထကွဲခြင်းများဖြစ်နိုင်ပါသဖြင့် မည်သူတစ်ဦးတစ်ယောက်မျှ ဖြတ်သန်းသွားလာခြင်းမပြုလုပ်ကြရန်နှင့် အရေးပေါ်ကိစ္စရှိမှသာလျှင် မုံရွာ-အမြင့်လမ်းအား အသုံးပြုကြပါရန် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ယနေ့ညနေပိုင်းတွင် သတိပေးသည်။

Public Service Announcement

အဆိုပါသတိပေးချက်အား ညီနောင်မဟာမိတ်များဖြစ်သည့် Monywa Lightning PDF.၊Monywa Peregrine PDF ၊Black Wolf Defence force၊Chaung U Local Defence Force ၊ ချောင်းဦးမြို့နယ် တော်လှန်ရေးတပ် Chaung U Revolution Army၊Farmers Revolution Force CHU ၊Black Eagle People’s Defence Force၊ Monywa Brave Hearts MBH ၊ Dragon Brother’s PDF နှင့်ဗန္ဓုလ-အဖွဲ့သားများ တို့မှလမ်းအသုံးပြုခွင့်ယာယီပိတ်ထားခြင်းဖြစ်ကြောင်း၊ လမ်းပြန်လည်အသုံးပြုခွင့်အား ထပ်မံကြေငြာသွားမည်ဖြစ်ကြောင်း ၎င်းတို့က အသိပေးသည်။

မုံရွာမြို့နယ်၊ မုံရွာ-အမြင့်လမ်းမပေါ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များ မကြာခဏတိုက်ခိုက်ခံရလေ့ရှိပြီး မိုးရွာလျှင်လည်း မိုင်းများထကွဲတတ်သည်ဆို၍ ဒေသတွင်းPDFများက သတိပေးလေ့ရှိသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

တိုက်ခိုက်ခံရပြီးနောက် လျှော်ဖြူကျေးရွာသို့ ရွာကြီးရွာမှ စစ်ကောင်စီတပ်သားများ လာရောက်အင်အားဖြည့်ထားကြောင်း ဒေသခံများက ပြောသည်။

သတင်း

သရက်ကုန်းတိုက်ပွဲအတွင်း လက်နက်ငယ် (၄၀)ကျော် ၊ ၆၀မမ (၂)လတ် ၊ Drone Jammar (၁)ခု ၊ ခဲယမ်းအမြောက်အများအပါအဝင် ရန်သူ့အလောင်း ၂၁လောင်းသိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်သည်။

သတင်း

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကာ ၎င်းတို့ထံမှ ၆၀ မမ အဝေးပစ်ပို့ယမ်း (၅)ထုပ်ရရှိခဲ့ကြောင်း MBT တပ်ဖွဲ့က အသိပေးသည်။

သတင်း

"ပြည်သူတွေ စိတ်မပူပါနဲ့။ ကျွန်တော်တို့ အဲဒီစစ်ကြောင်း မြဝတီကိုမရောက်နိုင်အောင် တားဆီးပါမယ်"ဟု ကျားဖြူစစ်ကြောင်းမှ ဒုစစ်ကြောင်းမှူး ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။