Connect with us

Hi, what are you looking for?

News

မိုးရွာလျင်မိုင်းကွဲနိုင်၍ မုံရွာ-အမြင့်လမ်းပြည်သူများအသုံးမပြုရန် ​ဒေသတွင်းPDF များသတိ​​ပေး

မုံရွာမြို့နယ်၊ မုံရွာ-အမြင့်လမ်းမပေါ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များ မကြာခဏတိုက်ခိုက်ခံရလေ့ရှိပြီး မိုးရွာလျှင်လည်း မိုင်းများထကွဲတတ်သည်ဆို၍ ဒေသတွင်းPDFများက သတိပေးလေ့ရှိသည်။

(မုံရွာ-အမြင့်လမ်း၌ PDFများက အကြမ်းဖက်စစ်ကောင်စီယာဥ်များကိုမိုင်းခွဲတိုက်ခိုက်စဥ်)

မိုးရွာ၍ မိုင်းများထကွဲနိုင်သဖြင့် မုံရွာ-အမြင့်လမ်းအား ပြည်သူများဖြတ်သန်းသွားလာခြင်းမပြုရန် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက သတိပေးကြေညာသည်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-အမြင့်လမ်းပိုင်းအား ယနေ့၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၈ရက်နေ့ညနေ၆နာရီမှ စတင်၍ အရေးပေါ်အခြေအနေကြောင့် မိုင်းများမိုးရွာ၍ ထကွဲခြင်းများဖြစ်နိုင်ပါသဖြင့် မည်သူတစ်ဦးတစ်ယောက်မျှ ဖြတ်သန်းသွားလာခြင်းမပြုလုပ်ကြရန်နှင့် အရေးပေါ်ကိစ္စရှိမှသာလျှင် မုံရွာ-အမြင့်လမ်းအား အသုံးပြုကြပါရန် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ယနေ့ညနေပိုင်းတွင် သတိပေးသည်။

Public Service Announcement

အဆိုပါသတိပေးချက်အား ညီနောင်မဟာမိတ်များဖြစ်သည့် Monywa Lightning PDF.၊Monywa Peregrine PDF ၊Black Wolf Defence force၊Chaung U Local Defence Force ၊ ချောင်းဦးမြို့နယ် တော်လှန်ရေးတပ် Chaung U Revolution Army၊Farmers Revolution Force CHU ၊Black Eagle People’s Defence Force၊ Monywa Brave Hearts MBH ၊ Dragon Brother’s PDF နှင့်ဗန္ဓုလ-အဖွဲ့သားများ တို့မှလမ်းအသုံးပြုခွင့်ယာယီပိတ်ထားခြင်းဖြစ်ကြောင်း၊ လမ်းပြန်လည်အသုံးပြုခွင့်အား ထပ်မံကြေငြာသွားမည်ဖြစ်ကြောင်း ၎င်းတို့က အသိပေးသည်။

မုံရွာမြို့နယ်၊ မုံရွာ-အမြင့်လမ်းမပေါ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များ မကြာခဏတိုက်ခိုက်ခံရလေ့ရှိပြီး မိုးရွာလျှင်လည်း မိုင်းများထကွဲတတ်သည်ဆို၍ ဒေသတွင်းPDFများက သတိပေးလေ့ရှိသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က လူငယ်တွေပေါ်တာဆွဲဖမ်းဆီးနေချိန် ဘုရားကြီးပွဲတော်ကို ပြန်လည်ပြုလုပ်ဖို့ ပြင်ဆင်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ လူတစ်စုက အိမ်ခြံမြေပွဲစားတစ်ဦးကို အိမ်လိုက်ပြခိုင်းပြီး ဓါးနဲ့ခုတ်သတ်သွားကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။