Connect with us

Hi, what are you looking for?

News

ရန်ကုန်စက်သုံးဆီဆိုင်များ ကားတစ်စီး နှစ်​သောင်းဖိုးအထိသာ​ရောင်း​ပေး

“နေရာတိုင်းမှာ ကားတန်းရှည်ကြီး ရှိနေတယ်။ သမဝါယမခေတ်ကလို့ တန်းစီရောင်းတဲ့ မြင်ကွင်းမြို့ဗျာ။ တစ်ဆိုင်ကိုလည်း ကျပ် ၂၀၀၀၀ဖိုးဘဲ ဖြည့်ပေးတော့တယ်”ဟု တောင်ဥက္ကလာပတွင် စက်သုံးဆီသွားရောက်ဖြည့်တင်းခဲ့သူတစ်ဦးကပြောသည်။

ဆီဆိုင်များ​ရှေ့တွင်ကားတန်းရှည်ကြီးများဖြစ်​နေ

ရန်ကုန်မြို့တွင် စက်သုံးဆီဆိုင်များက ဆီကိုကားတစ်စီးလျှင်အများဆုံးကျပ် နှစ်​​သောင်းဖိုးအထိသာ အကန့်အသတ်ဖြင့်သာရောင်းချနေပြီး ဆီဆိုင်အချို့မှာအရောင်းပိတ်ထားကြောင်းကိုယ်တိုင်စက်သုံးဆီဝယ်လာ​သောပြည်သူများက​ပြောသည်။

စက်သုံးဆီပြတ်လတ်နေသည်ဟု သတင်းများထွက်​ပေါ်ပြီး​နောက် ယနေ့ မနက်ပိုင်းတွင် ပြည်တွင်းဆီဆိုင်များ၌ တစ်ဦးကို အမြင့်ဆုံး ကျ ၅၀၀၀၀ဖိုးအထိသာရောင်းချပေးနေသော်လည်း နေ့လယ်ပိုင်းတွင် ကျပ် ၂၀၀၀၀ ဖိုးမှ ကျပ် ၃၀၀၀၀ဖိုးအထိ အများဆုံးရောင်းချပေးနိုင်တော့ကြောင်း ဆီဝင်ဖြည့်ခဲ့ စမ်းချောင်းမြို့ခံတစ်ဦးကပြောသည်။

(ဆီပြတ်မည့်စိုး၍ ဝယ်ယူရန်​စောင့်ဆိုင်း​နေ​သော ကားတန်းရှည် ။ ဓါတ်ပုံ-CJ)

လက်ရှိရန်ကုန်မြို့ရှိ ဆီဆိုင်များတွင် ကားတန်းရှည်များကို ဆိုင်တိုင်းတွင်ရှိနေပြီး နေလယ်ပိုင်းတွင် ပိုမို များပြားလာသည်ဟု ကိုယ်တိုင်မြင်တွေ့ရသည့် မြို့ခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

“နေရာတိုင်းမှာ ကားတန်းရှည်ကြီး ရှိနေတယ်။ သမဝါယမခေတ်ကလို့ တန်းစီရောင်းတဲ့ မြင်ကွင်းမြို့ဗျာ။ တစ်ဆိုင်ကိုလည်း ကျပ် ၂၀၀၀၀ဖိုးဘဲ ဖြည့်ပေးတော့တယ်”ဟု တောင်ဥက္ကလာပတွင် စက်သုံးဆီသွားရောက်ဖြည့်တင်းခဲ့သူတစ်ဦးကပြောသည်။

(ဆီပြတ်မည့်စိုး၍ ဝယ်ယူရန်​စောင့်ဆိုင်း​နေ​သော ကားတန်းရှည် ။ ဓါတ်ပုံ-CJ)

ထိုသို့ ဖြစ်လာရခြင်းမှာ နိုင်ငံခြားမှ စက်သုံးဆီတင်သွင်းရန် လိုအပ်သည့် ဒေါ်လာကို အကြမ်းဖက်စစ်ကောင်စီက ထိန်းချုပ်လိုက်ခြင်းကြောင့် စက်သုံးဆီဆက်လက်တင်သွင်းရန် အခက်အခဲဖြစ်လာခြင်းကြောင့်ဖြစ်သည်ဟု စက်သုံးဆီလုပ်ငန်းရှင်တစ်ဦးကပြောသည်။

“ဒီပုံက လွန်ခဲ့တဲ့နှစ်၂၀ကျော်က ဒုက္ခတွေကို ပြန်ခံစားစေတဲ့ သဘောပါဘဲ။ ”ဟု ၎င်းကဆက်​ပြောသည်။

ယနေ့(ဧပြီ ၁၈ရက်)က စပြီး စက်သုံးဆီ အမျိုးအစားတချို့ကိုလည်း ရောင်းချနိုင်ခြင်းမရှိတော့ကြောင်းနှင့် နိုင်ငံတွင်းရှိ အရံစက်သုံးဆီမှာလည်း မကြာခင်ပြတ်လပ်တော့မည်ဖြစ်ကြောင်းလည်း ၎င်းက​ပြောသည်။

(ဆီပြတ်မည့်စိုး၍ ဝယ်ယူရန်​စောင့်ဆိုင်း​နေ​သော ကားတန်းရှည် ။ ဓါတ်ပုံ-CJ)

စစ်ကောင်စီနှင့်နီးစပ်သည့် စက်သုံးလုပ်ငန်းရှင်များအသင်းအတွင်းရေးမှူးပိုင်ဆိုင်သည့် မြတ်မေတ္တာမွန်ဆီဆိုင်များမှာလည်း မနက်ကတည်းကပင် ဆီရောင်းချမူကိုရပ်တန့်ထားသည်။

ထိုအပြင်စစ်ကောင်စီနှင့်နီးစပ်မှုရှိသည့် ရွှေဗျိုင်းဖြူကုမ္ပဏီက ၎င်းအရောင်းဆိုင်ခွဲအချို့တွင် စက်သုံးဆီကန်သန့်ရှင်းရေးနှင့် ဆိုင်ပြင်ဆင်ခြင်းများ ဆောင်ရွက်ရန် ရှိပါသဖြင့် ဆိုင်ခွဲအချို့အား ခေတ္တယာယီ ပိတ်ထားမည်ဖြစ်သည်ဟုဆိုကာ ဧပြီ ၁၈ ရက်တွင် ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ရဲ့ လုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့မှာလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့၈၁ နှစ်ပြည့်မွေးနေ့ မှာနှင်းဆီလှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ Yangon 4 Brothers- ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့က အသိပေးထားပါတယ်။

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ပြုလုပ်မယ့် နှင်းဆီလှုပ်ရှားမှုကို လှုံ့ဆော်ပေးတဲ့အနေနဲ့ စစ်တပ်ရဲ့ လုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့မှာ နှင်းဆီလှုပ်ရှားမှုကို ပြုလုပ်ခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ ၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။

သတင်း

ရန်ကုန်မှာအမေရိကန်သံအရာရှိသေဆုံးမှုနဲ့ ပတ်သက်ပြီးထိုင်းအမျိုးသမီးတဦးကို လူသတ်မှုနဲ့ စွဲချက်တင်ခဲ့ကြောင်း AP သတင်းဌာနက​ဖော်ပြပါတယ်။