Connect with us

Hi, what are you looking for?

News

ရန်ကုန်-ထားဝယ်-မြိတ် အာရှလမ်းမကြီးပေါ်တွင် တိုက်ပွဲဖြစ်စစ်ကောင်စီတပ် ၇ ဦး​သေဟု​ဒေသခံများ​ပြော

တိုက်ပွဲဖြစ်ပွား​နေစဥ် ထားဝယ်-မြိတ် အာရှလမ်းမကြီးတွင် ခရီးသွားကားများ မနက် ၉နာရီအထိ ပိတ်မိနေခဲ့သည်ဟု ဒေသခံများထံမှသိရသည်။

(တိုက်ပွဲ​ဖြစ်၍ ကားများက​စောင့်ဆိုင်း​နေစဥ်။ ဓါတ်ပုံ-CJ)

တနင်္သာရီတိုင်း၊ ရန်ကုန်-ထားဝယ်-မြိတ် အာရှလမ်းမကြီးပေါ်တွင် စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်တို့ကြား ယနေ့မနက်(ဧပြီ၂၀ ရက်)တွင်တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီ တပ်သား ၇ ဦးသေဆုံးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ သရက်နှစ်ခွရွာနှင့် ပန်းပြင်ရွာကြားတွင် မနက် ၅နာရီနှင့် ၇ နာရီကြား နှစ်နာရီကြာတိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။

“ပြည်သူနှစ်ယောက်ထိပြီး စကစတပ်သား ခုနှစ်ယောက်သေတယ်လိုသိရတယ်။ အတိအကျတော့ သေချာမသိသေးဘူး”ဟု သရက်ချောင်းမြို့ခံတစ်ဦးကပြောသည်။

တိုက်ပွဲဖြစ်ပွား​နေစဥ် ထားဝယ်-မြိတ် အာရှလမ်းမကြီးတွင် ခရီးသွားကားများ မနက် ၉နာရီအထိ ပိတ်မိနေခဲ့သည်ဟု ဒေသခံများထံမှသိရသည်။

Public Service Announcement

Public Service Announcement

ထိုအတူ ယမန့်နေ(ဧပြီ ၁၉ ရက်) ည ၈နာရီခန့်က ၊သရက်ချောင်းမြို့နယ်၊ စော်ဖျားကျေးရွာ ဘုရားကုန်းတွင် တပ်စွဲပြီး ဂိတ်ချထားသော စစ်ကောင်စီတပ်သားများကို ဒေသခံပြည့်သူကာကွယ်ရေးတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့သေးသည်။

ထိုတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးပြီး သေနတ်တလက်သိမ်းဆည်းရမိသည်ဟု ဒေသခံကာကွယ်ရေးတပ်များနှင့်နီးစပ်သူတစ်ဦးကပြောသည်။ ထိုတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှလက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း ဒေသခံကာကွယ်တပ်များဘက်မှ အထိအခိုက်မရှိဘဲပြန်လည် ဆုတ်ခွာနိုင်ခဲ့သည်ဟုလည်းသိရသည်။

အထက်ပါတိုက်ခိုက်မူများအတွက် မည်သည့်အဖွဲ့ကဆောင်ရွက်သည်ကို ထုတ်ပြန်ကြေညာခြင်းမရှိသေးပေ။ အဆိုပါ​ဒေသတွင် KNU/KNLA နှင့် ​ဒေသခံပြည်သူ့ကာကွယ်​ရေးတပ်များက ပူး​ပေါင်း၍ စစ်​ကောင်စီတပ်ကို မကြာခဏတိုက်ခိုက်​လေ့ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်တိုင်း ၊မြောက်ဒဂုံမြို့နယ်မှာရှိတဲ့ ကြက်ခြေနီရုံးနားမှာအသက်နှစ်လသားအရွယ်အမွှာကလေးနှစ်ဦးကို သြဂုတ်လ ၂ ရက်က လာရောက်စွန့်ပစ်သွားတဲ့ဖြစ်စဉ်ဖြစ်ခဲ့တ​ယ်လို့ လူမှုကူညီရေးလုပ်ကိုင်သူအချို့ဆီကသိရပါတယ်။