Connect with us

Hi, what are you looking for?

News

မန္တလေးသပိတ်ခေါင်းဆောင် ကိုသူရအောင် စစ်ကြောရေး၌ကျဆုံးဟု သတင်းထွက်ပေါ်

ကိုသူရအောင်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၉ ရက်တွင် အကြမ်းဖက်စစ်ကောင်စီ၏ မတရားဖမ်းဆီးခံခဲ့ရပြီး ဖမ်းဆီးခံရချိန်မှ ယနေ့အချိန်ထိ မိသားစုဝင်များ၊ မိတ်ဆွေများ၊ ရှေ့နေများနှင့် အဆက်အသွယ်မရသေးကြောင်း သိရသည်။

▪️မန္တလေးအခြေစိုက် သပိတ်အင်အားစုများက အတည်မပြုနိုင်သေးဟုဆို

အကြမ်းဖက်စစ်ကောင်စီ၏ အဓမ္မဖမ်းဆီးခံထားရသော မန္တလေးသပိတ်ခေါင်းဆောင် ကိုသူရအောင်သည် ယမန်နေ့ (ဧပြီ ၁၈)ညပိုင်းတွင် စစ်ကြောရေး၌ သွေးအန်၍ ကျဆုံးခဲ့ကြောင်း သတင်းများထွက်ပေါ်လာသည်။

သို့သော် လက်ရှိပြန့်နှံ့နေသည့် ကိုသူရအောင်၏ သတင်းအပေါ်တွင် အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ မည်သူက၊ မည်သည့် ရည်ရွယ်ချက်နှင့် ဖြန့်ချီမှန်း မသိရကြောင်း၊ ကိုသူရအောင်​၏ သတင်းမှန်သိရရေး ဆက်လက်ကြိုးစားလျက်ရှိကြောင်း မန္တလေးသပိတ်အင်အားစုက ယနေ့ (ဧပြီ ၂၀) အသိ​ပေးထုတ်ပြန်သည်။

“ ကိုသူရအောင် ကိစ္စနဲ့ပတ်သက်ပြီး ဖြစ်စဉ်မတူသော အခြေအနေများကို ကြားသိထားရပါတယ်။ ထိုသတင်းကို ခိုင်လုံနိုင်စေရန် ဆက်လက်စုံစမ်းနေဆဲ အခြေအနေတွင်ရှိနေပါသေးတယ် အခြေအနေအတည်ပြုနိုင်သည်နှင့်အမျှ သတင်းထုတ်ပြန်ပေးသွားပါမယ် “ ဟု မန္တလေးသပိတ်အင်အားစုက ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ကိုသူရအောင်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၉ ရက်တွင် အကြမ်းဖက်စစ်ကောင်စီ၏ မတရားဖမ်းဆီးခံခဲ့ရပြီး ဖမ်းဆီးခံရချိန်မှ ယနေ့အချိန်ထိ မိသားစုဝင်များ၊ မိတ်ဆွေများ၊ ရှေ့နေများနှင့် အဆက်အသွယ်မရသေးကြောင်း သိရသည်။

ကိုသူရအောင်၏ အသက်ဘေးအခြေအနေမှန်ကို သိရှိနိုင်ရေး၊ အသက်အန္တရာယ် ဘေးကင်းလုံခြုံမှုရှိရေး၊ မိသားစုဝင်များ၊ မိတ်ဆွေများနဲ့ အမြန်ဆုံး အဆက် အသွယ်ရရှိရေးတို့အတွက် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)၊ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းများ၊ ရှေ့နေရှေ့ရပ်များ၊ သံရုံးနှင့် သံတမန် အဖွဲ့အစည်းများအနေဖြင့် အရေးပေါ် ကြားဝင် ကူညီဆောင်ရွက်ပေးရန်လည်း မန္တလေးသပိတ်အင်အားစုက (ဧပြီ ၁၁ရက်)က မေတ္တာရပ်ခံထားသည်။

လက်ရှိတွင် ကိုသူရအောင်အပါအဝင် စစ်ကောင်စီ၏ အဓ္ဓမ ဖမ်းဆီးခံထားထားရသည့် သပိတ်မှ ရဲဘော်များ၊ PDF ၊ UG များ​၏ အခြေအနေမှာ စစ်ကြောရေး၌ ညှင်းပန်းနှိပ်စက် စစ်ဆေးခြင်းကို ခံနေရကြောင်း၊ ရဲဘော်များအတွက် ပြည်သူလူထုနှင့်အတူ သက်ဆိုင်ရာ အဖွဲ့အစည်းများ​၏ကူညီမှုကို လိုအပ်နေကြောင်း မန္တလေးအခြေစိုက် Spring Diary သပိတ်အင်အားစုကလည်း ထုတ်ပြန်ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

အခုရက်ပိုင်းတွေအတွင်းမန္တလေးမှာ စစ်ကောင်စီတပ်က လမ်းသွားလမ်းလာပြည်သူအချို့ကိုလူပုဂ္ဂိုလ်စိစစ် စောင့်ကြည့်စနစ် ( Person Scrutinization and Monitoring System - PSMS) နဲ့ တိုက်ဆိုင်စစ်ဆေးတာတွေ ပြုလုပ်လာတယ်လို့မြို့ခံတွေဆီကသိရပါတယ်။

သတင်း

ဒီဇင်ဘာ ၁၀ ရက်မှာ တနိုင်ငံလုံး လူထုတရပ်လုံးက “အပြင်မထွက်၊ အသံတိတ်သပိတ်ကြီး” (Silent Strike)ဆင်နွှဲမယ်လို့အသိ​ပေး

သတင်း

မန္တ​လေးမြို့မှာ ဒီဇင်ဘာ ၃ ရက်မနက်မနက်ပိုင်းမှာ စစ်တပ်​ရွေး​ကောက်ပွဲ ဆန့်​ကျင်​ကြောင်းဆန္ဒပြသွားသလိုဒီ​နေ့ အာဏာသိမ်းခေါင်းဆောင်ပါ ရောက်လာတာ​ကြောင့် စစ်တပ်က မြို့တွင်းကို RPGထမ်းကာ ခြေလျင်ကင်းလှည့်ခဲ့တယ်လို့ မြို့ခံ တွေက​ပြောပါတယ်။

သတင်း

မန္တလေးမြို့ ၊ မဟာအောင်မြေမြို့နယ်ရှိ ပေါက်ကျိုင်းလက်ဖက်ရည်ဆိုင် ဒီနေ့ ( ဒီဇင်ဘာလ ၄ ရက်) မနက် ၇ နာရီခွဲကျော်က မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။