Connect with us

Hi, what are you looking for?

LuduNwayOo

News

မန္တလေးသပိတ်ခေါင်းဆောင် ကိုသူရအောင် စစ်ကြောရေး၌ကျဆုံးဟု သတင်းထွက်ပေါ်

ကိုသူရအောင်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၉ ရက်တွင် အကြမ်းဖက်စစ်ကောင်စီ၏ မတရားဖမ်းဆီးခံခဲ့ရပြီး ဖမ်းဆီးခံရချိန်မှ ယနေ့အချိန်ထိ မိသားစုဝင်များ၊ မိတ်ဆွေများ၊ ရှေ့နေများနှင့် အဆက်အသွယ်မရသေးကြောင်း သိရသည်။

▪️မန္တလေးအခြေစိုက် သပိတ်အင်အားစုများက အတည်မပြုနိုင်သေးဟုဆို

အကြမ်းဖက်စစ်ကောင်စီ၏ အဓမ္မဖမ်းဆီးခံထားရသော မန္တလေးသပိတ်ခေါင်းဆောင် ကိုသူရအောင်သည် ယမန်နေ့ (ဧပြီ ၁၈)ညပိုင်းတွင် စစ်ကြောရေး၌ သွေးအန်၍ ကျဆုံးခဲ့ကြောင်း သတင်းများထွက်ပေါ်လာသည်။

သို့သော် လက်ရှိပြန့်နှံ့နေသည့် ကိုသူရအောင်၏ သတင်းအပေါ်တွင် အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ မည်သူက၊ မည်သည့် ရည်ရွယ်ချက်နှင့် ဖြန့်ချီမှန်း မသိရကြောင်း၊ ကိုသူရအောင်​၏ သတင်းမှန်သိရရေး ဆက်လက်ကြိုးစားလျက်ရှိကြောင်း မန္တလေးသပိတ်အင်အားစုက ယနေ့ (ဧပြီ ၂၀) အသိ​ပေးထုတ်ပြန်သည်။

“ကိုသူရအောင် ကိစ္စနဲ့ပတ်သက်ပြီး ဖြစ်စဉ်မတူသော အခြေအနေများကို ကြားသိထားရပါတယ်။ ထိုသတင်းကို ခိုင်လုံနိုင်စေရန် ဆက်လက်စုံစမ်းနေဆဲ အခြေအနေတွင်ရှိနေပါသေးတယ် အခြေအနေအတည်ပြုနိုင်သည်နှင့်အမျှ သတင်းထုတ်ပြန်ပေးသွားပါမယ် “ဟု မန္တလေးသပိတ်အင်အားစုက ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ကိုသူရအောင်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၉ ရက်တွင် အကြမ်းဖက်စစ်ကောင်စီ၏ မတရားဖမ်းဆီးခံခဲ့ရပြီး ဖမ်းဆီးခံရချိန်မှ ယနေ့အချိန်ထိ မိသားစုဝင်များ၊ မိတ်ဆွေများ၊ ရှေ့နေများနှင့် အဆက်အသွယ်မရသေးကြောင်း သိရသည်။

ကိုသူရအောင်၏ အသက်ဘေးအခြေအနေမှန်ကို သိရှိနိုင်ရေး၊ အသက်အန္တရာယ် ဘေးကင်းလုံခြုံမှုရှိရေး၊ မိသားစုဝင်များ၊ မိတ်ဆွေများနဲ့ အမြန်ဆုံး အဆက် အသွယ်ရရှိရေးတို့အတွက် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)၊ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းများ၊ ရှေ့နေရှေ့ရပ်များ၊ သံရုံးနှင့် သံတမန် အဖွဲ့အစည်းများအနေဖြင့် အရေးပေါ် ကြားဝင် ကူညီဆောင်ရွက်ပေးရန်လည်း မန္တလေးသပိတ်အင်အားစုက (ဧပြီ ၁၁ရက်)က မေတ္တာရပ်ခံထားသည်။

လက်ရှိတွင် ကိုသူရအောင်အပါအဝင် စစ်ကောင်စီ၏ အဓ္ဓမ ဖမ်းဆီးခံထားထားရသည့် သပိတ်မှ ရဲဘော်များ၊ PDF ၊ UG များ​၏ အခြေအနေမှာ စစ်ကြောရေး၌ ညှင်းပန်းနှိပ်စက် စစ်ဆေးခြင်းကို ခံနေရကြောင်း၊ ရဲဘော်များအတွက် ပြည်သူလူထုနှင့်အတူ သက်ဆိုင်ရာ အဖွဲ့အစည်းများ​၏ကူညီမှုကို လိုအပ်နေကြောင်း မန္တလေးအခြေစိုက် Spring Diary သပိတ်အင်အားစုကလည်း ထုတ်ပြန်ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကိုမာန်ဇာမြေမွန်နှင့် ကိုအောင်ကျော်ဇင်တို့အား မြို့တော်ခန်းမအတွင်းရှိ စစ်သားများက ရိုက်နှက် နှိပ်စက်ခဲ့ရာ ကိုအောင်ကျော်ဇင်မှာ မတ်လ (၂၉) ရက်နေ့တွင် ကျဆုံးခဲ့ကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင် ကိုရှင်းသန့်က ပြောကြားသည်။

သတင်း

ဖေဖော်ဝါရီ ၂၅ရက်က မုံရွာမြို့နယ်ရှိ ဗန်စီစီ၊ နိဗ္ဗာန်ဝ၊ မုံရွေးကြေးမုံကျေးရွာများသို့ ထိုးစစ်ဆင်လာခဲ့သော စစ်ကြောင်းနှင့် မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း၊ တပ်ခွဲ(၃)၊ တပ်စု(၂)Youth Vigor Revolution Force ရဲဘော်များနှင့် ထိပ်တိုက်တွေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

သတင်း

မန္တလေးမြို့အပြင် ပုသိမ်၊ နေပြည်တော်၊ ပဲခူးရုံးခွဲတို့၏ ပတ်စ်ပို့လုပ်ငန်းများကိုလည်း ဝက်ဘ်ဆိုက်၌ ကြိုတင် စာရင်းသွင်းနိုင်သည်ဟု စစ်ကောင်စီက ဆိုသည်။

ဆောင်းပါး

စစ်ကောင်စီအသက်သွင်းလိုက်သည့် စစ်မှုထမ်းဥပဒေသည် နိုင်ငံတွင်းရှိ ယောင်ဝါးဝါးနေနေသော ပြည်သူအချို့အား ဘက်တစ်ဘက်၌ ခြေစုံချရပ်ရန် သတိပေးလိုက်ခြင်းပင်ဖြစ်သည်ဟုပြည်သူများက​ပြောသည်။