Connect with us

Hi, what are you looking for?

News

ဒေသခံများအား အခ​ကြေး​ငွေဖြင့် ​မွေးမြူထိန်း​ကျောင်း​စေသည့် နွား​နောက်များကို သိမ်းဆည်းလိုက်​​ကြောင်း မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်

သမ္မတဦးဝင်းမြင့်အစိုးရလက်ထက်တွင် မွေးမြူရေးနှင့် ကုသရေးဌာနပိုင် နွားနောက်များကို ဒေသခံများအား အခကြေးငွေဖြင့် မွေးမြူထိန်းကျောင်းစေခဲ့ပြီး ယခုအခါ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပိုင်အဖြစ် သိမ်းဆည်းလိုက်ပြီဟု ဒေသခံလူထုအားအသိပေးချက်ကို ဧပြီ ၂၀ရက်က ထုတ်ပြန်ခြင်းဖြစ်သည်။

ဒေသခံများအား ယခင်အစိုးရက အခကြေးငွေဖြင့် မွေးမြူထိန်းကျောင်းစေခဲ့သည့် နွားနောက်များကို ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပိုင်အဖြစ် သိမ်းဆည်းလိုက်ပြီဟု မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်​ကြေညာသည်။

သမ္မတဦးဝင်းမြင့်အစိုးရလက်ထက်တွင် မွေးမြူရေးနှင့် ကုသရေးဌာနပိုင် နွားနောက်များကို ဒေသခံများအား အခကြေးငွေဖြင့် မွေးမြူထိန်းကျောင်းစေခဲ့ပြီး ယခုအခါ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပိုင်အဖြစ် သိမ်းဆည်းလိုက်ပြီဟု ဒေသခံလူထုအားအသိပေးချက်ကို ဧပြီ ၂၀ရက်က ထုတ်ပြန်ခြင်းဖြစ်သည်။

“နွားနောက်များနှင့် ပတ်သက်၍ မွေးမြူရေးနှင့်ကုသရေးဌာနမှ Non-CDM ဝန်ထမ်းများ၏ စွက်ဖက်ပြောဆိုမှုများသည် တရားမဝင်သောကြောင့် ပြည်သူများအနေ ဖြင့် အလေးထားခြင်းမပြုရန်၊ နွားနောက်ထိန်းကျောင်းသူများ အနေဖြင့်လည်း မိမိတို့ထိန်းကျောင်းသော နွားနောက်များကို ပုဂ္ဂိုလ်ရေးအကျိုးအတွက် အလွဲသုံး စား မပြုလုပ်ကြရန်၊ မွေးမြူရေးနှင့်ကုသရေး ဌာနပိုင်မွေးမြူထားသည့်နွားနောက်များကို မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပိုင် နွားနောက်များအဖြစ် သိမ်းဆည်းပြီးကြောင်း အများပြည်သူများသိရှိစေရန်ကြေညာလိုက်သည်”ဟု မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်သည်။

မင်းတပ်မြို့သည် ပြည်သူ့ကာကွယ်ရေးအဖွဲ့ အလွန်အားကောင်းသည့် မြို့ဖြစ်ပြီး မင်းတပ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ CDF မင်းတပ်က စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်နေသည်။ တစ်ချိန်တည်းတွင် မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒေသတွင်း ပြည်သူ့အုပ်ချုပ်ရေးယန္တရားလည်ပတ်အောင် စီမံနေသည်။

Public Service Announcement

Public Service Announcement

နွားနောက်များသည် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပိုင်အဖြစ် ​ကြေညာလိုက်သလို ယခင်အစိုးရလက်ထက် ချေးငွေများကို စစ်ကောင်စီထံ ပြန်ဆပ်ရန်မလိုအပ်ကြောင်းနှင့် နွေဦးတော်လှန်ရေးပြီးဆုံး၍ ပြည်သူ့အစိုးရ တစ်ရပ်ပေါ် ပေါက်လာသောအခါမှပြန်ဆပ်ရန် ယမန်နေ့က သတင်းထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မင်းတပ်မြို့အနီးဝန်းကို ဖျက်အားပြင်းဗုံးတွေအပါအဝင် ဗုံးအလုံးရေ ၁၀၀ ကျော်နဲ့ ထပ်မံတိုက်ခိုက်

သတင်း

ချင်းပြည်နယ်၊မင်းတပ်မြို့အနီးမှာမြေအနက် ၁၀ ကီလိုမီတာ(၆မိုင်ခန့်)ကို ဗဟိုပြုပြီး ရစ်ခ်တာစကေး၄ ဒဿမ၂ အဆင့်ငလျင်လှုပ်သွားပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်က ကျေးရွာတစ်ရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူလူထု ထိခိုက်မှု၊ နေအိမ်ပျက်စီးမှုတွေရှိခဲ့တယ်လို့ဒေသခံက အသိပေးပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လျက်ရှိရာ မနေ့က ဇွန် ၃၀ရက်မနက်ကနေ ဒီကနေ့ ဇူလိုင် ၁ရက် မနက်အထိ ၂၄နာရီအတွင်း လေကြောင်းကနေ ဗုံးအလုံးရေ ၁၀၀ ကျော်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံက အသိပေးထားပါတယ်။