Connect with us

Hi, what are you looking for?

News

ဒေါ်လာမူဝါဒကို ကင်းလွတ်ခွင့်အချို့ ပေးပြီး စစ်ကောင်စီဖြေလျော့

ကနဦးက ပြည်ပကနေ ဒေါ်လာဝင်ငွေ ဝင်လာရင် တစ်ဒေါ်လာကို ၁၈၅၀ ကျပ်နဲ့ တစ်ရက်အတွင်းရောင်းချရမယ်လို့ စစ်ကောင်စီက ဧပြီလ ၃ ရက်က အမိန့်ထုတ်တာပါ။

ဒေါ်လာနဲ့ဝင်ငွေရရင် သတ်မှတ်ဈေးနှုန်းနဲ့တစ်ရက်အတွင်းရောင်းချရမယ်ဆိုတဲ့ အမိန့်ထုတ်ခဲ့တဲ့ စစ်ကောင်စီဟာ တစ်လအတွင်းမှာတင် အဲဒီအမိန့်ကို ပြန်ဖြေလျော့ပေးလိုက်ရပါတယ်။

ကနဦးက ပြည်ပကနေ ဒေါ်လာဝင်ငွေ ဝင်လာရင် တစ်ဒေါ်လာကို ၁၈၅၀ ကျပ်နဲ့ တစ်ရက်အတွင်းရောင်းချရမယ်လို့ စစ်ကောင်စီက ဧပြီလ ၃ ရက်က အမိန့်ထုတ်တာပါ။

ဒါပေမယ့် အမိန့်ထုတ်ပြီး ၁၇ ရက်အကြာမှာတင် အဲဒီအမိန့်ကနေ ကင်းလွတ်ခွင့်ပေးရမယ့် လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေကို စစ်ကောင်စီဗဟိုဘဏ်က အသိပေးကြေညာပါတယ်။

စစ်ကောင်စီ ကင်းလွတ်ခွင့်ပေးလိုက်တာတွေကတော့ ပြည်တွင်းမှာလာရောက်လုပ်ကိုင်တဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေ ၊ သံတမန်အသိုင်းအဝိုင်း ၊ကုလသမဂ္ဂအပါအဝင် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတွေမှာ လုပ်ကိုင်နေကြသူတွေ ၊လေကြောင်းလိုင်းတွေ ပါဝင်တာတွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

ဒီလို ကင်းလွတ်ခွင့်ပေးရမယ့်သူတွေကို စာရွက်စာတမ်းအထောက်အထားတွေရယူပြီး စိစစ်ဖို့ကိုလည်း စစ်ကောင်စီရဲ့ ဗဟိုဘဏ်က ညွှန်ကြားပါသေးတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ရုပ်ပုံ ပါရှိတဲ့ တစ်ဒေါ်လာတန် ဒင်္ဂါးတွေကို အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက တရားဝင် ထုတ်ဝေလိုက်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

ဆောင်းပါး

ခွေးကိုက်ခံရတာက ကြောက်စရာကောင်းပါတယ်။ဒါပေမယ့် မြန်မာနိုင်ငံမှာ ခွေးကိုက်ခံရပြီးဆေးရုံရောက်သွားတဲ့အခါလိုအပ်တဲ့ ခွေးရူးကာကွယ်ဆေးကို အချိန်မီ မရနိုင်တာက ပိုပြီး ကြောက်စရာကောင်းလာနေပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်