Connect with us

Hi, what are you looking for?

News

ဆားလင်းကြီးမြို့နယ်ရှိ​ကြေးနီးစီမံကိန်းများအားလုံးရပ်နားရန်၊ ဝန်ထမ်းများ​​မေ ၅ ရက်​နောက်ဆုံးထားCDMပြုလုပ်ရန် PDFတပ်ဖွဲ့များထုတ်ပြန်​ကြေညာ

စစ်အုပ်စုပိုင် ကုမ္ပဏီများတွင် လုပ်ကိုင်နေသော မိဘပြည်သူများအနေဖြင့် မေ(၅)နေ့နောက်ဆုံးထားကာ CDMဝင်ပေးကြရန်၊ စစ်ကောင်စီ၏ဝင်ငွေရလမ်းများအား မိဘပြည်သူများအနေဖြင့် မကူညီ၊မထောက်ပံ့ခြင်းအားဖြင့်တော်လှန်ရေးကို ကူညီပေးပါရန် မေတ္တာရပ်ခံကြောင်း​ဖော်ပြထားသည်။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ ကြေးနီစီမံကိန်းများအားလုံးရပ်ဆိုင်းပြီး ဝန်ထမ်းများအားလုံး မေလ ၅ ရက်နေ့နောက်ဆုံးထားကာ CDM ပြုလုပ်ကြရန် ဆားလင်းကြီး
– ယင်းမာပင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များကထုတ်ပြန်​ကြေညာလိုက်သည်။

ဆားလင်းကြီး-ယင်းမာပင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များက ယနေ့ (ဧပြီလ ၂၁ ရက်နေ့)တွင် ကြေးနီစီမံကိန်းများနှင့်ပတ်သက်၍ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ရာယနေ့အချိန်ကာလသည် မိမိတို့တိုင်းပြည်၌ စစ်အာဏာရှင်စနစ်အား အမြစ်ဖြတ်ဖယ်ရှားရန်အတွက် ပြည်သူများ လက်နက်စွဲကိုင်၍ တိုက်ပွဲဝင်ဆင်နွဲနေချိန်ဖြစ်ကြောင်း၊ တော်လှန်စစ်ဒေသ စစ်နယ်ပယ်သည် ဆားလင်းကြီးမြို့နယ်ရှိ ‌ဒေသတွင်းကြေးနီစီမံကိန်းဒေသများအပါအဝင်ဖြစ်ကြောင်း၊ဒေသတွင်း ကြေးနီစီမံကိန်းများသည် ဒေသခံပြည်သူများနှင့် တရားမျှတမှုကို တောင်းဆိုကြသော အင်အားစုများ၏ နှစ်ရှည် ဆန့်ကျင်ခံခဲ့ရသည့် သမိုင်းကြောင်းလည်းရှိခဲ့ပြီး ဖြစ်ကြောင်း ရေးသားထားသည်။

‌ဒေသတွင်းကြေးနီစီမံကိန်းများ၏ ပင်ကိုယ်စရိုက်လက္ခဏာများသည် စစ်အာဏာရှင်တို့၏ကိုယ်ကျိုးစီးပွားသက်သက်ကိုသာ ကြည့်ပြီး တိုင်းပြည်အကျိုးနှင့် ဒေသခံပြည်သူများ၏ လူမှုဘဝ တိုးတက်ရေးကို ကိုယ်စားပြုလုပ်ဆောင်ထားခြင်း မရှိခဲ့ကြောင်း၊ ထိုလုပ်ငန်းသည် စစ်အာဏာရှင် စနစ်၏ဘဏ္ဍာရေသောက်မြစ်ထဲမှတစ်ခုဖြစ်ခြင်း၊ အာဏာရှင် ထိပ်သီးများနှင့် စစ်ခရိုနီများ၏ ခါးပိုက်ဆောင်စီမံကိန်း ဖြစ်ခြင်းတို့ကြောင့် မိမိတို့အနေဖြင့် ကြေးနီမံကိန်းများအား တိုင်းပြည် အကျိုး၊ ဒေသခံပြည်သူများအကျိုး ရှိကြောင်းရှင်းလင်းစွာချပြနိုင်မှုမရှိမခြင်းတို့ကြောင့် ဆက်လက်ဆန့်ကျင်သွားမည်ဖြစ်သည်ဟု ဆားလင်းကြီး-ယင်းမာပင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များက အသိပေးသည်။

စစ်အာဏာရှင်စနစ်အား အမြစ်ဖြတ်တော်လှန် ဖယ်ရှားရှင်းလင်းနေချိန်တွင် စစ်အုပ်စုပိုင် ဦးပိုင်ယန်စီကုမ္ပဏီလီမိတက်နှင့် ယန်စီ ၊ဝမ်ပေါင်ကုမ္ပဏီတို့ ပူးတွဲ လုပ်ဆောင်သော ဒေသတွင်း စီမံကိန်းများအား မည်သည့်အကြောင်းပြချက်နှင့်မျှ တော်လှန်ရေးကာလအတွင်း လုပ်ငန်းလည်ပတ်ခြင်းကို ခွင့်မပြုနိုင်ဟု မိမိတို့ ဆင်ခြင်ဆုံးဖြတ်ကြောင်း၊ထို့ကြောင့်ထုတ်လုပ်မှုကို ယာယီရပ်နားထားသောဒေသတွင်းကြေးနီစီမံကိန်းများအား ပြန်လည်စတင်ရန်ဆောင်ရွက်သည့် မည့်သည့်လုပ်ရပ်ကိုမဆို၊ မည်သည့်အဖွဲအစည်း၊ မည်သည့်လူပုဂ္ဂိုလ်ကိုမဆို တိုက်ခိုက်ရှင်းလင်း ဖယ်ရှားသွား၍ ကြေးနီစီမံကိန်းအားတိုက်ဖျက်သွားမည်ဟုဆားလင်းကြီး-ယင်းမာပင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များကအသိပေးထားသည်။

Public Service Announcement

Public Service Announcement

စစ်အုပ်စုပိုင် ကုမ္ပဏီများတွင် လုပ်ကိုင်နေသော မိဘပြည်သူများအနေဖြင့် မေ(၅)နေ့နောက်ဆုံးထားကာ CDMဝင်ပေးကြရန်၊ စစ်ကောင်စီ၏ဝင်ငွေရလမ်းများအား မိဘပြည်သူများအနေဖြင့် မကူညီ၊မထောက်ပံ့ခြင်းအားဖြင့်တော်လှန်ရေးကို ကူညီပေးပါရန် မေတ္တာရပ်ခံကြောင်း​ဖော်ပြထားသည်။

ထိုအပြင် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေး အတွက်ဘဏ္ဍာ ရေသောက်မြစ် လက်တက်တစ်ခုကို ဆွဲနုတ်ဖယ်ရှားရန်အတွက် မည်သည့်တိုက်ခိုက်ရေး နည်းလမ်းများကိုမဆို စတင်ကျင့်သုံးတော့မည်ဖြစ်ကြောင်းကို ဒေသတွင်းကြေးနီ စီမံကိန်းများနှင့်ပတ်သက်သူအားလုံးအား အသိပေးလိုက်ကြောင်း သတိပေးချက်တွင်​ပါရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။