Connect with us

Hi, what are you looking for?

News

ဒူးပလာယာခရိုင်ထဲက ကျေးရွာသုံးရွာကို စစ်ကောင်စီလေယာဥ်နဲ့ ဗုံးကြဲ

တစ်ဆက်တည်းမှာပဲ ထီးသဘလူခီးကျေးရွာမှာလည်း စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးသုံးလုံး ထပ်မံကြဲချခဲ့တယ်လို့ မြေပြင်သတင်းပေးပို့ချက်အရ သိရကြောင်း ဒူးပလာယာခရိုင်က ဆိုထားပါတယ်။

ကေအဲန်ယူ-ဒူးပလာယာခရိုင် နို့တကောမြို့နယ်အတွင်းမှာရှိတဲ့ ကွီးလယ်တဲရွာနဲ့ ကွီးလယ်ရွာသစ်ကျေးရွာတို့ကို စစ်ကောင်စီတပ်က ဒီကနေ့ညနေပိုင်းမှာ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ထားပါတယ်။

ဒီကနေ့ညနေ ငါးနာရီအချိန်ခန့်က တပ်မဟာ ၆ နယ်မြေဖြစ်တဲ့ ကွီးလယ်တဲနဲ့ ကွီးလယ်ရွာသစ် ကျေးရွာထဲကို စစ်ကောင်စီတပ်က လေယာဉ်နှစ်စီးနဲ့ ဗုံးငါးလုံးကြဲချခဲ့တယ်လို့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Public Service Announcement

တစ်ဆက်တည်းမှာပဲ ထီးသဘလူခီးကျေးရွာမှာလည်း စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးသုံးလုံး ထပ်မံကြဲချခဲ့တယ်လို့ မြေပြင်သတင်းပေးပို့ချက်အရ သိရကြောင်း ဒူးပလာယာခရိုင်က ဆိုထားပါတယ်။

စစ်ကောင်စီရဲ့ကွီးလယ်တဲ စစ်ဆင်ရေးခြေကုပ်စခန်းကို ကေအဲန်ယူက ရေဖြတ်တောက်ထားတဲ့အတွက် ကျေးရွာတွေအပေါ် စစ်ကောင်စီက ဖျက်ဆီးအောင်လုပ်ဆောင်မယ်လို့ ခြိမ်းခြောက်ပြောဆိုထားပြီး အခုလို ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်လာတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဒါအပြင် ဒီကနေ့ညပိုင်းမှာလည်း တပ်မဟာ ၆ နယ်မြေ လေးကေကော်ဒေသအနီးက ဖလူး သေ့ဘောဘိုးကျေးရွာဘက်မှာ KNLA ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွါးနေတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်က ကာကင်းစခန်းနဲ့ ခြေကုတ်နေရာအချို့သိမ်းပိုက်ခံရပြီး​တော့ အာဏာသိမ်းစစ်တပ်က ဒီနေ့မှာစစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ သံတွဲမြို့နယ်တို့ ကို လေယာဉ်အုပ်လိုက်နဲ့ ဗုံးပတ်ကြဲနေတယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်း ဥဒိန်ရွာကို စစ်တပ်က အင်အားထပ်တိုးပြီးတဲ့နောက် ဒရုန်းတွေနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘိုကြီးကျွန်းရွာ ဘုန်းကြီးကျောင်းပေါ် ဗုံးကျပြီး အမျိုးသားတစ်ဦး သေဆုံးကာ သံဃာတစ်ပါး ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

စစ်​တွေတိုက်ပွဲမှာအထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ပုဏ္ဏားကျွန်းနဲ့ မြောက်ဦးမြို့နယ်တို့ကို တိုက်လေယာဉ်အုပ်လိုက်နဲ့ ဗုံးကြဲတဲ့အတွက်အထိအခိုက်တွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။