Connect with us

Hi, what are you looking for?

News

မီးပြတ်​တောက်​နေသည်မှာကြာ​နေပြီး ဆက်ဖြတ်ပါကလျှပ်စစ်ရုံးလုံခြုံ​ရေး အာမ မခံနိုင်ဟု အင်း​တော်မှPDFများ သတိ​ပေး

ရန်ကုန်၊ မန္တလေး မြို့ကြီးအချို့တွင် လျှပ်စစ်ဓါတ်အားအား အချိန်ပိုင်းဖြင့်ပေးဝေနေပြီး နယ်ဒေသများတွင်မူ လျှပ်စစ်မီးပေးဝေမှု အဆမတန်နည်းပါးလျက်ရှိနေကြောင်း ဒေသခံများက ပြောသည်။

(သတိပေးခံရသည့် အင်းတော်လျှပ်စစ်ဓါတ်အားခွဲရုံ)

စစ်ကိုင်းတိုင်း၊ ကသာခရိုင်အတွင်းရှိ မြို့နယ်အချို့တွင် အကြောင်းမဲ့လျှပ်စစ်မီးဖြတ်တောက်မှု ရက်သတ္တပတ်ကျော်လာ​၍ ဆက်လက်ဖြတ်တောက်နေပါက နဘားလျှပ်စစ်ခွဲရုံ၏ လုံခြုံရေးအား တာဝန်ယူမည်မဟုတ်ကြောင်း အင်းတော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတိပေးလိုက်သည်။

အင်းတော်မြို့နယ်အပါအဝင် ကသာခရိုင်အတွင်းရှိ မြို့နယ်အချို့တွင် လျှပ်စစ်မီးမရရှိသည်မှာ ရက်သတ္တ ပတ်ကျော်ပြီဖြစ်ကြောင်း၊ လျှပ်စစ်မီး အမြဲတမ်းပြတ်တောက်နေခြင်းမှာ ရာသီဥတု၊ စက်ပစ္စည်းချို့ယွင်းမှု၊ ဓာတ်တိုင်များ ပျက်စီးခြင်းကြောင့်လည်း မဟုတ်ဘဲ ပြည်သူများအား လျှပ်စစ်မီးမပေးချင်၍ နဘားလျှပ်စစ်ခွဲရုံမှ တမင်သက်သက် ဖြတ်တောက်နေသည်ဟု သိရကြောင်း၊ ထို့အပြင် နဘားခွဲရုံမှ လျှပ်စစ်မီးရချင်လျှင် ကသာခရိုင်အတွင်းရှိ မော်လူး၊အင်းတော်၊ဗန်းမောက်၊ထီးချိုင့်၊ကသာ စသည့်မြို့၅မြို့မှ တစ်မြို့လျှင် တစ်ရက် ၂၀,၀၀၀ ပေးဆောင်ပါက တစ်ရက် ၃နာရီ လာပေးမည်ဟု ပြောဆိုနေကြောင်း Indaw Revolution-IRအဖွဲ့က အသိပေးသည်။

အင်းတော်မြို့နယ် နဘားလျှပ်စစ်ခွဲရုံအနေဖြင့် ပြည်သူများအပေါ်မငဲ့ကွက်ဘဲ ပြည်သူတွေဒုက္ခရောက်အောင် ဆက်လက်ပြီး လျှပ်စစ်မီးဖြတ်တောက်နေမည်ဆိုပါက အင်းတော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် အသက်အာမမခံနိုင်ကြောင်းနှင့် တစုံတရာဖြစ်ခဲ့ပါက တာဝန်မယူကြောင်း သတိပေးပြောကြားလိုက်သည်ဟု Indaw Revolution-IRက ထုတ်ပြန်သည်။

“ကျွန်တော်တို့ဟာ အာဏာရှင်ကိုတွန်းလှန်နေကြတာ ဖြစ်တဲ့အတွက် အာဏာရှင်ဆန်တဲ့အလုပ်တွေမလုပ်ချင်ပါဘူး။ ဒါပေမဲ့ တချို့နေရာတွေကြတော့ အာဏာတွေ ပါဝါတွေ ပြသင့်ရင် ပြရပါတယ်။

Public Service Announcement

Public Service Announcement

လျှပ်စစ်မီး ပျက်တဲ့ကိစ္စမှာဆိုရင် ဒိုးပင်တောင်ပေါ်မှာ လျှပ်စစ်တာဝါတိုင် လေတိုက်လို့လဲနေတာ အခုထိပြင်မပြီးသေးဘူးလို့လည်းသိထားတယ်။ အဲ့တာမို့ မြို့နယ်တိုင်းကို လျှပ်စစ် လုံလုံလောက်လောက်မပေးနိုင်ဘူးဆိုတာ နားလည်တယ်။ ဖြစ်နေတဲ့ပြဿနာက နဘားခွဲရုံကနေ ကသာ၊ထီးချိုင့်၊အင်းတော်၊ဗန်းမောက်၊မော်လူး စတဲ့မြို့တွေကို တပြိုင်နက်ထဲ မီးပေးလိုက်တဲ့ချိန် ရှိတဲ့လျှပ်စစ်အားနဲ့ ဝန်မမျှတော့ဘဲ မီးအားမနိုင်တဲ့အတွက်ကြောင့် ထီးချိုင့်ခွဲရုံရယ် အင်းတော်ခွဲရုံရယ် ဗန်းမောက်ခွဲရုံရယ်က မင်းတို့မြို့က မီးတအားသုံးတယ် ဘာညာနဲ့ ခွဲရုံအချင်းချင်း ပြဿနာတက် စကားများကြပြီး နဘားခွဲရုံကနေမပေးဘူးကွာဆိုပြီး ပိတ်ချလိုက်တယ်လို့သိရတယ်။ ပြောချင်တာက အခုအခြေနေအရ တစ်မြို့နယ်စီကို အချိန်ပိုင်းလေးနဲ့ ပေးလို့ရရဲ့သားနဲ့ ခွဲရုံအချင်းချင်းပြဿနာဖြစ်တာနဲ့ပဲ ပိတ်ချလိုက်စရာမလိုပါဘူး အဲ့လို ပိတ်ချလိုက်တော့ ကြားထဲက ပြည်သူတွေပဲ ဒုက္ခရောက်တာပါ။ ဒီလိုအချိန်ကာလမှာ ပြည်သူတွေအကုန်ဒုက္ခရောက်နေကြတဲ့အတွက် ပိုပြီးတော့ ငဲ့သင့်ပါတယ်။ မ​နေ့ကထုတ်ပြန်ချက်မှာလည်း ​ကျွန်တော်တို့စုံစမ်းမေးမြန်းပြီး ​မြို့နယ်တိုင်း တစ်ရက် ၂သောင်းပေးရင် တစ်ရက်ကို မီး ၃နာရီ လာပေးမယ်ဆိုပြီးပြောဆိုနေတာလည်း ကြားသိရသည့်အတွက် ထုတ်ပြန်ချက်မှာ အခိုင်အမာထည့်သွင်းရေးသားခဲ့ပါတယ်။ဒါမျိုးလုပ်ရပ်ဟာလုံးဝမဖြစ်သင့်တဲ့ကိစ္စရပ်တစ်ခုပါ။ ခွဲရုံအချင်းချင်းပြဿနာဖြစ်တာနဲ့ပဲ ပြည်သူတွေကို ကြားခံ ဒုက္ခမရောက်စေပါနဲ့ ။ကိုယ့်လုပ်ရပ် ကိုယ့်ပြဿနာကို တာဝန်ယူဖြေရှင်းကြပါ။ ဆက်လက်ပြီး ဒီလိုအတိုင်းဖြစ်နေမည်ဆိုပါက မနေ့က ထုတ်ပြန်ချက်အတိုင်း လုပ်ဆောင်သွားပါမည်ဖြစ်ကြောင်း ထပ်မံပြီး သတိပေးပြောကြားလိုက်ပါတယ်။”ဟု Indaw Revolution-IR အဖွဲ့က ပြောသည်။

“လျှပ်စစ်မီးက လာရင်လည်း တစ်ရက်ကို ၁၅ မိနစ်လောက်ပဲလာတယ်။ လျှပ်စစ်မီးကမရတော့ တချို့လုပ်ငန်းတွေ မလည်ပတ်နိုင်တော့ဘူး။”ဟု အင်းတော်ဒေသခံတစ်ဦးက ပြောသည်။

ရန်ကုန်၊ မန္တလေး မြို့ကြီးအချို့တွင် လျှပ်စစ်ဓါတ်အားအား အချိန်ပိုင်းဖြင့်ပေးဝေနေပြီး နယ်ဒေသများတွင်မူ လျှပ်စစ်မီးပေးဝေမှု အဆမတန်နည်းပါးလျက်ရှိနေကြောင်း ဒေသခံများက ပြောသည်။

Indaw Revolution-IR အဖွဲ့သည် ကသာခရိုင် အင်းတော်မြို့နယ်အတွင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့်အတူ အကြမ်းဖက်စစ်ကောင်စီအား ခုခံတိုက်ခိုက်နေသည့်အဖွဲ့တစ်ခုဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။