Connect with us

Hi, what are you looking for?

News

မြစ်ကြီးနားရှိ နယ်မြေရဲစခန်းတစ်ခုကို KIA တိုက်ခိုက်၊ စစ်ကောင်စီတပ် သေဆုံးထိခိုက်နိုင်ဟု ဒေသခံပြော

မြစ်ဆုံဒေသခံတစ်ဦးကလည်း “ထိခိုက်တာတော့ရှိတယ်လို့ ပြောတယ်။ အရေးပေါ် ကားတွေ သုံးစီးလောက်ထွက်တယ်လို့ ကြားတယ်”ဟု ပြောကြားသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နှင့် မိုင်အနည်းငယ်အကွာရှိ နယ်မြေရဲစခန်းတစ်ခုကို ယမန်နေ့ညပိုင်းက ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

ဧပြီ ၂၁ရက် ည ၇နာရီကျော်တွင် မြစ်ကြီးနား – ပူတာအိုလမ်းဘေးရှိ စစ်ကောင်စီတပ်သားနှင့် ရဲများပူးတွဲနေရာယူထားသည့်နေ့ရာကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

“ပလနဘက်မှာ ရဲစခန်းတစ်ခုရှိတယ်။ ရဲစခန်းမှာဖြစ်တာပေါ့။ အဲဒီမှာ ဂိတ်တစ်ခုရှိတယ်။ ခါတိုင်းဖြတ်သွားဖြတ်လာတွေကိုလည်းသူတို့ စစ်ဆေးမေးမြန်းတာတွေလည်းရှိတာပေါ့။ အခုဖြစ်တဲ့နေရာက အဲဒီနေရာ”ဟု မြစ်ကြီးနားဒေသခံတစ်ဦးက ပြောသည်။

မြစ်ဆုံဒေသခံတစ်ဦးကလည်း “ထိခိုက်တာတော့ရှိတယ်လို့ ပြောတယ်။ အရေးပေါ် ကားတွေ သုံးစီးလောက်ထွက်တယ်လို့ ကြားတယ်”ဟု ပြောကြားသည်။

Public Service Announcement

Public Service Announcement

KIAနှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) တပ်များသည် ယခင်ကလည်း စစ်ကောင်စီ၏ တပ်စခန်း၊ ဂိတ်စခန်းနှင့် စစ်ကြောင်းများ တိုက်ခိုက်မှုများ မကြာခဏလုပ်ဆောင် ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံမှာ မုဒိမ်းမှု စွပ်စွဲချက် တစ်ခုနဲ့ ဆက်စပ်ပြီး ရဲစခန်းတစ်ခုက ရဲဝန်ထမ်းနဲ့ တခြားအမှုထမ်း ၇၈ ဦးစလုံးကို လုပ်ငန်းတာဝန်ကနေ ဆိုင်းငံ့ထားလိုက်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။