Connect with us

Hi, what are you looking for?

LuduNwayOo

News

မြစ်ကြီးနားရှိ နယ်မြေရဲစခန်းတစ်ခုကို KIA တိုက်ခိုက်၊ စစ်ကောင်စီတပ် သေဆုံးထိခိုက်နိုင်ဟု ဒေသခံပြော

မြစ်ဆုံဒေသခံတစ်ဦးကလည်း “ထိခိုက်တာတော့ရှိတယ်လို့ ပြောတယ်။ အရေးပေါ် ကားတွေ သုံးစီးလောက်ထွက်တယ်လို့ ကြားတယ်”ဟု ပြောကြားသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နှင့် မိုင်အနည်းငယ်အကွာရှိ နယ်မြေရဲစခန်းတစ်ခုကို ယမန်နေ့ညပိုင်းက ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

ဧပြီ ၂၁ရက် ည ၇နာရီကျော်တွင် မြစ်ကြီးနား – ပူတာအိုလမ်းဘေးရှိ စစ်ကောင်စီတပ်သားနှင့် ရဲများပူးတွဲနေရာယူထားသည့်နေ့ရာကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

“ပလနဘက်မှာ ရဲစခန်းတစ်ခုရှိတယ်။ ရဲစခန်းမှာဖြစ်တာပေါ့။ အဲဒီမှာ ဂိတ်တစ်ခုရှိတယ်။ ခါတိုင်းဖြတ်သွားဖြတ်လာတွေကိုလည်းသူတို့ စစ်ဆေးမေးမြန်းတာတွေလည်းရှိတာပေါ့။ အခုဖြစ်တဲ့နေရာက အဲဒီနေရာ”ဟု မြစ်ကြီးနားဒေသခံတစ်ဦးက ပြောသည်။

မြစ်ဆုံဒေသခံတစ်ဦးကလည်း “ထိခိုက်တာတော့ရှိတယ်လို့ ပြောတယ်။ အရေးပေါ် ကားတွေ သုံးစီးလောက်ထွက်တယ်လို့ ကြားတယ်”ဟု ပြောကြားသည်။

Public Service Announcement

Public Service Announcement

KIAနှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) တပ်များသည် ယခင်ကလည်း စစ်ကောင်စီ၏ တပ်စခန်း၊ ဂိတ်စခန်းနှင့် စစ်ကြောင်းများ တိုက်ခိုက်မှုများ မကြာခဏလုပ်ဆောင် ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။