Connect with us

Hi, what are you looking for?

News

ပေါက်မြို့နယ်ရှိ ကျေးရွာသုံးရွာကို စစ်ကောင်စီတပ် ထပ်မံမီးရှို့

ကျေးရွာအများအပြားမှ ပြည်သူလူထုများလည်း စစ်ကောင်စီရန်ကို ကြောက်၍ ဘေးကင်းရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး အခက်အခဲများစွာ ကြုံနေရသည်။

မကွေးတိုင်း ပေါက်မြို့နယ်ရှိ ကျေးရွာသုံးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က ယမန်နေ့(ဧပြီ ၂၂ရက်) ညပိုင်းနှင့် ယနေ့နံနက်တို့တွင် မီးရှို့ခဲ့ကြောင်း ဒေသခံက ပြောသည်။

“မနေ့ညက ကျောင်းကုန်းကို။ ဒီနေ့မနက်က ကျွန်းကြီးရယ် အခုရေကျော်ရယ်ကို ထပ်ရှို့တာ။ အသေးစိတ်တော့မသိရသေးဘူး။ သူတို့က အင်အား ၆၀လောက်နဲ့စစ်ကြောင်းထိုးပြီး ရှို့နေတာ။ ရေကျော်က ဒီလအတွင်းမှာပဲ သူတို့ ရှို့ထားလို့ တစ်ရွာလုံးနီးပါးပြောင်သွားတာ။ အဲဒါကို ထပ်ရှို့တာ”ဟု ၎င်းက ဆိုသည်။

ပေါက်မြို့နယ်အတွင်း ယခုရက်ပိုင်းအတွင်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီအကြား ထိတွေ့တိုက်ပွဲဖြစ်နေသည်ဟု ကြားသိရကြောင်းလည်း ဒေသခံက ပြောသည်။

Public Service Announcement

ဧပြီ ၇ရက်မှစ၍ ပေါက်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သည် ပေါက်မြို့နယ်တောင်ပိုင်း၊ အရှေ့တောင်ပိုင်း ဒေသများရှိ ကျေးရွာများကို မီးရှို့ဖျက်ဆီးမှုများ ဆက်တိုက်လုပ်ဆောင်ခဲ့သည်။ ထို့ပြင် ပခုက္ကူနှင့် ဆိပ်ဖြူမြို့နယ်များရှိ ကျေးရွာများကိုလည်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ရာ နှစ်ပတ်ကျော်ကာလအတွင်း မြို့နယ် သုံးခုမှ ကျေးရွာပေါင်း ၂၀ကျော်ကို မီးရှို့ဖျက်ဆီးခဲ့သည်။

Public Service Announcement

Public Service Announcement

ကျေးရွာအများအပြားမှ ပြည်သူလူထုများလည်း စစ်ကောင်စီရန်ကို ကြောက်၍ ဘေးကင်းရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး အခက်အခဲများစွာ ကြုံနေရသည်။

ပေါက်မြို့နယ် ကျောင်းကုန်းရွာကို ဧပြီ ၂၂ရက် ညပိုင်းတွင် စစ်တပ်က မီးရှို့ဖျက်ဆီးပြီး​နောက် ဧပြီ ၂၃ရက်တွင် ကျွန်းကြီးရွာကို ထပ်မံ မီးရှို့ဖျက်ဆီးနေစဥ်၊ ဓာတ်ပုံ – Thiha Kyawswar/FB

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။