Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီတပ် ပေါက်မြို့နယ်ရှိ ကျေးရွာလူနေအိမ်များသာမက ကွမ်းခြံများကိုပါ မီးရှို့ဖျက်ဆီး

အကြမ်းဖက်စစ်တပ်သည် စစ်ကြောင်းထိုး၍ နယ်မြေရှင်းလင်းရေး ပုံစံမျိုးလုပ်လာခြင်းဖြစ်ပြီး အင်အား၈၀မှ ၁၀၀ကြား ရှိနိုင်ကြောင်း၊ အကြမ်းဖက်စစ်တပ်၏ စစ်ကြောင်းထိုးလာမှုကြောင့် ချောင်းကူးရွာ၊ ကျွန်းတိုင်းရွာ၊ ဂွေးဂုံရွာ၊ စသိန်းရွာ၊ညောင်ရင်းရွာ အစရှိသည့်ကျေးရွာများရှိ ပြည်သူများထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

(ပေါက်မြို့နယ် ကျွန်းကြီးကျေးရွာအား အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-CJ)

▪️ပြည်သူတစ်ဦးကိုလည်း ပစ်သတ်သွားဟုဆို

မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ ကျေးရွာများအား အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးကာ လူနေအိမ်များသာမက ကွမ်းခြံများကိုပါ မီးရှို့ဖျက်ဆီးမှုများပြုလုပ်ပြီး ပြည်သူတစ်ဦးကိုလည်း ပစ်သတ်သွားကြောင်း ​ဒေသခံများက ပြောသည်။

ယမန်နေ့ (ဧပြီ ၂၃ ရက်)က မကွေးတိုင်း ပေါက်မြို့နယ် အရှေ့တောင်ပိုင်း ကျွန်းကြီးကျေးရွာရှိ အပြစ်မဲ့ပြည်သူ နေအိမ်အချို့နှင့် ကွမ်းခြံများကို အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီးများက မီးရှို့ဖျက်ဆီးခဲ့ပြီး ကျေးရွာပြည်သူများ၏ ပစ္စည်းများကိုလည်း အတင်း အဓမ္မသိမ်းဆည်းသွားကြောင်း၊ ရွာနေပြည်သူများလည်း ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဒေသခံများက ပြောသည်။

(ပေါက်မြို့နယ် ကျွန်းကြီးကျေးရွာအား အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-CJ)

ညနေပိုင်းတွင်လည်း ပေါက်မြို့နယ်အရှေ့တောင်ပိုင်း၊ ကျက်အိုးရွာသစ်ကျေးရွာရှိ နေအိမ်အချို့ကိုလည်း မီးရှို့ဖျက်ဆီးမှုများပြုလုပ်သွားကြောင်း၊ ယမန်နေ့ည ၁၀နာရီ​ကျော်တွင် ညောင်ရင်း​ကျေးရွာကိုဖြတ်သွားသော ပြည်သူ တစ်ဦးကိုလည်း ပစ်သတ်သွားကြောင်း၊ ထို့အပြင် ညောင်ရင်းရွာရှိ နာရေးကူညီမှုအသင်း၏ ကားဘီးများကိုလည်း ဖောက်ပြီး မှန်များရိုက်ခွဲသွား​​ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

“အသတ်ခံရ‌သော ပြည်သူမှာမရှောင်တိမ်းမိဘဲ အိမ်မှာရှိနေစဉ်ဝင်ပြီး အပစ်ခံရတာလို့သိရပါတယ်။ပြည်သူတစ်ဦးလည်း‌ ပျောက်နေပြီး ပြည်သူနှစ်ဦးကတော့လူသားဒိုင်းအကာသဘောမျိုး ဇီးပြားစခန်းဆီ ဖမ်းခေါ်သွားပါတယ်။ပြန်လည်လွတ်မြောက်ခြင်းရှိ/မရှိ အတည်မပြုနိုင်သေးပါဘူး။ရွာနားတဝိုက်မှာကင်းပုန်းများချထားတာရှိတယ်။”ဟု ပေါက်သတင်းစာမျက်နှာက ရေးသားထားသည်။

(ပေါက်မြို့နယ် ကျွန်းကြီးကျေးရွာအား အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-CJ)

အကြမ်းဖက်စစ်တပ်သည် စစ်ကြောင်းထိုး၍ နယ်မြေရှင်းလင်းရေး ပုံစံမျိုးလုပ်လာခြင်းဖြစ်ပြီး အင်အား၈၀မှ ၁၀၀ကြား ရှိနိုင်ကြောင်း၊ အကြမ်းဖက်စစ်တပ်၏ စစ်ကြောင်းထိုးလာမှုကြောင့် ချောင်းကူးရွာ၊ ကျွန်းတိုင်းရွာ၊ ဂွေးဂုံရွာ၊ စသိန်းရွာ၊ညောင်ရင်းရွာ အစရှိသည့်ကျေးရွာများရှိ ပြည်သူများထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

(ပေါက်မြို့နယ် ကျွန်းကြီးကျေးရွာအား အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-CJ)

ယမန်နေ့(ဧပြီ ၂၃ ရက်)က ပေါက်မြို့နယ် စသိန်းရွာသို့ အင်အား ၈၀ခန့်ဖြင့် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်အား ပခုက္ကူ တော်လှန် ရေးတပ်ဦး PRF၊ Pakokku Generation Z၊ ပြ​ည်သူ့ကာကွယ်ရေးတပ်မတော် ပေါက်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မြိုင်မြို့နယ်နှင့် ပေါက် မဟာမိတ်တပ်ပေါင်းစုတို့ ပူးပေါင်းတိုက်ခိုက်ရာ ၆ နာရီခန့် အပြန်အလှန် ပစ်ခတ်ခဲ့ကြကြောင်း၊ အကြမ်းဖက်စစ်တပ်ဘက်မှ ငါးဦးသေဆုံးပြီး ဒဏ်ရာရသူအများအပြားရှိသည်ဟု သိရကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုများ အထိအခိုက်မရှိ အောင်မြင်စွာ ခုခံတိုက်ခိုက်နိုင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်-ပေါက်မြို့နယ်က သတင်းထုတ်ပြန်သည်။

(ပေါက်မြို့နယ် ကျွန်းကြီးကျေးရွာအား အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-CJ)

အကြမ်းဖက်စစ်တပ်သည် ဧပြီလဆန်းပိုင်းကလည်း ပေါက်မြို့နယ်ရှိ ကျေးရွာများဖြစ်သော ရေကျော်ရွာ – အိမ်ခြေ ၁၅၀ ခန့် ၊ကျောင်းကုန်းရွာတွင်လည်းလေယာဉ်ဖြင့် ဗုံးကျဲ၊ စက်သေနတ်ဖြင့် ပစ်၍ အိမ်ခြေ ၇၅အိမ်ခန့်၊ လက်ပံလှရွာ၊ လယ်ယာရွာနှင့် အင်းငယ်ဒေါင့်ကျေးရွာများတွင် စုစုပေါင်း အိမ်‌ခြေ ၅၀၀ခန့်၊ ဒိန်းကွင်းရွာအိမ်‌ခြေ ၃၀ခန့်၊ တောင်ချိုရွာ၊တောင်ဘက်ရွာနှင့် နယ်မြေချင်းဆက်နေသော ဆိပ်ဖြူမြို့နယ် ရှားလှ‌ရွာတို့ကိုပါ မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း ပြည်သူ့ကာကွယ် ရေးတပ်မတော်-ပေါက်မြို့နယ်က အသိပေးထား သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။